အာဏာသိမ်း ဒိုင်ယာရီ

မတ် ၁၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မြန်မာပြည်ရဲ့အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးကလမ်းမကြီးတွေဟာစစ်မြေပြင်နီးနီးဖြစ်နေပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတားဆီးဖို့အတွက်၊ သပိတ်စစ်​ကြောင်းတွေရဲ့လုံခြုံရေးအတွက် ပြည်သူလူထုဟာလမ်းမကြီးတွေကအစ လမ်းသွယ်လေးတွေပါမချန်ရရာပစ္စည်းတွေနဲ့တားဆီးပိတ်ဆို့နေရပါတယ်။ စစ်သူပုန်အဖွဲ့ဟာလည်းနေရာအနှံမှာထိုအတားအဆီးတွေကိုဖျက်ဆီးဖို့ကြိုးစားကြပါတယ်။ လူထုနဲ့ထိပ်တိုက်တွေ့ရင်ပစ်ခတ်ဖြိုခွင်းပါတယ်။ လူထုကလဲအတားအဆီးတွေကိုခံပြီးရရာလက်နက်နဲ့ပြန်ခုခံကြပါတယ်။ လှိုင်သာယာအဝင်ဘုရင့်နောင်လမ်းဆုံမှာဆို တနေကုန်နီးပါးတိုက်ခိုက်ခံနေရတာပါ။ တမြို့လုံးလဲ မီးခိုးလုံးတွေ၊ ယမ်းနံတွေ၊ ညှော်နံတွေဖုန်းလွှမ်းနေပါပြီ။ တချို့နေရာတွေမှာဆို စစ်သူပုန်တွေဟာအတားအဆီးတွေကိုဖယ်ခိုင်းဖို့အတွက်လမ်းသွားလမ်းလာယောက်ျားလေးတွေကိုအတင်းအဓ္ဓမပေါ်တာဆွဲခိုင်းစေမှုတွေရှိလာပါတယ်။ အတားအဆီးတွေမဖယ်ပေးရင်ရပ်ကွက်ကိုပါမြေလှန်ပစ်ခတ်မယ်ဆိုပြီးခြိမ်းခြောက်လာနေပါပြီ။ ဒီပုံစံတိုင်းဆက်ဖြစ်နေမယ်ဆိုရင်ပြည်သူလူထုဟာကိုယ့်အိမ်ထဲမှာနေတာတောင်မလုံခြုံတဲ့ဘဝရောက်ရှိနေပါတယ်။ ဒါပေမယ့်လဲတဖက်ကပြန်ကြည့်မယ်ဆိုရင်...

Read moreDetails

မတ် ၁၆၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့တော့လေငြိမ်နေတယ်။ Mobile Internet တွေဖြတ်ထားလို့လား။ ဒါမှမဟုတ် မုန်တိုင်းမလာခင် လေငြိမ်ခြင်းမျိုးလား။ လူမှုကွန်ယက်တွေမှာတော့သတင်းတွေသိသိသာသာကျဲသွားတယ်။ ပြည်တွင်းအခြေစိုက်သတင်းဌာနတွေ အကုန်ပိတ်ခံရတယ်လေ။ ပုဂ္ဂလိက သတင်းစာတွေလဲမထွက်  နိုင်တော့ဘူး။ နောက်ဆုံးကျန်တဲ့ Print Media ဖြစ်တဲ့ စံတော်ချိန်သတင်းစာတောင်  မနက်ဖြန်ကစနားပြီတဲ့။ နိုင်ငံတကာသတင်းတွေမှာတော့...

Read moreDetails

မတ် ၁၅၊ ၂၀၂၁။ (တနင်္လာ)

အာဏာသိမ်းပြီးနောက်တစ်နိုင်ငံလုံးမှာအကျအဆုံးအများဆုံးနေ့အဖြစ် မနေ့ကမှတ်တမ်းဝင်သွားခဲ့ ပါတယ်။ စုစုပေါင်း ၆၀ ဦးထပ်မနည်းကျဆုံးခဲ့တယ်။ လှိုင်သာယာက တော့အများဆုံးပေါ့။ သို့ပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီဟာအကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ဖို့ဒီနေ့မှာမိုဘိုင်း အင်တာနက်လိုင်းတွေကိုဖြတ်တောက်လာခဲ့ပါတယ်။ မြေပြင်ကသတင်းတွေကိုအမှောင်ချဖို့အတွက်ပါ။ မြို့ကြီးတွေမှာ တခြား wifi network တွေရှိလို့ပြသာနာသိပ်မရှိပေမယ့် နယ်မြို့လေးတွေက မိုဘိုင်းအင်တာနက်လိုင်းကိုပဲအားကိုးနေရတာပါ။...

