မနေ့ကမန္တလေးကိုအကြီးအကျယ်ဖြိုခွင်းပြီးနောက်တော့ ဒီနေ့ရန်ကုန်မှာသွေးချောင်းထပ်စီးခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာပါ။ လှိုင်သာယာဟာလူဦးရေများပြီးမြို့ကွက်ကကြီးမားကျယ် ပြန့်တော့စစ်ခွေးတွေဟာလှိုင်သာယာသပိတ်ကိုဖြိုခွဲဖို့ရက်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်။ ဒီနေ့မှာတော့ အောင်ဇေယျကြိုးတံတားဘက်ကနေ အင်အားအလုံးအရင်းနဲ့စတင်ဖြိုခွဲပါတော့တယ်။ ဒါပေမဲ့သပိတ်ဟာတော်တော်နဲ့ပြိုကွဲမသွားခဲ့ပါဘူး။ အထိခိုက်အကျဆုံးတွေတော့ရှိခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ လှိုင်သာယာနဲ့ထိစပ်နေတဲ့ အင်းစိန်၊ ရွှေပြည်သာစတဲ့မြို့နယ်တွေက သပိတ်စစ်ကြောင်း တွေထွက်လာခဲ့ပါတယ်။
လှိုင်သာယာကို စစ်တပ်ကစစ်ကူတွေမရောက်အောင်လမ်းတွေပိတ်ပေးကြတယ်။ ဘယ်သူ့လက်ချက် မှန်းမသိတဲ့ လှိုင်ယာသာတဲ့တရုတ်စက်ရုံ၂ရုံလောက်မီးလောင်ကုန်ပါတယ်။ စက်ရုံထဲကတရုတ်တစ် ယောက်ကတော့ စစ်တပ်ကိုယ်တိုင်မီးလာရှို့တာလို့ပြောတဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာပျံ့နေပြန်တယ်။
အခြေအနေတွေဟာညနေပိုင်းမှာပိုမိုဆိုးရွာလာခဲ့တယ်။ ရန်ကုန်ကတခြားမြို့နယ် အတော်များများမှာ လည်းအုံကြွမှုတွေဖြစ်လာခဲ့တယ်။ စစ်သူပုန်အဖွဲ့ကလည်း အုံကြွမှုတိုင်းကိုရက်စက်စွာ ပစ်ခတ်နှိမ်နှ င်းခဲ့တယ်။ ကျဆုံးသူတွေပိုများလာခဲ့တယ်။
ရန်ကုန်တင်မကပါဘူး။ မန္တလေး၊ ပဲခူး စတဲ့မြို့ကြီးတွေမှာလည်း အကြမ်းဖက်နှိမ်နှင်းမှုတွေဟာ မမြင် ချင်လောက်အောင်ဆိုးရွားနေခဲ့ပါတယ်။
စစ်သူပုန်တွေဟာ ဘယ်လောက်အထိ နှိပ်စက်နေဦးမှာလဲ။