စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းတစ်ခုကို စစ်ကောင်စီကဗုံးကြဲခဲ့လို့ကျောင်းသူကျောင်းသားလေးတွေနဲ့ ဆရာမ စုစုပေါင်း၂၀ ကျော်သေဆုံးခဲ့ရပါတယ်။စစ်ကောင်စီဟာ ကျောင်းပေါ်တည့်တည့်ကို ဗုံးကြဲသွားတာပါ။သေဆုံးသွားတဲ့ကျောင်းသားလေးတွေဟာ မူလတန်းအရွယ်လေးဖြစ်ပြီး အသက်၁၀နှစ်၊၁၂နှစ်ခန့်သာရှိသေးတယ်။တော်လှန်ရေးအဖွဲ့တွေ စိုးမိုးတဲ့ထိုဒေသမှာ လေကြောင်းကဗုံးကြဲမှုတွေဆက်တိုက်ရှိနေတာကြောင့် စာသင်ကြားမှုကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။အခုလဲစာမေးပွဲဖြေဖို့စီစဥ်နေချိန်မှာ အခုလိုဗုံးကြဲသွားတာပါ။ဒဏ်ရာရသူတွေလဲ လေးဆယ်ကျော်ရှိတယ်လို့သိရတယ်။
ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီ အနေနဲ့ ကျူးလွန်တာက တစ်ကြိမ်လည်း မဟုတ်တော့ဘူး၊ နှစ်ကြိမ်လည်း မဟုတ်တော့ဘူး။ ပြည်သူတွေ အားလုံးနေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဒါက ဒုက္ခဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စကစကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်တော့ဘူးလား၊ ဒါမှမဟုတ်လို့ ရှိရင် သူ့ကို ထောက်ခံပေးနေတဲ့ နိုင်ငံတွေကို ဒီလောက်ကြီးထိ ကြမ်းတမ်းယုတ်မာနေတဲ့ လုပ်ရပ်တွေကို မမြင်ဖူးလား။ ကလေးသူငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ မြင်ကွင်းတွေကို မြင်ရတွေ့ရတာ ဘယ်လိုမှအဆင်မပြေပါဘူး။