Read moreDetails

မတ် ၁၄၊ ၂၀၂၁။ (တနင်္ဂနွေ)

မနေ့ကမန္တလေးကိုအကြီးအကျယ်ဖြိုခွင်းပြီးနောက်တော့ ဒီနေ့ရန်ကုန်မှာသွေးချောင်းထပ်စီးခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာပါ။ လှိုင်သာယာဟာလူဦးရေများပြီးမြို့ကွက်ကကြီးမားကျယ် ပြန့်တော့စစ်ခွေးတွေဟာလှိုင်သာယာသပိတ်ကိုဖြိုခွဲဖို့ရက်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်။ ဒီနေ့မှာတော့ အောင်ဇေယျကြိုးတံတားဘက်ကနေ အင်အားအလုံးအရင်းနဲ့စတင်ဖြိုခွဲပါတော့တယ်။ ဒါပေမဲ့သပိတ်ဟာတော်တော်နဲ့ပြိုကွဲမသွားခဲ့ပါဘူး။ အထိခိုက်အကျဆုံးတွေတော့ရှိခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ လှိုင်သာယာနဲ့ထိစပ်နေတဲ့ အင်းစိန်၊ ရွှေပြည်သာစတဲ့မြို့နယ်တွေက သပိတ်စစ်ကြောင်း တွေထွက်လာခဲ့ပါတယ်။ လှိုင်သာယာကို စစ်တပ်ကစစ်ကူတွေမရောက်အောင်လမ်းတွေပိတ်ပေးကြတယ်။...

Read moreDetails

မတ် ၁၃ ၊ ၂၀၂၁။ (စနေ)

ဒီနေ့ မန္တလေးကို အဖိခံရဆုံးဖြစ်နေတယ်။ မန္တလေးမှာ လူအသေအပျောက်များတယ်။ မန္တလေးအပြင် “ပြည်” မြို့ကိုပါဖိတယ်။ လူအသေများတယ်။ ပြည်က ကောင်လေးတစ်ယောက်ဆို မေးစေ့ပွင့်ထွက်သွား တယ်။ မန္တလေးမှာ ဗိုက်ကြီးသည်တစ်ယောက်သေသွားတယ်။ သူတို့တင်မဟုတ်ဘူး။ အခြားသေဆုံးသူ တွေအများကြီးပဲ။ ဒီစာရေးတဲ့အချိန်အထိ သေဆုံးသူအရေအတွက်အတိအကျမသိရသေးဘူး။...

Read moreDetails

မတ် ၁၂ ၊ ၂၀၂၁။ (သောကြာ)

ဟိုနေ့ကစမ်းချောင်းကိုစစ်သူပုန်တွေပိတ်ဆို့တဲ့ညမှာ ရန်ကုန်တစ်မြို့လုံးကလူတွေ လမ်းပေါ်ထွက်ပြီး စမ်းချောင်းကိုဝန်းရံခဲ့ကြတယ်။ အဲ့ဒီကိစ္စပြီတဲ့နောက်ကျွန်တော်တို့တစ် တွေအမြတ်ထွက်လာတာက တစ် နိုင်ငံလုံးမှာညသပိတ်တွေပေါ်လာတာပဲ။ ဒီနေ့ညမှာလည်းတစ်မြို့လုံးနီးပါးညသပိတ်တွေဆင်နွဲကြတယ်။ တစ်နိုင်ငံလုံးကတခြားမြို့တွေပါအပါအဝင်ပေါ့။ နေ့ဘက်မှာလဲ ဆန္ဒပြပွဲတွေနေရာအနှံဖြစ်ပွားနေဆဲပါပဲ။

Read moreDetails

မတ် ၁၁၊ ၂၀၂၁။ (ကြာသပတေး)

UNSC အစည်းအဝေးဆုံးဖြတ်ချက်ဒီမနက်ထွက်လာတယ်။ အကြမ်းဖက်အဖွဲ့အစည်းကိုရှုံ့ချကြောင်းစာတစောင်ထုတ်ဖို့တပတ်လောက်အခြေအတင်ဆွေးနွေးရတယ်ဆိုကတည်းက UN ကိုအားကိုးနေလို့မရဘူးဆိုတာပေါ်လွင်စေခဲ့တယ်။ R2P လဲမျှော်မနေပါနဲ့တော့။ ဟိုနေ့ကရေးခဲ့သလိုမျိုးပြည်တွင်းအားချည်းနဲ့ပဲစစ်အုပ်စုကိုဖြိုချဖို့မလွယ်တဲ့အခြေအနေမှာ စစ်ရေးအရအရေးယူဖို့ဘာလမ်းကြောင်းတွေကျန်ဦးမလဲ။ US ကိုရောထည့်စဥ်းစားဦးမှာလား။ ဒါကသူ့အပိုင်းဖြစ်သွားပြီ။ US ကဝင်အရေးယူမယ်ဆိုရင်မြန်မြန်ဆန်ဆန်ပြီးသွားနိုင်မယ်။ သူ့အနေနဲ့ကတော့လုပ်ချင်လဲလုပ်မယ်၊ လုပ်ချင်မှလဲလုပ်မယ်။ ဘာကိုမှတထစ်ချတွက်လို့မရပါ။ အဲ့တော့ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးနည်းလမ်းပါပဲ။ CRPH ရဲ့ဖက်ထရယ်တပ်မတော်ဆိုတာလဲအချိန်အတိုင်းအတာတစ်ခုထိကြာဦးမှာပါ။...

