ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းတွေ နည်းလာတယ်လို့ထင်ရတယ်။ အောက်ဆီဂျင်ရှာတဲ့သူတွေ၊ ဆေးရှာတဲ့ သူတွေ နည်းသွားတယ်။ ဆေးတွေအဆမတန်ဈေးနှုန်းမြင့်တက်လာတာမျိုးတွေလည်း ဈေးပြန်ကျသွား တယ်။ ဒါပေမဲ့ လောဘသားတွေရှိတုန်းပဲ။ ဆေးရုံဆေးခန်းတွေမှာတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့အ သိုင်းအဝိုင်းတွေကနေရာယူထားတုန်းပဲ။ မယုံရင် အခုချိန်ဝိတိုရိယလိုဆေးရုံမျိုးမှာ တက်ခွင့်ရအောင်သာ ကြိုးစားကြည့်။ လုံးဝမလွယ်ဘူး။ စစ်ကောင်စီအသိုင်းအဝိုင်းက ဆေးရုံကိုတောင်သူတို့နဲ့ပတ်သက်သူတွေ ကိုဦးစားပေးတက်ဖို့စီစဉ်ထားကြတယ်။
ဧပြီ ၀၉၊ ၂၀၂၄။ (အင်္ဂါ)
မြဝတီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ-၂၇၅ကို KNUကဒီနေ့မှာ...