UNSC အစည်းအဝေးဆုံးဖြတ်ချက်ဒီမနက်ထွက်လာတယ်။ အကြမ်းဖက်အဖွဲ့အစည်းကိုရှုံ့ချကြောင်းစာတစောင်ထုတ်ဖို့တပတ်လောက်အခြေအတင်ဆွေးနွေးရတယ်ဆိုကတည်းက UN ကိုအားကိုးနေလို့မရဘူးဆိုတာပေါ်လွင်စေခဲ့တယ်။ R2P လဲမျှော်မနေပါနဲ့တော့။
ဟိုနေ့ကရေးခဲ့သလိုမျိုးပြည်တွင်းအားချည်းနဲ့ပဲစစ်အုပ်စုကိုဖြိုချဖို့မလွယ်တဲ့အခြေအနေမှာ စစ်ရေးအရအရေးယူဖို့ဘာလမ်းကြောင်းတွေကျန်ဦးမလဲ။
US ကိုရောထည့်စဥ်းစားဦးမှာလား။ ဒါကသူ့အပိုင်းဖြစ်သွားပြီ။ US ကဝင်အရေးယူမယ်ဆိုရင်မြန်မြန်ဆန်ဆန်ပြီးသွားနိုင်မယ်။ သူ့အနေနဲ့ကတော့လုပ်ချင်လဲလုပ်မယ်၊ လုပ်ချင်မှလဲလုပ်မယ်။ ဘာကိုမှတထစ်ချတွက်လို့မရပါ။
အဲ့တော့ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးနည်းလမ်းပါပဲ။ CRPH ရဲ့ဖက်ထရယ်တပ်မတော်ဆိုတာလဲအချိန်အတိုင်းအတာတစ်ခုထိကြာဦးမှာပါ။ ကချင်၊ ကရင်၊ ရှမ်း၊ ပလောင် စတဲ့တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံကိုအချိန်တိုတိုအတွင်းစုစည်းဖို့ဆိုတာမလွယ်ပါဘူး။ သူတို့ကလဲပြည်မကအခြေအနေကိုဆက်လက်စောင့်ကြည့်ဦးမှာပါ။
နောက်ဆုံးတော့ပြည်မကသူတွေကိုယ်လုပ်စရာရှိတာဆက်လုပ်ရပါမယ်။ လူထုလှုပ်ရှားမှုတွေကိုဗျူဟာပြောင်းရပါမယ်။ နောက်တဆင့်တက်ဖို့လိုပါတယ်။ Self Defence ပိုင်းကိုအကောင်အထည်ဖော်ဖို့အချိန်ရောက်ပါပြီ။ အကြမ်းဖက်စစ်သူပုန်တွေကို ငြိမ်းချမ်းစွာပဲဆန္ဒပြနေရင်အကုန်လုံးပါးပါးကုန်ပါလိမ့်မယ်။ ဒီနေ့တောင်စစ်သူပုန်တွေလက်ချက်နဲ့ ၁၀ဦးကျဆုံးခဲ့ပါတယ်