မန္တလေးမြို့ကပြိုကျသွားတဲ့ တိုက်တာအဆောက်အအုံတွေမှာ Sky Villa ကွန်ဒိုက အခြေအနေအဆိုးဆုံးဖြစ်နေတယ်။ထိုကွန်ဒိုဟာ၁၂ထပ်ရှိပြီး ငလျင်ကြီးကြောင့်အောက်ဆုံးသုံးထပ်ပြိုကျသွားပြီး ကျန်တဲ့အထပ်တွေဟာလဲ နောက်ဆက်တွဲငလျင်တွေကြောင့်ဆက်လက်ပြိုကျသွားလို့ သေဆုံးသူနဲ့ပိတ်မိနေသူတွေအများအပြားရှိနေတယ်။ဒါပေမယ့်ဒီနေ့မှသာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်နိုင်တာကြောင့်အသက်ရှင်ကျန်ရစ်သူတွေ တွေ့ဖို့သိပ်မသေချာတော့ပါဘူး။ အခုငလျင်မှာဗုဒ္ဓဘာသာဝင်သံဃာတော်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေလဲ အများအပြားသေဆုံးခဲ့ပါတယ်။သာသနာနယ်မြေ စစ်ကိုင်းတောင်ကဘုန်းကြီးကျောင်းတွေက ဘုန်းကြီးတွေနဲ့သီလရှင် အများအပြားသေဆုံးခဲ့သလို မန္တလေးမှာလဲထိုနေ့ကစာဖြေပွဲတွေရှိနေလို့...
Read moreDetailsမန္တလေးမြို့မှာငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်ဆက်လှုပ်နေတာကြောင့် မြို့ခံအများစုဟာသူတို့အိမ်တွေပေါ်မအိပ်ရဲပဲ လမ်းမပေါ်ထွက်အိပ်နေကြရတယ်။ကျုံးဘေးပတ်ပတ်လည်မှာ၊ဘောလုံးကွင်းတွေမှာ၊မြေကွက်လပ်ရှိတဲ့နေရာတွေမှာ ဖြစ်သလိုနေကြရတယ်။ရန်ကုန်ကပြည်သူတွေလဲ ငလျင်ဒဏ်မခံစားရပေမယ့် လျပ်စစ်မီးပြတ်တောက်မှုတွေကြောင့် အကြီးအကျယ်ဒုက္ခရောက်နေတယ်။နိုင်ငံတော်ဓာတ်အားပေးစနစ်က ဓာတ်အားလိုင်းတွေဓတ်အားရုံတွေပျက်စီးသွားတာကြောင့် တနိုင်ငံလုံးနီးပါးလျပ်စစ်မီးပျက်တောက်နေတယ်။ ငလျင်လှုပ်ပြီးသုံးရက်ကြာလာတဲ့အထိ စစ်ကောင်စီကကူညီကယ်ဆယ်ရေးတွေ ဘာမှမလုပ်ပေးပါဘူး။ပြည်သူတွေဟာကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရတယ်။တရုတ်၊စင်ကာပူ၊အိန္ဒိယ၊ရုရှားစတဲ့နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကတော့ စတင်ဝင်ရောက်လာနေပါပြီ။ဒါပေမယ့် နေပြည်တော်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခု ငလျင်ဒဏ်ကြောင့်ပိတ်ထားရတာကြောင့် ရန်ကုန်ကနေတဆင့်ခရီးဆက်နေရတယ်။သုံးရက်ခန့်ကြာနေပြီမို့အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို...
Read moreDetailsမနေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြီးဟာ နာမည်ကျော်စစ်ကိုင်းပြတ်ရွှေ့ကြော လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတာပါ။ထိုပြတ်ရွှေ့ကြောမှာ ငလျင်ကြီးကြီးမားမားမလှုပ်တာ နှစ်ပေါင်းတစ်ရာနီးပါးရှိနေပြီဖြစ်ပြီး အခုမှ ပြန်လှုပ်ရှားလာတာဖြစ်တယ်။ထိုငလျင်ကြောင့် မန္တလေးမြို့တင်မကပြတ်ရွေ့ကြောတစ်လျောက်က မြို့တွေမှာထိခိုက်သေကြေပျက်စီးဆုံးရှုံးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။ ငလျင်ဗဟိုချက်စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကတော့ အကြီးမားဆုံးထိခိုက်ပျက်စီးသွားပါပြီ။မန္တလေးမြို့ကအချက်အခြာကျတဲ့ နေရာအများအပြားမှာ တိုက်တာအိုးအိမ်တွေပြိုကျပျက်စီးသွားပြီ။စစ်ကိုင်းမြို့မှာလဲထိခိုက်ပျက်စီးမှုများပြားပေမယ့် စစ်ကိုင်းမြို့ကအခြေအနေအတွေကို လမ်းပန်းဆက်သွယ်ရေးနဲ့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် သေချာမသိရသေးပါဘူး။စစ်ကိုင်းနဲ့မန္တလေးကူးတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းကျိုးကျသွားပြီး နောက်တစ်စင်းကိုလဲကြံခိုင်မှုအခြေအနေအရ...
