အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၆၊ ၂၀၂၁။ (တနင်္လာ)

အာဆီယံကိုယ်စားလှယ်က လေးလကြာအပစ်ရပ်ဖို့ပြောလာတယ်။ အကြောင်းပြချက်က လူသားချင်း စာနာမှုအကူအညီတွေ ပေးမလို့တဲ့။ တကယ်က ထပ်ပြီးအချိန်ဆွဲချင်တာပဲ။ ပြည်တွင်းမှာတော်လှန် တိုက်ခိုက်မှုတွေကြောင့် လုံးပါးပါးနေတဲ့စစ်ကောင်စီတပ်တွေကို အနားရစေချင်တာလဲပါမှာပေါ့။ ပြည်သူတွေကတော့ အာဆီယံကဘာပြောပြောအဖက်လုပ်မနေပါဘူး။ စစ်ကောင်စီနဲ့လက်ဝါးရိုက်ထား တယ်ဆိုတာ အားလုံးကသိထားပြီးသားပဲ။ ကိုယ်လုပ်စရာရှိတာဆက်လုပ်ရုံပဲပေါ့။ ဒီနေ့တော့ မန္တလေးကအထင်ကရတောင်သမန်အင်းပတ်လမ်းမှာ...

Read moreDetails

စက်တင်ဘာ ၅၊ ၂၀၂၁။ (တနင်္ဂနွေ)

ပီဒီအက်ဖ်တွေကို စစ်ခွေးတွေက နေရာအနှံ့လိုက်ရှာနေတယ်။ လာမယ့် ၇ ရက်နေ့ကျရင် တစ်ခုခုထူး ခြားမယ်ဆိုပြီးအသံတွေထွက်နေတယ်။ ထုံးစံအတိုင်း နှစ်ပတ်စာရိက္ခာသိုလှောင်ဖို့လည်းပြောကြပြန် တယ်။ ဒါတွေက ရန်ကုန်မှာ မထူးဆန်းတော့တဲ့ကိစ္စလိုပဲ။ မင်းအောင်လှိုင်ဖက်ကတော့ ရှုံးမဲမဲနေတဲ့အပြု အမူတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဒီလူ ဘာတွေများဆင်ကြံကြံဦးမလဲမသိဘူး။...

Read moreDetails

စက်တင်ဘာ ၄၊ ၂၀၂၁။ (စနေ)

လှိုင်သာယာမှာ အဖမ်းအဆီးတွေများနေတယ်။ လှိုင်သာယာဖက်ကို သွားစရာရှိလို့သွားမယ်လုပ်တာ ခွေးတွေ လမ်းမှာ ကားကိုတားပြီးဟိုစစ်ဒီစစ်လုပ်နေတယ်လို့ လှိုင်သာယာဖက်မှာ ရှိနေတဲ့သူတွေကဖုန်း ဆက်အကြောင်းကြားတယ်။ ဒီကောင်တွေ ဘာများကလိမ်စေ့ဉာဏ်ဆင်ဦးမလဲမသိဘူး။ အဲဒီဖက်မှာ ကင်းပုန်းလှည့်နေတဲ့ စစ်ခွေးတွေလည်းအများကြီးပဲလို့ကြားတယ်။ လက်နက်ရှိမှ လူတွင်ကျယ်လုပ်ရဲ့ တဲ့ ကောင်တွေကို ဘယ်လိုနည်းနဲ့...

Read moreDetails

စက်တင်ဘာ ၃၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ စစ်ကောင်စီကို ပစ်မှတ်ထားတဲ့ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်တယ်။ ဒါပေမဲ့ ခွေးတွေ အသေအပျောက်မများဘူး။ ဒါကတော့ စိတ်မကောင်းစရာပဲ။ နိုင်ငံသူနိုင်ငံ သားတွေဟာ ဒီကောင်တွေ သေချင်းဆိုးဖို့နေ့စဉ်နဲ့အမျှဆုတောင်းနေကြရတယ်။ မဟုတ်ရင် ကိုယ်တွေကို နှိပ်စက်လို့ပြီးမှ မဟုတ်တော့ဘူး။ ရန်ကုန်မှာ...

Read moreDetails

စက်တင်ဘာ ၂၊ ၂၀၂၁။ (ကြာသပတေး)

တန့်ဆည်မှာ ရွာတွေကို လိုက်လံဖျက်ဆီးနေတဲ့ စစ်ခွေးယာဉ်တန်းကို အပြန်မှာမိုင်းထိခံရတယ်။ ရွာတစ်ချို့မှာ စစ်တပ်ကဝင်ပြီး လူတွေကိုနှိပ်စက်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်တယ်။ ပေါ်ပေါ် တင် တင်ပဲ။ ဒီကောင်တွေ ယုတ်မာချက်က ကမ်းကုန်နေပြီ။ ရွာအလိုက်ပြောင်း ရရွှေ့ရပြီး အိုးမဲအိမ်မဲ့ တွေများ...

