ဒီပဲယင်းမြို့နယ်တွင်းရှိ ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂၀ ဦးအပါအဝင် ၂၂ ဦး သေဆုံးခဲ့ရသော်လည်း စစ်ကောင်စီက ထိုဖြစ်ရပ်ဟာ မီဒီယာများက လုပ်ကြံရေးသားကြခြင်းဖြစ်ကြောင်း အရှက်မရှိစွာထုတ်ပြန်တယ်။ စစ်ကောင်စီလော်ဘီများကလဲ PDF တွေရဲ့လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့်လို့ ရေးသားကြတယ်။ သူတို့ဘယ်လိုပဲငြင်းပါစေ မီဒီယာတွေမှာ တွေ့ရတဲ့ဓာတ်ပုံတွေအရ အမိုးပွင့်နေသော စာသင်ကျောင်းပုံများနှင့်အတူ သေဆုံးနေသော အဖြူ၊ အစိမ်းဝတ်ကလေး ၁၀ ဦးထက်မနည်းတွေ့ရပြီး ဦးခေါင်းနှင့်ကိုယ်လက်အင်္ဂါများပြတ်တောက်နေသော ရုပ်အလောင်းများလည်းပါဝင်နေတယ်။ညကြဲချခဲ့သည့်ဗုံးအမျိုးအစားကိုတော့ ဗုံးစများကိုကြည့်၍ ခန့်မှန်းပြောကြားရာတွင် ပေါင် ၃၀၀ ဗုံးညသို့မဟုတ် ပေါင် ၅၀၀ ဗုံး ဖြစ်နိုင်တယ်။
ဒဏ်ရာရသူတွေထဲမှာ အသက်လုနေတဲ့ကျောင်းသားလေးတွေလဲ ရှိနေတယ်။ ဆေးရုံ၊ဆေးခန်းတွေလဲ ဗုံးကြဲခံထားရတာကြောင့် အဆင်ပြေသလိုပဲ အသက်လုဆေးကုသနေရတယ်။မိဘတွေတော့ဘယ်လောက်ရင်ကျိုးရမလဲဆိုတာ စဥ်းစားကြည့်လို့တောင်မရပါဘူး။