ရှမ်းပြည်နယ်၊နောင်ချိုမြို့က မင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီကဗုံးကြဲလို့ ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားတယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်မှာလဲ ရှင်ပြုအလှူကိုစက်တပ်လေထီးနဲ့ဗုံးကြဲချလို့ ရှင်ပြုမယ့်ကလေးအပါဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
အခုနောက်ပိုင်းစစ်သူပုန်တွေဟာ အရပ်သားပစ်မှတ်ဆိုရင် လူများများသေအောင်လူစုလူဝေးရှိတဲ့နေရာတွေကို ရွေးပြီးဗုံးကြဲသတ်ဖြတ်နေပါတယ်။ဘာတိုက်ပွဲမှာမရှိလဲမြို့ထဲရွာထဲမှာနေထိုင်နေတဲ့ အရပ်သားတွေကို လူစိတ်မရှိရက်စက်စွာဗုံးကြဲနေတာပါ။စစ်သူပုန်တွေရဲ့ဗုံးကြဲမှုကြောင့် သေဆုံးနေရတဲ့အပစ်မဲ့အရပ်သားတွေ တနိုင်ငံလုံးမှာနေ့စဥ်လိုလိုရှိနေပါတယ်။