Read moreDetailsဒီနေ့မှာတော့မြန်မာနိုင်ငံအတွက် သမိုင်းဝင်မယ့်ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပျက်သွားပါတယ်။ ဒီနေ့ရုံးဖွင့်ရက်မို့ရုံးမှာ နေ့လည်စာစားနေတုန်းငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်။အရင်ကလဲ ငလျင်လှုပ်တာကိုကြုံတွေ့ဖူးပေမယ့် ဒီတစ်ခေါက်က သုံးမိနစ်ကနေငါးမိနစ်အထိကြာတယ်။ရုံးထဲကလူတွေလဲအပြင်ကို ပြေးထွက်ကြတာပေါ့။စိတ်ထဲမှာ တစ်ခုခုဖြစ်တော့မယ်လို့တော့ထင်မိတယ်။ခဏအကြာမှာတော့ ဆိုရှယ်မီဒီယာတွေမှာ သတင်းတွေစတက်လာပါတယ်။ ပထမဆုံးတွေ့တဲ့သတင်းကတော့ နှစ်တရာနီးပါးသက်တမ်းရှိတဲ့ဧရာဝတီမြစ်ကူးအင်းဝတံတားကြီး အပိုင်းပိုင်းပြတ်ကာကျိုးကျသွားတဲ့ ပုံတွေတက်လာတယ်။ပီးတော့မန္တလေးမဟာမြတ်မုနိဘုရားကြီးရဲ့ ပြိုပျက်နေတဲ့စောင်းတန်းတွေရဲ့ပုံတွေတက်လာတယ်။ဆက်တိုက်ဆိုသလိုပဲ မန္တလေးမြို့တစ်မြို့ကအပျက်အစီးသတင်းတွေ တွေ့လာရတယ်။အင်အား၇.၇ရှိ...
Read moreDetailsစစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့မှ ကျောင်းသားကျောင်းသူများအားလုံး ဇွန်လ ၁၆ ရက်နေ့မှစတင်ပြီး စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာလိုက်တယ်။ ထိုသတင်းဟာ ထွက်နေတာကြာပြီဖြစ်ပြီး အခုမှစစ်ကောင်စီက အတည်ပြုလိုက်တာပါ။ ငလျင်ကြီးလှုပ်ခတ်စဉ်မှာ မန္တလေးတက္ကသိုလ်...
Read moreDetailsဧရာဝတီတိုင်းထဲမှာ စစ်ပွဲဧရိယာဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့သာပေါင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူမြို့နယ်တွေထိတပြိုင်နက်ထဲ တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။တိုက်ပွဲတွေဟာ မထင်မှတ်တဲ့နေရာတွေအထိ ရောက်လာတဲ့အတွက်ဒေသခံတွေ ချက်ချင်းစစ်ဘေးရှောင်နေရတယ်။ဧရာဝတီတိုင်းထဲမှာ အေအေရဲ့ဦးတည်ချက်ဟာ ဘယ်နေရာမှန်းမသိသေးတဲ့အတွက် စစ်ကောင်စီဘက်မှာလဲ အရူးမီးဝိုင်းနေတယ်။ပဲခူးတိုင်းအနောက်ခြမ်း ကပစ စက်ရုံတွေနားကိုလဲ အေအေရဲ့ထိုးစစ်တွေရောက်ရှိနေပါတယ်။စစ်ကောင်စီဘက်ကစစ်ကူတွေ လွတ်နေပေမယ့်အကျအဆုံးများနေတာကြောင့်နောက်ဆုံးစစ်ကူမလွတ်တော့ပဲ ထိုစက်ရုံတွေနားမှာပဲခံစစ်ပြင်နေတယ်။အေအေရဲ့ထိုးစစ်တွေကတော့ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းဘက်မှာ...
