မတ် ၈ ၊ ၂၀၂၁။ (တနင်္လာ။)
သတင်းမီဒီယာအားကောင်းတဲ့ တိုက် ၅ ခုကို ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်တယ်။ စစ်သူပုန်တွေရဲ့ လက်နက်က ဒါလား။
သူတို့ညစ်စုတ်နိုင်သမျှ အကုန်ညစ်စုတ်မယ်။ ဘက်ပေါင်းစုံကနေ ယုတ်မာမယ်။ ဒါကို ပြည်သူတွေက ငြိမ်ခံနေရမတဲ့လား။
ကျွန်တော်တို့အားလုံးဟာ မမျှတတဲ့စစ်ပွဲတစ်ခုကိုဆင်နွဲနေကြတာဖြစ်တယ်။ လက်နက်ရှိနဲ့ လက်နက်မဲ့။ သူတို့ကြိုက်သလိုခြယ်လှယ်ပိုင်ခွင့်ရှိတဲ့သတ်ကွင်းထဲမှာ
အကာအရံမရှိတဲ့ ခံစစ်နဲ့နေကြရတာဖြစ်တယ်။
စစ်သူပုန်တွေဟာ ရပ်ကွက်တွေထဲအထိဆင်းပြီး သပိတ်ဖြိုခွင်းတယ်။ CDM သမားတွေကို လိုက်ဖမ်းတယ်။ ဘဏ်တွေကိုလည်း အတင်းပြန်ဖွင့်ခိုင်းတယ်။
ဈေးရောင်းနေတဲ့သူတွေဆီက လုယက်တယ်၊ ဖုန်းဆိုင်တွေက ဖုန်းလုတယ်။ လမ်းသွားနေတဲ့သူတွေကို တားပြီး ဖုန်းကိုအကြောင်းပြချက်မဲ့စစ်ဆေးတယ်။
သူတို့သဘောကျတဲ့ဖုန်းတွေဆိုရင် ယူသွားတယ်။ ပြောစရာမရှိလောက်အောင် ယုတ်မာတာပါပဲဗျာ။
>>>>>