Read moreDetails

မတ် ၁၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မနက်အစောပိုင်းကတည်းကအကုသိုလ်များတဲ့နေ့ပါ။ ဟိုနေ့တွေကရေးခဲ့သလိုစစ်သူပုန်တွေဟာလူထုခြားမှာခြေကုပ်ယူတဲ့လှုပ်ရှားမှုအနေနဲ့ဒီမနက်အစောပိုင်းမှာပဲရန်ကုန်၊ မလွှကုန်းမီးရထားဝန်းဝန်ထမ်းအိမ်ရာကိုဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီဝန်းထဲမှာနေတဲ့အခြေခံလူတန်းစားဝန်ထမ်းများကိုနှင်ထုတ်တယ်။ လိုင်းခန်းထဲကလူထုခမျာမှာ နယ်စပ်ကစစ်ဘေးရှောင် ဒုက္ခသည်များလိုနီးစပ်ရာမှာချက်ချင်းခိုလှုံကြရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ရန်ကုန်လိုမြို့ကြီး ပေါ်မှာဖြစ်ပေါ်နေတာပါ။ နေ့လည်ကျတော့နောက်သတင်းတပုဒ်တက်တယ်။ မြောက်ဥက္ကလာပမြို့နယ်မှာသပိတ်ဖြိုခွဲခံရပြီးကျောင်းသားလူငယ်၂၀၀ ကျော်ကိုဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါတယ်။ စစ်ခွေးတွေဟာသပိတ်ကြောင်းကိုလူစုမခွဲခိုင်းပဲအတင်းဝင်လုံးခဲ့တာပါ။ မြို့နေလူထုကဝန်းရံပေမယ့်လဲမရခဲ့ပါဘူး။

Read moreDetails

မတ် ၉၊ ၂၀၂၁ အင်္ဂါ

​ ဒီရက်ပိုင်းစစ်သူပုန်အဖွဲ့ဟာလူထုကိုနှိမ်နင်းဖို့ဗျူဟာတွေပြောင်းလာတယ်။ ပထမတစ်ခုကမြို့ပေါ်ကကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေမှာအတင်းတပ်စွဲဖို့ကြိုးစားကြတယ်။ ဒီကိစ္စကိုနိုင်ငံအနှံကမြို့တွေမှာဖော်ဆောင်ဖို့လုပ်တယ်။ စစ်သူပုန်အဖွဲ့ဟာရပ်ကျေးအဆင့်အုပ်ချုပ်ရေးကိုဖွဲ့စည်းလို့မရတော့မြို့နယ်တိုင်းမှာစစ်အုပ်ရေးပုံစံအုပ်ချုပ်ဖို့ကြိုးစားနေတာပဲ။ နောက်တစ်ချက်ကမြို့ထဲတပ်စွဲထားရင်လူထုဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ပိုလွယ်သွားမယ်လေ။ ဒုတိယတစ်ခုကတော့စစ်သူပုန်တွေဟာညဘက်တွေမှာရပ်ကွက်တွေထဲထိဝင်ပြီးအသံဗုံးဖောက်တယ်။ သေနတ်တွေနဲ့မဲမဲမြင်ရာလျှောက်ပစ်ကြတယ်။ ညကင်းစောင့်တဲ့သူတွေကိုလဲအကြောင်းမဲ့ဖမ်းဆီးတယ်။ တကယ့်ကိုမင်းမဲ့စရိုက်ဆန်ဆန်လူထုကိုခြောက်လှန့်လာကြတယ်။ စစ်ခွေးတွေရဲ့ယုတ်မာရိုင်းစိုင်းမှုဟာတနေ့တခြားပိုမိုဆိုးရွားလို့လာနေပါပြီ။

Read moreDetails

မတ် (၈)၊ ၂၀၂၁။(တနင်္လာ)

မတ် ၈ ၊ ၂၀၂၁။ (တနင်္လာ။) သတင်းမီဒီယာအားကောင်းတဲ့ တိုက် ၅ ခုကို ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်တယ်။ စစ်သူပုန်တွေရဲ့ လက်နက်က ဒါလား။ သူတို့ညစ်စုတ်နိုင်သမျှ အကုန်ညစ်စုတ်မယ်။ ဘက်ပေါင်းစုံကနေ ယုတ်မာမယ်။ ဒါကို ပြည်သူတွေက ငြိမ်ခံနေရမတဲ့လား။...

Read moreDetails
Page 178 of 182 1 177 178 179 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist