စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး မိသားစုပါဆုံး၊နေစရာပါဆုံးရှုံးသွားတဲ့သူတွေအတွက် ထိရောက်တဲ့ ဘာအကူအညီမှမရသေးပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေဆိုလဲ အိမ်ပြန်ဆောက်ဖို့ထပ်ပြိုသွားတဲ့အိမ်ကို ရှင်းလင်းဖို့စားရိတ်အတွက် ရင်လေးနေရတယ်။ဒီလိုအခက်အခဲတွေကြားထဲမှာမှ နောက်ဆက်တွဲငလျင်ငယ်လေးတွေကလဲ အခုချိန်ထိဆက်လှုပ်နေသေးတယ်။ဒါ့အပြင် နွေခေါင်ခေါင်ကြီးမှာအချိန်အခါမဟုတ် မိုးကလဲသည်းထန်စွာရွာသွန်းနေလို့ မပြိုသေးတဲ့အဆောက်အဦးတချို့ ထပ်မံပြိုကျသေးတယ်။မကြာမှီမိုးရာသီးကျရောက်လာတော့မှာမို့ နေစရာမရှိတဲ့ပြည်သူတွေအတွက် ရင်လေးစရာပါပဲ။