ဒီရက်ပိုင်းစစ်သူပုန်အဖွဲ့ဟာလူထုကိုနှိမ်နင်းဖို့ဗျူဟာတွေပြောင်းလာတယ်။ ပထမတစ်ခုကမြို့ပေါ်ကကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဆေးရုံတွေမှာအတင်းတပ်စွဲဖို့ကြိုးစားကြတယ်။
ဒီကိစ္စကိုနိုင်ငံအနှံကမြို့တွေမှာဖော်ဆောင်ဖို့လုပ်တယ်။ စစ်သူပုန်အဖွဲ့ဟာရပ်ကျေးအဆင့်အုပ်ချုပ်ရေးကိုဖွဲ့စည်းလို့မရတော့မြို့နယ်တိုင်းမှာစစ်အုပ်ရေးပုံစံအုပ်ချုပ်ဖို့ကြိုးစားနေတာပဲ။
နောက်တစ်ချက်ကမြို့ထဲတပ်စွဲထားရင်လူထုဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ပိုလွယ်သွားမယ်လေ။ ဒုတိယတစ်ခုကတော့စစ်သူပုန်တွေဟာညဘက်တွေမှာရပ်ကွက်တွေထဲထိဝင်ပြီးအသံဗုံးဖောက်တယ်။ သေနတ်တွေနဲ့မဲမဲမြင်ရာလျှောက်ပစ်ကြတယ်။ ညကင်းစောင့်တဲ့သူတွေကိုလဲအကြောင်းမဲ့ဖမ်းဆီးတယ်။ တကယ့်ကိုမင်းမဲ့စရိုက်ဆန်ဆန်လူထုကိုခြောက်လှန့်လာကြတယ်။ စစ်ခွေးတွေရဲ့ယုတ်မာရိုင်းစိုင်းမှုဟာတနေ့တခြားပိုမိုဆိုးရွားလို့လာနေပါပြီ။