အောင်လံလွှင့်ချီနွေဦးထီဆိုပြီး အန်ယူဂျီကရောင်းတဲ့ထီကို ဝယ်ယူအားပေးကြတာ ကျိတ်ကျိတ်တိုး လို့ဆိုရမယ်။ နှစ်ရက်အတွင်း ထီလက်မှတ်ပေါင်း ၁၂၀,၀၀၀ ကျော် အမှာစာလက်ခံရရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတောင်သူတို့လက်ခံမှုကိုပိတ်ထားလိုက်လို့။ မဟုတ်ရင်တောက်လျှောက်အား ပေးကြမှာ။ ပြည်သူ့ဖက်ကတော့ တတ်နိုင်သမျှရုန်းကန်ပြီး စစ်အာဏာရှင်နဲ့အပေါင်းပါလူတစ်စုကို နည်းမျိုးစုံနဲ့ တွန်းလှန်နေကြတာပဲ။ သူတို့ကလည်း လက်နက်အားကိုးနဲ့ ပြည်သူကိုနှိပ်ကွပ် နေကြ တုန်း ပဲ။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...