အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၁၂၊ ၂၀၂၄။ (ကြာသပတေး)

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရဲ့ဒေသအများအပြားမှာရေကြီးမှုအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်။ရေဘေးသင့်​ဒေသတွေဟာ ရှမ်းပြည်အရှေ့ပိုင်း၊ရှမ်းပြည်တောင်ပိုင်းကနေမန္တလေးတိုင်း၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအထိပါ ကျယ်ပြန့်လာပြီ။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဆို တာချီလိ​တ်မြို့၊ကရင်ပြည်နယ်မှာ ဘားအံနဲ့ မြဝတီမြို့၊မြဝတီမြို့ဆို မိုးဦးကာလကရေကြီးခဲ့သေးတာကြောင့် ၃လအတွင်းမှာဒါဒုတိယအကြိမ်မြောက်ဖြစ်တယ်။ပဲခူးတိုင်းမှာဆို တောင်ငူမြို့နဲ့စစ်တောင်းမြစ်ဘေးက မြို့တွေရေဘေးကြုံနေရတယ်။အဆိုးရွားဆုံးကတော့ မန္တလေးတိုင်းအလယ်ပိုင်းက နေပြည်တော်အပါအဝင်မြို့တွေပါ။မိုးသည်းထန်စွာရွာသွန်းလို့ ဆည်ရေတွေဖောက်ချတာကြောင့် တခါမှရေမကြီးဘူးတဲ့ဝမ်းတွင်း၊ရမည်းသင်း၊တောင်သာမြို့တွေမှာ ရေဘေးအကြီးအကျယ်ကြုံနေရတယ်။ဆည်ရေတွေဖောက်ချတာကိုလဲ စစ်ကောင်စီက ကြိုတင်သတိမပေးခဲ့ဘူး။ရမည်းသင်းမြို့နယ်မှာဆို ရွာလုံး​ကျွတ်ရေထဲမြောပါသွားပြီး...

Read moreDetails

စက်တင်ဘာ ၁၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဆိုးရွားစွာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပျဥ်းမနားနှင့် တပ်ကုန်းမြို့နယ်တို့တွင် ရေတက်နေပြီး ကျေးရွာအများအပြားရေမြုပ်ကာ ပြည်သူများပိတ်မိနေကြတယ်။ ရေစီးသန်နေတာကြောင့် စက်လှေတွေနဲ့ ကူးမရလို့ခ သစ်ပင်ပေါ်တွေ၊ ခေါင်မိုးပေါ်က လူတွေကိုထမင်းထုပ် လိုက်ဝေနေရတယ်။ ဖေ့ဘုတ်ပေါ်မှာလဲ ရေဘေးဒုက္ခတွေ့နေသူတွေရဲ့...

Read moreDetails

စက်တင်ဘာ ၁၀၊ ၂၀၂၄။ (အင်္ဂါ)

စစ်ကောင်စီဟာ နိုင်ငံရဲ့နေရာဒေသ အများအပြားမှာ အတင်းအကြပ် ပေါ်တာဆွဲ လူသစ်စုဆောင်းမှုတွေ လုပ်နေတာဟာ အင်မတန် ကြောက်ဖို့ကောင်းလာပါပြီ။ အခုလက်ရှိမှာ တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းထားတဲ့ မြို့ပေါင်း ၈၀ ခန့် ရှိလာပါပြီ။ နှစ်ဖက်တပ်တွေ အကြိတ်အနယ်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့မြို့က ဆယ်နဲ့ချီရှိနေတယ်။...

Read moreDetails

စက်တင်ဘာ ၀၉၊ ၂၀၂၄။ (တနင်္လာ)

စစ်ကောင်စီဟာ ပြည်တွင်းမှာသာမက ပြည်ပကလူတွေကိုပါ ပေါ်တာဆွဲနေပါပြီ။ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ထိုင်းဘက်ကစစ်ကောင်စီလက်ထဲ ဒီရက်ပိုင်းပြန်လွဲပေးနေတယ်။ထိုအလုပ်သမားတွေကို စစ်ကောင်စီကနေရပ်ပြန်မပို့ပဲ စစ်တပ်ထဲကိုစစ်မှုထမ်း​ဖို့ ​ခေါ်သွားပါတော့တယ်။ထိုင်းဘက်ကပြန်ပို့တဲ့အရေအတွက်ဟာ ထောင်ဂဏန်းကိုအတော်လေးကျော်ပါတယ်။ထိုလူတွေအားလုံး စစ်တပ်ထဲရောက်ကုန်ကြတယ်။ တနေ့ကဆို ထိုကဲ့သို့စစ်တပ်ကဖမ်းဆီးသွားခြင်းခံရတဲ့လူငယ်လေးတွေဟာ အစောင့်စစ်သားနှစ်ဦးကိုသတ်ဖြတ်ပြီး တော်လှန်ရေးနယ်မြေထဲခိုလှုံလာကြတယ်လို့သိရတယ်။ဒီတိုင်းဆိုရင် စစ်တပ်ရဲ့ပေါ်တာဆွဲမှုတွေဟာ အတော်ကိုဆိုးဆိုးရွားရွားဖြစ်လာပါပြီ။

Read moreDetails

စက်တင်ဘာ ၀၈၊ ၂၀၂၄။ (တနင်္ဂနွေ)

စစ်ကောင်စီဟာ TNLA MNDAA AAတို့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများကို သူတို့ တိုက်ချင်သည့်ပုံစံဖြင့် အရပ်သားပစ်မှတ်များကို ခွဲခြားမှုမပြုဘဲ ပိုမို တိုက်ခိုက်လာနေပါတယ်။ လက်လွှတ်ထားရသည့်နယ်မြေများအား ပြန်လည်ထိုးစစ်ဆင်ရာတွင် သတင်းရရှိမှုအခြေအနေ အရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်...

Read moreDetails

စက်တင်ဘာ ၀၇၊ ၂၀၂၄။ (စနေ)

တရုတ်ကTLNAကို စာပစ်ခြိမ်းခြောက်ပြီးနောက် နိုင်ငံတဝန်းစစ်ရေးအရှိန်တွေ သိသိသာသာလျော့ကျသွားတာတွေ့ရတယ်။ထိုစာနဲ့ပတ်သက်ပြီး TLNAဘက်ကတရားဝင်တုန့်ပြန်မှု အခုအချိန်အထိမလုပ်သေးပါဘူး။ဒါပေမယ့် တောင်ခမ်းနယ်ဘက်မှာတော့ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲပဲ။MNDAAကတော့ လောလောဆယ်မှာထိုးစစ်တွေ ရပ်တန့်ထားပြီးသူတို့သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်နေတယ်။ စစ်ကောင်စီတပ်တွေအပေါ် ထိုးစစ်ကြီးတွေလျော့ကျသွားပေမယ့် ​ဒေသအလိုက်တိုက်ပွဲတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ကချင်နဲ့စစ်ကိုင်းအစပ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလိုစစ်ကိုင်းတိုင်းထဲမှာလဲပျူစောထီးရွာတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဆက်တိုက်ဆိုသလိုစီးနင်းတိုက်ခိုက်နေတယ်။၁၀၂၇လိုစစ်ဆင်ရေးကြီးတွေကတော့...

Read moreDetails

စက်တင်ဘာ ၀၆၊ ၂၀၂၄။ (သောကြာ)

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပါတယ်။ ယမန်နေ့တစ်ညတည်း မြို့နယ်လေးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့တယ်။ စစ်ကောင်စီဟာ မနေ့ညပိုင်းမဗာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်ရှိသော ဘန်​ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို...

Read moreDetails

စက်တင်ဘာ ၀၅၊ ၂၀၂၄။ (ကြာသပတေး)

အကြမ်းဖက်စစ်တပ်ဟာနေရာတိုင်းမှာ ရှုံးနိမ့်နေပေမယ့်သူတို့ပြန်လည်အသာရလာတဲ့ ဒေသတစ်ခုတော့ရှိပါတယ်။ထိုဒေသကတော့ကရင်နီပြည်နယ်ပါ။ ကရင်နီပြည်နယ်တော်လှန်ရေးတပ်တွေဟာ ၁၀၂၇စစ်ဆင်ရေးပထမလှိုင်းကိုလိုက်စီးပြီး မြို့တော်လွိုင်ကော်ရဲ့နေရာအတော်များများအထိ သိမ်းပိုက်ထားနိုင်ခဲ့တယ်။ဒါပေမယ့်ဒီနှစ်ဇွန်လဆန်းကစပြီး စစ်ကောင်စီကအင်အား၂၀၀၀ခန့်နဲ့ ဒရုန်းတွေပါသုံးပြီးစနစ်တကျပြန်လည်ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လလောက်မှာ တော်လှန်ရေးအဖွဲ့တွေလွိုင်ကော်မြို့က ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်။အခုဆိုရင်စစ်ကောင်စီကထိုမြို့ကို အပြည့်အဝပြည်လည်ထိန်းချုပ်နိုင်လိုက်ပါပြီ။ ဒါ့အပြင်ဒီကြားထဲကာလမှာ ကရင်နီတော်လှန်ရေးအဖွဲ့တွေဆီ ရှမ်း​မြောက်ကနေပို့မယ့်လက်နက်ခဲယမ်းအများအပြားကို ရှမ်းတောင်မှာစစ်ကောင်စီက သိမ်းဆည်းရမိလိုက်တယ်။ဒါ့ကြောင့်​တော်လှန်ရေးအဖွဲ့တွေအတွက် ပိုမိုခက်ခဲသွားတယ်။အခုထိလဲလက်နက်ခဲယမ်း သယ်ဆောင်မယ့်လမ်းကြောင်းတွေကို...

Read moreDetails

စက်တင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို တော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ထိုပစ်ခတ်မှုကြောင့် စစ်တပ်အရာရှိတွေအပါအဝင် ၁၈ဦးခန့်ထိခိုက်ခဲ့တယ်လို့သိရတယ်။မန္တလေးနန်းတွင်းကစစ်ဌာနချုပ် တိုက်ခိုက်ခံရတာဒါနဲ့ဆိုနှစ်ကြိမ်ရှိပါပြီ။အပစ်ခံရချိန်မှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းလဲနန်းတွင်းမှာရှိနေခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ်။စိုးဝင်းဟာအကြမ်းဖက်စစ်တပ်က ပြန်လည်ဖော်ဆောင်မယ့်နိုင်ငံတော်အဆင့်ဆိုတဲ့ ထိုးစစ်ကြီးအတွက်မန္တလေးမှကိုင်တွယ်ညွန်ကြားနေတယ်လို့သိရတယ်။ထိုထိုးစစ်နဲ့လားရှိုးကို ပြန်လည်သိမ်းပိုက်မယ်လို့လဲ စစ်ကောင်စီကကြုံးဝါးထားသေးတယ်။လက်တွေ့မှာတော့ နေရာတိုင်းမှာအရှုံးကြီးရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်အတွက် လားရှိုးကိုပြန်သိမ်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။

Read moreDetails

စက်တင်ဘာ ၀၃၊ ၂၀၂၄။ (အင်္ဂါ)

သွင်းကုန်တွေကို ပို့​ကုန်ရငွေရှိမှတင်သွင်းခွင့်ပြုမယ့် အစီအစဥ်မှာ အဓိကအရေးကြီးတဲ့ဆေးဝါးတွေလဲ ပါဝင်မှာဖြစ်ပြီး ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် ပြန်လျှောက်ရမယ်တဲ့။ ဆေးဝါးဆိုတာ ပြည်သူတွေအတွက် မရှိမဖြစ်အရာ တစ်ခုပဲလေ။...

Read moreDetails
Page 36 of 173 1 35 36 37 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist