ငလျင်ဒဏ်ခံ မန္တလေး၌ နေအိမ်တိုက်တာ ပြိုပျက်မှုများကြောင့် အိမ်ခြံမြေ တိုက်ခန်း ငှားရမ်းနေထိုင်သူများပြားလို့ အငှားဈေးမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း မြင့်လာနေတယ်။ အထပ်မြင့်မှာ မနေရဲသူများ၊ အိမ်ပျက်စီးသွားသူများ စသည်ဖြင့် ငှားရမ်းသူ များပြား နေပြီး အရင်က တလလျှင် ကျပ် ၁၅သိန်းပေးရသည့် အိမ်မှာ ယခုအခါ သိန်း၂၀ အထိ ပေးရတယ်။ သိန်း ၂၀ တန်တဲ့အိမ်ဆိုရင်လဲ သိန်း ၃၀လည်း ချက်ချင်းဖြစ်သွားတယ်။ မိုးကလည်း လာတော့မှာဖြစ်တော့ တဲထိုးနေလို့လည်းမရဘူးလေ။ လက်လုပ်လက်စားအများစု နေထိုင်ရာ ကျွဲဆည်ကန်ဘက်ရှိ ထရံကာ လိုင်းခန်းများမှာ ယခင် ၇သောင်းကျပ်မှ ယခုအခါ ၁ သိန်းခွဲမှ ၂ သိန်းခန့်ထိ ဈေးတက်လာလို့ သာမန် လူလတ်တန်းစားနှင့် စစ်ဘေးရှောင်များ အကျပ်တွေ့နေတယ်။
နောက်ဆက်တွဲငလျင်တွေကလဲ အခုချိန်ထိ လှုပ်ခတ်နေသလို လူနေအိမ်၊ အဆောက်အဦး ပြိုကျမှုများလည်း ဖြစ်ပေါ်နေပြီး ပြိုပျက်ခဲ့ ရသည့် အိမ်အများစုမှာ ငွေကြေးမတတ်နိုင်၍ ဖြိုဖျက်ရှင်းလင်းခြင်းများ မလုပ်ဆောင်နိုင်သေးသလို ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေတုန်းပဲ။