အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၁၆၊ ၂၀၂၁။ (သောကြာ)

CRPH ရဲ့ အစိုးရသစ်ကို ဒီနေ့ညမှာ ကြေညာလိုက်တယ်။ အားလုံးမျှော်လင့်နေတာမို့ ဝမ်းသာကြတာ ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကောက်ရိုးတစ်မျှင်ပါပဲ။ ဒါပေမဲ့ ခြေလှမ်းသွက်ဖို့လိုနေသေးတယ်လို့မြင် တယ်။ စစ်အာဏာလုကောင်စီက ဘယ်စုံတောင့်စုံကနေ ယုတ်မာကောက်ကျစ်နေတဲ့အချိန်မှာ ပြည်သူ့ အစိုးရကလည်း ခြေလှမ်းမြန်မြန်သွားစေချင်တယ်။...

Read moreDetails

ဧပြီ ၁၅၊ ၂၀၂၁။ (ကြာသပတေး)

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးသွားတယ်။ စစ်သူပုန်တွေအနေနဲ့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးမှာ တက်ကြွစွာပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေ တယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်တာကိုလည်း တစ်နေ့ အယောက် (၂၀) စီ ကို သူတို့ရဲ့...

Read moreDetails

ဧပြီ ၁၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

အခုရက်ပိုင်းဟာ ဧည့်စာရင်းဥပဒေနဲ့ ပြည်သူတွေဖိနှိပ်ခံရမှုပိုများလာပါတယ်။ ရပ်ကွက်ထဲက လူတွေ ဟာ ကြောက်ကြောက်နဲ့ပဲ ဧည့်စာရင်းတိုင်ကြရတယ်။ ပြည်သူတွေကြားထဲမှာလည်း အခက်အခဲတွေ၊ ညှိ နှိုင်းမရတာတွေဖြစ်နေပါတယ်။ တကယ်တမ်းတော့ ဧည့်စာရင်းလာစစ်တာမျိုးတွေတော့မရှိသေးပါဘူး။ အားလုံးက အကြောက်တရားတွေနဲ့နေကြရတာပါပဲ။ သင်္ကြန်တွင်းဆိုပေမယ့် တိတ်ဆိတ်ခြောက်ကပ်နေတယ်။ မုန့်လုံးရေပေါ်သပိတ်၊ ပိတောက်သပိတ်...

Read moreDetails

ဧပြီ ၁၃၊ ၂၀၂၁။ (အင်္ဂါ)

သမိုင်းနားက မုဒိတာအိမ်ယာ (၁) မှာ လူငယ်တွေကိုဖမ်းသွားတယ်။ ဒလန်ကသတင်းပေးလို့တဲ့။ စစ် သူပုန်တွေဟာ အခုရက်ပိုင်း လူငယ်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတယ်။ ဖယ်ဒရယ်အာမီ အတွက်လူစုမှာစိုးလို့လား၊ သူတို့အတွက် ပေါ်တာဆွဲတာလားမပြောတတ်ဘူး။ သေချာတာကတော့ CRPH ရဲ့ ခြေလှမ်းနှေးလေလေ၊...

Read moreDetails

ဧပြီ ၁၂၊ ၂၀၂၁။ (တနင်္လာ)

ညဖက် ၉ နာရီ ၄၅ မိနစ်မှာ ဗဟိုလမ်းတစ်လျှောက်စစ်ကားတွေဖြတ်သွားသလို ဆိုင်ကယ်တွေလည်းဖြတ် သွားနေတယ်။ စစ်သူပုန်တွေဟာ ကင်းလှည့်နေတာလား။ ဘာအကောက်ကြံမလဲမသိတော့လောက် အောင်ပါပဲ။ အင်းစိန်မြို့သစ်ရက်ကွက်၊ က ၆ လမ်းမှာတော့ လူငယ်စာရင်းတွေထုတ်ပြန်လာတယ်။ အရံ မီးသတ်တပ်ဖွဲ့ဖွဲ့မယ်ဆိုပြီး လူငယ်တွေရဲ့နာမည်နဲ့တကွ...

Read moreDetails

ဧပြီ ၁၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အင်တာနက်လိုင်းဖြတ်တောက်ခံရတာကြောင့် သတင်းစီးဆင်းမှုအဆက်အသွယ်ပြတ်သွားတယ်။ CRPH ဘာလုပ်နေသလဲ၊ ဒေါက်တာဆာဆာဘာလုပ်နေသလဲသိချင်နေမိတယ်။ အဲဒါနဲ့ အင်တာနက်လိုင်းရတဲ့ နေရာဆီကိုသွားပြီး ဟိုဟိုဒီဒီရှာဖွေကြည့်တော့ သိပ်ထူးခြားတာမတွေ့ရဘူး။ CRPH က အစိုးရဖွဲ့မယ်လို့ကြေညာထားတာ အခု ဒုတိယအပတ်ထဲကိုရောက်လာပြီး ထွေထွေထူးထူး ကြေညာချက်မတွေ့ရဘူး။ ဖယ်ဒရယ်အာမီဖြစ်ဖို့တော့ ထင်သလောက်မလွယ်ကူးမှန်းသိပါတယ်။ ဒါနဲ့...

