တန့်ဆည်မှာ ရွာတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်ခွေးယာဉ်တန်းကို အပြန်မှာမိုင်းထိခံရတယ်။ ရွာတစ်ချို့မှာ စစ်တပ်ကဝင်ပြီး လူတွေကိုနှိပ်စက်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်တယ်။ ပေါ်ပေါ် တင် တင်ပဲ။ ဒီကောင်တွေ ယုတ်မာချက်က ကမ်းကုန်နေပြီ။ ရွာအလိုက်ပြောင်း ရရွှေ့ရပြီး အိုးမဲအိမ်မဲ့ တွေများ...
Read moreDetailsစစ်ခွေးတွေရဲ့ဗဟိုဘဏ်ကနေပြီး ဘဏ်တွေမှာငွေထုတ်ယူတဲ့စနစ်ကို ထပ်မံတင်းကြပ်ဖို့သတင်းထုတ်ပြန်တယ်လို့သတင်းကြားရပြန်တယ်။ ရန်ကုန်ရဲ့နေရာတော်တော်များများမှာ စစ်ခွေးတွေလှည့်ပတ်သွားလာနေတယ်။ ကမ္ဘာပေါ်မှာ မလုံ ခြုံဆုံးမြို့ဟာ ရန်ကုန်မြို့ဖြစ်လာကြောင်းသတင်းတွေကဖော်ပြကြတယ်။ ကျွန်တော်ကိုယ်တိုင်က လည်းအဲဒီလိုခံစားမိတယ်။ မြန်မာနိုင်ငံဟာ စစ်ခွေးတွေအောက်မှာမလုံခြုံဘူး။ နိုင်ငံသားတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားနဲ့ရင်ဆိုင်နေရတယ်။ ဒါဟာ အခုမှမဟုတ်ဘူး။ ကျွန်တော်ငယ်ငယ် တုန်းက...
Read moreDetailsစစ်ခွေးတွေနဲ့ပတ်သက်တဲ့နေရာတွေ ဗုံးခွဲတိုက်ခိုက်ခံရတယ်။ ရန်ကုန်မှာဆိုရင်လည်းနေရာတော်တော် များများမှာ ဗုံးပေါက်တယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်းဗုံးပေါက်လိုက်၊ စစ်ခွေးတွေရဲ့နေရာတွေ တိုက်ခိုက်ခံရလိုက်ဖြစ်နေတယ်။ ပြည်သူလူထုကတော့ ဝမ်းသာနေတာပေါ့။ စစ်ခွေးတွေမျိုးပြုန်းဖို့အ ရေးကိုပဲအားလုံးကမျှော်လင့်နေကြတာ။ တစ်ချို့နေရာတွေကတော့ စစ်ခွေးတွေရဲ့ပျူစောထီးအဖွဲ့က သူတို့ဟာသူတို့လုပ်တာလို့ပြောကြတယ်။ ပြည်သူလူထုကိုအလန့်တကြားဖြစ်အောင်လုပ်တာလို့ဆို တယ်။
Read moreDetailsဧည့်စာရင်းစစ်လို့ ဧည့်စာရင်းမတိုင်ထားတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီကိုခေါ်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့အိမ်မှာလည်း ဧည့်စာရင်းလာစစ်ပါတယ်။ ကျွန်တော်တို့ကတော့ အိမ်ထောင်စု စာရင်းနဲ့နေတာမို့ ပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ခေါ်ဆောင်သွားတဲ့လူတွေအတွက်တော့ စိတ်ပူမိတယ်။ မနက်မိုးလင်းခါနီးတော့ အားလုံးအေးအေးလူလူပဲပြန်ရောက်လာကြတယ်။ ခေါ်ပြီးသတိ ပေးရုံပါပဲတဲ့။ ဒါပေမဲ့ ကိုယ့်အိမ်မှာကိုယ်နေပြီး ဘယ်ကောင့်ကိုဧည့်စာရင်းတိုင်ရမှာလဲ။
Read moreDetailsအခုရက်ပိုင်း ကာကွယ်ဆေးထိုးတဲ့သူတွေများနေတယ်။ စစ်ကောင်စီကထိုးပေးတယ်ပေါ့။ တရုတ်နိုင်ငံ က အလကားပေးတဲ့ဆေးကိုထိုးမယ့်သူတွေရှိတာမဆန်းပါဘူး။ ရောဂါရဲ့ဒဏ်ကို ပြည်သူတွေဟာအလူး အလဲခံကြရပြီးပြီ။ ဒါကြောင့် နောက်ထပ်ရောဂါမဖြစ်ချင်တော့လို့ထိုးကြတာပါ။ မအလနဲ့အပေါင်းပါတစ် ချို့ကို ကျေးဇူးတင်စရာမလိုဘူး။ သူတို့ကာကွယ်ဆေးကလည်း အာမခံချက်ရှိမယ်လို့အများကြီးမျှော်လင့် မထားပါဘူး။ လူကြီးတွေအတွက် အဓိကထိုးကြတာများတယ်။ လူငယ်တွေကတော့...
Read moreDetailsကလေးမြို့တောင်ပိုင်းက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ တင်သားကျေးရွာကို စစ်ခွေးတွေက မီးရှို့ခဲ့ပါ တယ်။ အခြားမြို့အသီးသီးမှာလည်း ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်နေပါတယ်။ ရန်ကုန်မှာဆို ရင်လည်း ညဖက်တွေမှာ အိမ်တွေထဲကိုဝင်စီးပြီး လူတွေကိုဖမ်းခေါ်သွားတယ်။ နေ့လည်ဖက်ဆိုရင် လည်း သူတို့မကျေနပ်တဲ့သူတွေကို...
Read moreDetailsဒီနေ့လူပြောများတာက စစ်ကောင်စီကို ရုရှားက ဒုံးလက်နက်များပေးပို့မယ့်ကိစ္စပါ။ အဲဒီလက်နက် တွေသာရလာခဲ့ရင်စစ်တပ်ကဘယ်လောက်ထိဆက်ပြီး ဇောင်းကြွဦးမလဲမြင်ယောင်သေးတယ်။ အဲဒီ လက်နက်ရဲ့အားနည်းချက်၊ အားသာချက်တွေအကြောင်းကို ဆိုရှယ်မီဒီယာမှာမျှဝေခဲ့ကြတယ်။ ပြီးတော့ ဇော်မဲလုံးတို့လုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကိုလည်း ပြောနေကြသေးတယ်။ ကောင်းကြောင်းတော့မဟုတ်ပါဘူး။ ဇော်မဲလုံးကဘယ်လိုကလိမ်ကကျစ်လိမ်ညာနေမလဲဆိုတာကို ဟာသသဘောနဲ့ပြောကြတာပါ။ ပြည်သူတွေအနေနဲ့ အခုချိန်မှာ စိတ်ပျော်ရွှင်စရာဆိုလို့...
Read moreDetailsကျွန်တော်နေတဲ့ရပ်ကွက်မှာပဲ ညတုန်းက ဧည့်စာရင်းလာစစ်တယ်။ ကျွန်တော်ကတော့ အိပ်ပျော် နေတော့ ထမကြည့်မိဘူး။ အိမ်ကိုလည်းလာမစစ်သွားပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဧည့်စာရင်း တိုင်ဖို့ ပြင်ကြရတယ်။ ဘယ်လောက်များဒေါသထွက်စရာကောင်းလိုက်ပါသလဲ။ ကိုယ့်အိမ်မှာကိုယ်နေ တာပဲ။ ဧည့်စာရင်းမတိုင်ထားရင်ဖမ်းမယ်တဲ့။ သူတို့ဖမ်းချင်ရင်ဘယ်အရာဖြစ်ဖြစ်ဖမ်း ဆီးနှိပ်စက်နေ ကျပဲကို။...
Read moreDetailsအခုရက်ပိုင်း ရန်ကုန်မှာလည်း စစ်ကောင်စီအဖွဲ့တွေသောင်းကျန်းနေတယ်။ စစ်ခွေးတွေဟာ ညဖက် ကင်းလှည့်ပြီးပြည်သူတွေကို မထင်ရင်မထင်သလိုလိုက်လံဖမ်းဆီးနှိပ်စက်နေတယ်။ ဧည့်စာရင်းစစ် တယ်လို့အကြောင်းပြပြီး ပီဒီအက်ဖ်အဖွဲ့ဝင်တွေကိုလိုက်ရှာနေတယ်။ လူငယ်တွေတွေ့ရင် ရိုက်နှက် ကန်ကျောက်သွားတယ်။ တစ်ချို့ကိုဖမ်းခေါ်သွားတယ်။ ဧည့်စာရင်းတဲ့။ ကိုယ့်အိမ်မှာကိုယ်နေပြီး ဧည့်စာရင်းတိုင်ရတာမြန်မာတစ်နိုင်ငံပဲရှိမယ်။ မြန်မာနိုင်ငံမှာတောင်မှာ အဲဒီစစ်ခွေးတွေနဲ့ တွေ့တော့...
Read moreDetailsပီဒီအက်ဖ်တွေရဲ့ခြေလှမ်းက တဖြည်းဖြည်းသွက်လာတယ်လို့ဆိုရမယ်။ ဒါပေမဲ့ သူတို့မှာလည်း လက်နက်အင်အားမရှိသေးတော့ တော်တော်လေးရုန်းကန်နေရတယ်။ စစ်ကောင်စီရဲ့တစ်ချို့စခန်း တွေကို ပီဒီအက်ဖ်အဖွဲ့တွေက အသာစီးတိုက်ခိုက်နိုင်တယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ပီဒီအက်ဖ်အဖွဲ့ဝင်လူငယ်တွေကို လိုက်လံဖမ်းဆီးနေတုန်းပဲ။ ရပ်ကွက်တွေထဲမှာလည်း မထင်ရင် မထင်သလိုသောင်းကျန်းနေတုန်းပဲ။ အာဏာရှင်စနစ်အမြစ်တွယ်နေသရွေ ကျွန်တော်တို့ပြည်သူလူ ထုရဲ့အခြေအနေက...
Read moreDetailsYou can copy without credits to our site. We Need Freedom.