အာဏာသိမ်းပြီးနောက်တစ်နိုင်ငံလုံးမှာအကျအဆုံးအများဆုံးနေ့အဖြစ် မနေ့ကမှတ်တမ်းဝင်သွားခဲ့ ပါတယ်။ စုစုပေါင်း ၆၀ ဦးထပ်မနည်းကျဆုံးခဲ့တယ်။ လှိုင်သာယာက တော့အများဆုံးပေါ့။
သို့ပေမယ့်လည်း အာဏာသိမ်းစစ်ကောင်စီဟာအကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ဖို့ဒီနေ့မှာမိုဘိုင်း အင်တာနက်လိုင်းတွေကိုဖြတ်တောက်လာခဲ့ပါတယ်။ မြေပြင်ကသတင်းတွေကိုအမှောင်ချဖို့အတွက်ပါ။ မြို့ကြီးတွေမှာ တခြား wifi network တွေရှိလို့ပြသာနာသိပ်မရှိပေမယ့် နယ်မြို့လေးတွေက မိုဘိုင်းအင်တာနက်လိုင်းကိုပဲအားကိုးနေရတာပါ။ ဒီနေ့မှာဆိုလဲ မြင်းခြံ၊ အောင်လံ၊ အောင်ပန်း စတဲ့နယ်မြို့လေးတွေမှာအကြမ်းဖက်မှုတွေလုပ်နေပြီး လူသေဆုံးမှုတွေလဲရှိလာပါတယ်။
နောက်တခုကစစ်ကောင်စီဟာ CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုဝန်ထမ်းအိမ်ယာတွေကနေ အတင်း အကြပ်ပြောင်းရွှေ့စေခိုင်းမှုတွေလုပ်ဆောင်လာနေပါတယ်။ CDM ဝန်ထမ်းတွေလည်း အခက်အခဲ ပေါင်းများစွားနဲ့ရင်ဆိုင်နေရပါပြီ။
မှတ်မှတ်ရရ UNSC ရဲ့ကြေကြာချက်ထွက်လာတဲ့နေ့ကစပြီး စစ်သူပုန်အုပ်စုဟာ နိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုတနေ့တခြားပိုမိုဆိုးရွားစွာကျူးလွန်လာ နေပါတယ်။ နိုင်ငံတကာဖိအားကိုလုံးဝဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့ကိုယ့်အား ကိုယ်ကိုးဖို့လိုနေပါပြီ။