အခုရက်ပိုင်း ကာကွယ်ဆေးထိုးတဲ့သူတွေများနေတယ်။ စစ်ကောင်စီကထိုးပေးတယ်ပေါ့။ တရုတ်နိုင်ငံ က အလကားပေးတဲ့ဆေးကိုထိုးမယ့်သူတွေရှိတာမဆန်းပါဘူး။ ရောဂါရဲ့ဒဏ်ကို ပြည်သူတွေဟာအလူး အလဲခံကြရပြီးပြီ။ ဒါကြောင့် နောက်ထပ်ရောဂါမဖြစ်ချင်တော့လို့ထိုးကြတာပါ။ မအလနဲ့အပေါင်းပါတစ် ချို့ကို ကျေးဇူးတင်စရာမလိုဘူး။ သူတို့ကာကွယ်ဆေးကလည်း အာမခံချက်ရှိမယ်လို့အများကြီးမျှော်လင့် မထားပါဘူး။ လူကြီးတွေအတွက် အဓိကထိုးကြတာများတယ်။ လူငယ်တွေကတော့ စစ်ခွေးတွေနဲ့မပတ် သက်ချင်လို့သွားမထိုးကြပါဘူး။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...