Read moreDetailsမနေ့ကမဲနှိုက်ဖို့ဆော်သြပြီးနောက် ဒီနေ့မဟာအောင်မြေမြို့နယ်ရပ်ကွက်ရုံးတွေမှာ လူတွေစုရုံးနေကြတယ်။ဒါပေမယ့်တပ်သားသစ်စုဆောင်းခံရမယ့် လူငယ်တွေကိုသိပ်မတွေ့ရပဲ အသက်ကြီးကြီးအမျိုးသမီးကြီးတွေသာလာရောက် မဲနှိုက်ကြတယ်။မလာလို့လဲ အဆင်မပြေပါဘူး။ပျက်ကွက်ရင်မျက်ကွယ်မဲနှိုက်ပြီး အိမ်လာခေါ်မယ်၊အိမ်မှာမတွေ့ရင် အိမ်ကိုချိတ်ပိတ်တဲ့အထိ အရေးယူမယ်ဆိုတော့လာကြရတာပါပဲ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း မန္တလေးမြို့သစ်ပိုင်းက ရပ်ကွက်တချို့မှာ စစ်အုပ်စုက အထက်ပါအတိုင်း ရပ်ကွက်လုံးကျွတ် မဲနှိုက်ခိုင်းတာတွေ ရှိခဲ့ပြီး ရပ်ကွက်သူ၊...
Read moreDetailsမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တမြို့နယ်လုံးက လူငယ်လူရွယ်တွေကို မဲနှိုက်ရွေးချယ်ကာ အပါတ်စဉ် ၁၂ အတွက် စစ်သားသစ် စုဆောင်းမှာဖို့ဓမ္မာရုံနဲ့ သတ်မှတ် နေရာတွေမှာ မပျက်မကွက် မဲလာနှိုက်ကြဖို့ စစ်အုပ်စုက မြို့နှံ့ လော်စပီကာနဲ့ လိုက်အော်နေပါတယ်။ စစ်သားသစ် စုဆောင်းခံရမယ့်...
Read moreDetailsမကွေးတိုင်း၊ရေလယ်ကျွန်းဒေသ ကျေးရွာတွေကိုစစ်သူပုန်တွေ ဆက်လက်မီးရှို့ဖျက်စီးနေဆဲပါပဲ။ပြီးခဲ့တဲ့ရက်တွေက ထိုဒေသကပြည်သူ၅၀ခန့်ကိုလဲ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိပြန်မလွတ်ပေးသေးပါဘူး။ကျေးရွာ၁၁ရွာက အိမ်ခြေတစ်ထောင်ခန့်မီးရှို့ခံထားရလို့ ဒေသခံတွေအတော်ဒုက္ခရောက်နေပြီး အကူအညီတွေလိုအပ်နေတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းကစပြီး ရေစကြိုနယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စု တွေဟာ နှစ်စဉ်လိုလို အကြိမ်ကြိမ်...
Read moreDetailsTLNAကသူတို့ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းနေသလိုပဲAAကလဲရခိုင်ပြည်နယ်မှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းဖို့စီစဥ်နေတယ်။အမျိုးသားဆိုရင် အသက်၁၈နှစ်မှ၄၅နှစ်အတွင်း၊အမျိုးသမီးဆိုရင်အသက်၁၈နှစ်မှ၃၅နှစ်အတွင်းလို့သိရတယ်။အခုလောလောဆယ်ကျောက်တော်မြို့နဲ့မြောက်ဦးမြို့တွေမှာ စတင်စီစဥ်နေတယ်။အလားတူပဲKIAကလဲ ကချင်ပြည်နယ်ထဲမှာတပ်သားသစ်တွေ စုဆောင်းနေတယ်လို့သတင်းတွေတက်နေတယ်။ စစ်ကောင်စီက ပြည်မမှာအတင်းအဓ္ဓမပေါ်တာဆွဲနေချိန်မှာ တိုင်းရင်းသားနယ်မြေတွေမှာလဲစစ်တိုက်ဖို့ လူစုနေတာသိပ်တော့မဆန်းပါဘူး။စစ်ပွဲကြီးတွေဖြစ်လာရင် နှစ်ဖက်လုံးမှာသေကြေပျက်ဆီးကြတာပဲလေ။လျော့ပါးသွားတဲ့ စစ်အင်အားတွေကိုပြန်ဖြည့်ဖို့ ကြိုးစားနေကြတယ်။ကြားထဲကတိုင်းပြည်ကလူငယ်တွေပဲ မြေဇာပင်ဖြစ်ကြရတယ်။စစ်ပွဲဆိုတာမဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ဒါပေမယ့်ဒီစစ်အာဏာရှင်ဖက်ဆစ်လက်အောက်က လွတ်မြောက်ဖို့တော့ဒီစစ်ပွဲကို နိုင်အောင်တိုက်ကြရမှာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.