စစ်ခွေးတွေနဲ့ပတ်သက်တဲ့နေရာတွေ ဗုံးခွဲတိုက်ခိုက်ခံရတယ်။ ရန်ကုန်မှာဆိုရင်လည်းနေရာတော်တော် များများမှာ ဗုံးပေါက်တယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်းဗုံးပေါက်လိုက်၊ စစ်ခွေးတွေရဲ့နေရာတွေ တိုက်ခိုက်ခံရလိုက်ဖြစ်နေတယ်။ ပြည်သူလူထုကတော့ ဝမ်းသာနေတာပေါ့။ စစ်ခွေးတွေမျိုးပြုန်းဖို့အ ရေးကိုပဲအားလုံးကမျှော်လင့်နေကြတာ။ တစ်ချို့နေရာတွေကတော့ စစ်ခွေးတွေရဲ့ပျူစောထီးအဖွဲ့က သူတို့ဟာသူတို့လုပ်တာလို့ပြောကြတယ်။ ပြည်သူလူထုကိုအလန့်တကြားဖြစ်အောင်လုပ်တာလို့ဆို တယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...