Read moreDetails

ဧပြီ ၁၀၊ ၂၀၂၁။ (စနေ)

ဒီရက်ပိုင်းကြားရတဲ့သတင်းတွေက အရေးတော်ပုံအတွက်အားရစရာဘာတစ်ခုမှမရှိဘူး။ စစ်ကောင်စီက ဧည့်စာရင်းတွေတိုင်ခိုင်းလာတယ်။ ရပ်ကျေးအုပ်ချုပ်ရေးကို အကောင်အထည်ဖော်လာပြီဆိုတဲ့သဘော။ လူတွေကကြောက်ပြီးဧည့်စာရင်းသွားတိုင်ကြတယ်။ ဖမ်းစရာရှိရင်ဆိုင်ဆိုင်မဆိုင်ဆိုင်အဲ့ဒီအိမ်တွေလူတွေကိုပဲဖမ်းသွားတယ်။ တချို့အုပ်ချုပ်ရေးမှူးရုံးတွေလဲလက်သည်မပေါ်ပဲမီးလောင်ပြာကျကုန်တယ်။ အဖမ်းအဆီးတွေကတော့နေတိုင်းရှိနေတယ်။ မြို့လယ်ကောင်မှာတောင် ATM စက်မှာငွေလာထုတ်တဲ့သူတွေကိုအကြောင်းပြချက်မရှိဖမ်းသွားတယ်။ ဘာဥပဒေမှမရှိဘဲလုပ်ချင်တိုင်းလုပ်နေကြတယ်။

Read moreDetails

ဧပြီ ၉၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်နဲ့မိုင်၅၀ ခန့်သာ ဝေးတဲ့ပဲခူးမြို့မှာ သပိတ်ခံတပ်ဖြိုခွဲခံရတယ်။ ထုံးစံအတိုင်းအင်အားသုံးပြီး ပစ်တယ်။ နောက်ဆုံးရရှိတဲ့သတင်းအရမြို့နေပြည်သူ ၈၀ ခန့်ကျဆုံးသွားပြီ။ အလောင်းတွေကို စစ်တပ်ကပုံထားပြီးထုတ်ယူခွင့်မပေးဘူး။ ကျဆုံးသူတွေထဲမှာ ဆေးကုသခွင့်မပေးလို့သွေးထွက်လွန်ပြီးသေဆုံးသွားသူတွေအတော်များများရှိတယ်။ တစ်မြို့လုံးနေရာအနှံ့ပစ်ခတ်နေလို့ ကိုယ့်အိမ်မှာကိုယ်မနေရဲတော့ဘဲ အတော်များများဟာလယ်ကွင်းတွေဘက်ကိုတိမ်းရှောင်နေရတယ်။ ဒီအဖြစ်အပျက်တွေဟာနေ့စဥ်နဲ့အမျှမုံရွာလို၊ ပဲခူးလိုမြို့ကြီးပြကြီးတွေမှာဖြစ်နေတာပါ။ တစ်နိုင်ငံလုံးမှာကျဆုံးသူအရေအတွက်၇၀၀ နားကပ်နေပြီ။...

Read moreDetails

ဧပြီ ၈၊ ၂၀၂၁။ ( ကြာသပတေး)

လန်ဒန်မြို့လယ်ကမြန်မာသံရုံးလည်း အာဏာသိမ်းခြင်းခံလိုက်ရပါတယ်။ သံအမတ်ကြီးမရှိတဲ့အချိန်မှာ စစ်သံမှုးနဲ့ ဒုသံမှုးတို့ပူးပေါင်းပြီးသံရုံးကိုထိန်းချုပ်လိုက်တာပါ။ ဒါပေမဲ့ သံအမတ်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပြည်သူ့ဘက်တော်သားတယောက်တော့မဟုတ်ပါဘူး။ ခြံစည်းရိုးခွထိုင်နေတဲ့လူတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။ ပြည်တွင်းမှာလည်း အရေးတော်ပုံမှာပါဝင်လှုပ်ရှားနေတဲ့နိုင်ငံကျော်အနုပညာရှင်တွေ၊ Celebrities တွေ၊ Social Influencer တွေကို ပုဒ်မ...

Read moreDetails

ဧပြီ ၇ ၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့လည်း ကလေးမြို့က တာဟန်းသပိတ်စခန်းဖြိုခွဲခံရလို့ပြည်သူ၁၀ဦးထပ်မနည်းကျဆုံးသွားပါတယ်။ စစ်သူပုန်တွေကအင်အားအလွန်အကျွံသုံးပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်ပါတယ်။ မြေပြင်အခြေအနေတွေကတော့ ဆက်လက်ဆိုးရွားနေဆဲပါ။ ဧပြီလပထမအပတ်ထဲမှာ အစိုးရသစ် ဖွဲ့မယ်လို့ကြေငြာထားတဲ့ CRPH ကတော့ခုရက်ပိုင်းငြိမ်ချက်သားကောင်းနေပါတယ်။ ဒီနေ့ထိ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ CRPH အနေနဲ့အခက်အခဲတွေအများကြီးရှိနေမယ်ဆိုတာသိပေမယ့်လည်း ဒီထက် ပိုပြီးမြန်မြန်ဆန်ဆန်လှုပ်ရှားစေချင်တယ်။ မဟုတ်ရင်တော့...

Read moreDetails
Page 175 of 182 1 174 175 176 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist