စစ်ကိုင်းတိုင်းအနောက်ခြမ်းက ဂန့်ဂေါ်မြို့လေးကရွာတစ်ရွာမှာ စစ်သူပုန်တွေပစ်သတ်သွားလို့လူငယ် ၁၇ ဦးခန့်သေဆုံးသွားတယ်။ စစ်သူပုန်တွေဟာရွာကို၀င်စီးပြီး လူငယ်တွေကို PDFလို့ စွပ်စွဲပြီး အစုလိုက်အပြုံလိုက်ပစ်သတ်သွားတာပဲ။ ဒါမျိုးဖြစ်ရပ်တွေဟာနယ်တွေဘက်မှာပုံမှန်လိုဖြစ်နေပြီ။ စစ်တပ် ဟာ ရွာစဉ်လိုက် စစ်ကြောင်းထိုးလူသတ်မီးရှို့တာစတဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်။ NUG အနေနဲ့ဒီဖြစ်ရပ်တွေကို UN ကို တင်ပြသော်လည်းပဲ UN ဟာ ခုချိန်ထိဘာမှ ထိထိရောက်ရောက်မလုပ်ဆောင်နိုင်သေးတာကြောင့် စစ်ကောင်စီစိတ်ကြိုက်ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း NUG ဟာတစ်မျိုးသားလုံးကိုယ်စား ခုခံတော်လှန်စစ်ဆင်နွဲဖို့ကမ္ဘာကို တရား၀င် ကြေငြာလိုက် ရတာပဲ။