မနက်အစောပိုင်းကတည်းကအကုသိုလ်များတဲ့နေ့ပါ။
ဟိုနေ့တွေကရေးခဲ့သလိုစစ်သူပုန်တွေဟာလူထုခြားမှာခြေကုပ်ယူတဲ့လှုပ်ရှားမှုအနေနဲ့ဒီမနက်အစောပိုင်းမှာပဲရန်ကုန်၊ မလွှကုန်းမီးရထားဝန်းဝန်ထမ်းအိမ်ရာကိုဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီဝန်းထဲမှာနေတဲ့အခြေခံလူတန်းစားဝန်ထမ်းများကိုနှင်ထုတ်တယ်။ လိုင်းခန်းထဲကလူထုခမျာမှာ နယ်စပ်ကစစ်ဘေးရှောင် ဒုက္ခသည်များလိုနီးစပ်ရာမှာချက်ချင်းခိုလှုံကြရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ရန်ကုန်လိုမြို့ကြီး ပေါ်မှာဖြစ်ပေါ်နေတာပါ။
နေ့လည်ကျတော့နောက်သတင်းတပုဒ်တက်တယ်။ မြောက်ဥက္ကလာပမြို့နယ်မှာသပိတ်ဖြိုခွဲခံရပြီးကျောင်းသားလူငယ်၂၀၀ ကျော်ကိုဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါတယ်။ စစ်ခွေးတွေဟာသပိတ်ကြောင်းကိုလူစုမခွဲခိုင်းပဲအတင်းဝင်လုံးခဲ့တာပါ။ မြို့နေလူထုကဝန်းရံပေမယ့်လဲမရခဲ့ပါဘူး။