ဒီနေ့ မန္တလေးကို အဖိခံရဆုံးဖြစ်နေတယ်။ မန္တလေးမှာ လူအသေအပျောက်များတယ်။ မန္တလေးအပြင် “ပြည်” မြို့ကိုပါဖိတယ်။ လူအသေများတယ်။ ပြည်က ကောင်လေးတစ်ယောက်ဆို မေးစေ့ပွင့်ထွက်သွား တယ်။ မန္တလေးမှာ ဗိုက်ကြီးသည်တစ်ယောက်သေသွားတယ်။ သူတို့တင်မဟုတ်ဘူး။ အခြားသေဆုံးသူ တွေအများကြီးပဲ။ ဒီစာရေးတဲ့အချိန်အထိ သေဆုံးသူအရေအတွက်အတိအကျမသိရသေးဘူး။
ဒဏ်ရာရသူကတော့ တစ်နိုင်ငံလုံးမှာ ရာချီတယ်။ မြို့တိုင်းမြို့တိုင်းကို အကြမ်းဖက်နေတာ တော်တော် လေးတရားလွန်သွားပြီ။ သူတို့က လူသတ်ရုံတင်မကဘူး။ အလောင်းကိုပါလုတာ။ ပြီးရင် သတင်းတုတွေ ဖန်တီးပြီး သတင်းမှားတွေလွှင့်နေသေးတာ။
ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ၊ လမ်းပျောက်နေပြီ။ ဒါပေမဲ့ အားတင်းထားရမယ်။ ဒီစစ်သူပုန်တွေဟာ ဘယ်အထိကို ယုတ်မာနေဦးမှာလဲ။