Read moreDetails

စက်တင်ဘာ ၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

စစ်ခွေးတွေရဲ့ဗဟိုဘဏ်ကနေပြီး ဘဏ်တွေမှာငွေထုတ်ယူတဲ့စနစ်ကို ထပ်မံတင်းကြပ်ဖို့သတင်းထုတ်ပြန်တယ်လို့သတင်းကြားရပြန်တယ်။ ရန်ကုန်ရဲ့နေရာတော်တော်များများမှာ စစ်ခွေးတွေလှည့်ပတ်သွားလာနေတယ်။ ကမ္ဘာပေါ်မှာ မလုံ ခြုံဆုံးမြို့ဟာ ရန်ကုန်မြို့ဖြစ်လာကြောင်းသတင်းတွေကဖော်ပြကြတယ်။ ကျွန်တော်ကိုယ်တိုင်က လည်းအဲဒီလိုခံစားမိတယ်။ မြန်မာနိုင်ငံဟာ စစ်ခွေးတွေအောက်မှာမလုံခြုံဘူး။ နိုင်ငံသားတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားနဲ့ရင်ဆိုင်နေရတယ်။ ဒါဟာ အခုမှမဟုတ်ဘူး။ ကျွန်တော်ငယ်ငယ် တုန်းက...

Read moreDetails

ဩဂုတ် ၃၁၊ ၂၀၂၁။ (အင်္ဂါ)

စစ်ခွေးတွေနဲ့ပတ်သက်တဲ့နေရာတွေ ဗုံးခွဲတိုက်ခိုက်ခံရတယ်။ ရန်ကုန်မှာဆိုရင်လည်းနေရာတော်တော် များများမှာ ဗုံးပေါက်တယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်းဗုံးပေါက်လိုက်၊ စစ်ခွေးတွေရဲ့နေရာတွေ တိုက်ခိုက်ခံရလိုက်ဖြစ်နေတယ်။ ပြည်သူလူထုကတော့ ဝမ်းသာနေတာပေါ့။ စစ်ခွေးတွေမျိုးပြုန်းဖို့အ ရေးကိုပဲအားလုံးကမျှော်လင့်နေကြတာ။ တစ်ချို့နေရာတွေကတော့ စစ်ခွေးတွေရဲ့ပျူစောထီးအဖွဲ့က သူတို့ဟာသူတို့လုပ်တာလို့ပြောကြတယ်။ ပြည်သူလူထုကိုအလန့်တကြားဖြစ်အောင်လုပ်တာလို့ဆို တယ်။

Read moreDetails

ဩဂုတ် ၃၀၊ ၂၀၂၁။ (တနင်္လာ)

ဧည့်စာရင်းစစ်လို့ ဧည့်စာရင်းမတိုင်ထားတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီကိုခေါ်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့အိမ်မှာလည်း ဧည့်စာရင်းလာစစ်ပါတယ်။ ကျွန်တော်တို့ကတော့ အိမ်ထောင်စု စာရင်းနဲ့နေတာမို့ ပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ခေါ်ဆောင်သွားတဲ့လူတွေအတွက်တော့ စိတ်ပူမိတယ်။ မနက်မိုးလင်းခါနီးတော့ အားလုံးအေးအေးလူလူပဲပြန်ရောက်လာကြတယ်။ ခေါ်ပြီးသတိ ပေးရုံပါပဲတဲ့။ ဒါပေမဲ့ ကိုယ့်အိမ်မှာကိုယ်နေပြီး ဘယ်ကောင့်ကိုဧည့်စာရင်းတိုင်ရမှာလဲ။

Read moreDetails

ဩဂုတ် ၂၉၊ ၂၀၂၁။ (တနင်္ဂနွေ)

အခုရက်ပိုင်း ကာကွယ်ဆေးထိုးတဲ့သူတွေများနေတယ်။ စစ်ကောင်စီကထိုးပေးတယ်ပေါ့။ တရုတ်နိုင်ငံ က အလကားပေးတဲ့‌ဆေးကိုထိုးမယ့်သူတွေရှိတာမဆန်းပါဘူး။ ရောဂါရဲ့ဒဏ်ကို ပြည်သူတွေဟာအလူး အလဲခံကြရပြီးပြီ။ ဒါကြောင့် နောက်ထပ်ရောဂါမဖြစ်ချင်တော့လို့ထိုးကြတာပါ။ မအလနဲ့အပေါင်းပါတစ် ချို့ကို ကျေးဇူးတင်စရာမလိုဘူး။ သူတို့ကာကွယ်ဆေးကလည်း အာမခံချက်ရှိမယ်လို့အများကြီးမျှော်လင့် မထားပါဘူး။ လူကြီးတွေအတွက် အဓိကထိုးကြတာများတယ်။ လူငယ်တွေကတော့...

Read moreDetails

ဩဂုတ် ၂၈၊ ၂၀၂၁။ (စနေ)

ကလေးမြို့တောင်ပိုင်းက အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ တင်သားကျေးရွာကို စစ်ခွေးတွေက မီးရှို့ခဲ့ပါ တယ်။ အခြားမြို့အသီးသီးမှာလည်း ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်နေပါတယ်။ ရန်ကုန်မှာဆို ရင်လည်း ညဖက်တွေမှာ အိမ်တွေထဲကိုဝင်စီးပြီး လူတွေကိုဖမ်းခေါ်သွားတယ်။ နေ့လည်ဖက်ဆိုရင် လည်း သူတို့မကျေနပ်တဲ့သူတွေကို...

Read moreDetails
Page 156 of 178 1 155 156 157 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist