ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လူသားချင်းစာနာမှုစင်္ကြန်တစ်ခုတည်ဆောက်ပြီး အမေရိကန်အကူအညီနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို အကူအညီပေးနိုင်ရေး အဆိုပြုချက်ဟာ ဘင်္လားဒေ့ရှ် စစ်တပ်အကြီးအကဲရဲ့ အပြင်းအထန်ကန့်ကွက်မှုကြောင့် စိတ်ကူးအဆင့်မှာတင် ပျက်ပျယ်သွားပါတယ်။
ဒါဟာ AA တစ်ဖွဲ့တည်းတည်ဆောက်နေတဲ့ ဒီပလိုမေစီ မအောင်မြင်တာကိုပြပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားလုံးတစ်စုတစ်စည်းတည်းနဲ့ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေးဖော်ဆောင်မှ နိုင်ငံတကာရဲ့ယုံကြည်၊ ခန့်ညားမှုကိုရမယ်၊ အောင်မြင်မယ်၊ ပြည်တွင်းစစ်ရေးမျက်နှာစာမှာလည်းအောင်မြင်မယ်။ ဟိုတစ်ကွဲ ဒီတစ်ဖွဲ့အခြေအနေနဲ့ ဘယ်နိုင်ငံကမှ လေးစားခန့်ညားမှာမဟုတ်ပါဘူး။ ဒီအချိိန်က စုစည်းညီညွတ်ရမည့်အချိန်ပါ။ အားလုံးစုစည်းမှသာအောင်မြင်မှာပါ။
အကြမ်းဖက်စစ်ကောင်စီကိုဖယ်ရှားပြီးမှသာ ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်၊ လွတ်လပ်တဲ့နိုင်ငံ ဘာပဲဖြစ်ဖြစ်လုပ်ကြပါ။ ဆွေးနွေးညှိနှိုင်းကြပါ။ အချင်းချင်းညှိနှိုင်းမရလို့ ထချကြတယ်ဆိုရင်တောင် စစ်ကောင်စီလက်အောက်ကအခြေအနေထက်အများကြီးသာပါတယ်။