ပီးခဲ့တဲ့ရက်ပိုင်းကစပြီးလျှပ်စစ်မီးရရှိချိန် အနည်းငယ်တိုးလာခဲ့တယ်။တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရှမ်းမြောက်ကမဟာဓာတ်အားလိုင်းတစ်ခုပြုပြင် ပြီးစီးသွားတာကြောင့်လို့သိရတယ်။ရန်ကုန်မှာဆိုတနေ့လေးနာရီခန့်လျှပ်စစ်မီးရရှိခဲ့ရာကနေ ၁၂နာရီအထိတိုးတက်လာပြီ။စက်မှုန်ဇုန်တွေအတွက်လဲ ရန်ကုန်ကဂတ်တာဘိုင်တွေပြန်လည်ဖို့လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနေတယ်လို့သိရတယ်။ ဒါပေမယ့်ဒီအခြေအနေက ကြာကြာခံမယ်လို့တော့မထင်ဘူး။ပူပြင်းခြောက်သွေ့တဲ့နွေရာသီရောက်လာတော့မယ်လေ။နွေရာသီရောက်ရင် ဓာတ်အားသုံးစွဲမှူနှုန်းတွေအဆမတန်တိုးလာမှာပဲ။ဒါကိုဖြည့်ဆည်းပေးနိုင်ဖို့စစ်ကောင်စီမှာ သေချာတဲ့ပလန်တွေမရှိသေးပါဘူး။မတ်လကုန်ဧပြီလဆန်းလောက်ရောက်လာရင် အရင်လိုပဲဓာတ်အားပြတ်တောက်မှုတွေဆိုးရွားလာဦးမှာပါ။
Read moreDetailsTLNAခေါင်းဆောင်တွေစစ်ကောင်စီနဲ့ ဆွေးနွေးဖို့တရုတ်နိုင်ငံကိုထွက်ခွာသွားတယ်လို့သိရတယ်။MNDAAနဲ့စစ်ကောင်စီတို့တွေ့ဆုံပြီး အပစ်ရပ်သဘောတူညီချက်ရပြီးနောက်မှာတော့TNLAနဲ့ပါ ဆွေးနွေးပွဲတွေဖြစ်လာတာပါ။အခုတွေ့ဆုံပွဲမှာစစ်ကောင်စီကအပေါ်စီးကနေဆွေးနွေးလိမ့်မယ်လို့TLNAခေါင်းဆောင်အချို့က ပြောထားတယ်။ဒီရက်ပိုင်းထဲမှာလဲ TLNAထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပါတယ်။သူတို့ပြောသမျှ လက်မခံရင်မြင်သမျှဗုံးကြဲဖျက်စီးမယ်ဆိုတဲ့ သဘောပါပဲ။MNDAAနဲ့သဘောတူညီချက်ရပြီးနောက်တော့ MNDAAထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲဖျက်စီးမှုတွေမတွေ့ရတော့ပါဘူး။စစ်ကောင်စီက အခုလိုအကြပ်ကိုင်နေပေမယ့်လဲပထဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တာကြောင့် သဘောတူညီချက်တစ်စုံတရာ ရရှိလိမ့်မယ်လို့မထင်ပါဘူး။
Read moreDetailsအေအေတပ်တော်ဟာစစ်တွေမြို့ပြင်ရှိစစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်နေပါပြီ။စစ်တွေမြို့ကိုထိုးစစ်စတင်တော့မှာလား။စစ်ကောင်စီကတော့ ပင်လယ်ရေကြောင်းကနေအင်အားတွေ ဆက်တိုက်ဖြည့်တင်းနေတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလဲKIAကတဆင့် ချင်းစီရှေ့ဆက်တိုးနေပါတယ်။ဗန်းမော်မြို့ဟာကချင်ပြည်နယ်အတွက် စစ်ရေးအရဗဟာဗျူဟာကျတဲ့မြို့ဖြစ်လို့အင်နဲ့အားနဲ့ ခံစစ်ကိုပိတ်ဆို့ထားတယ်။ဒါ့ကြောင့် KIAက ခက်ခက်ခဲခဲတိုက်ယူနေရတာဖြစ်တယ်။အခုလောလောဆယ်တော့ ဗန်းမော်တိုက်ပွဲဟာတစ်နိုင်ငံလုံးမှာ အပြင်းထန်ဆုံးဖြစ်နေတယ်။
Read moreDetailsဖေဖော်ဝါရီ ၁၆၊ ၂၀၂၅။ (တနင်္ဂနွေ) ICCကဖမ်းဝရမ်းမထုတ်ခင်မှာပဲ အကြမ်းဖက်စစ်ခါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကရိုဟင်ဂျာအရေးနဲ့ ဖမ်းဝရမ်းထုတ်လိုက်ပါပြီ။ဒါ့ကြောင့်မင်းအောင်လှိုင်ဟာ နိုင်ငံတကာဝရမ်းပြေးတစ်ဦးအဖြစ် ပထမဆုံးအကြိမ်ဖြစ်လာပါပြီ။သူ့ကိုနောက်ထပ်ပြီးICCကဝရမ်းထုတ်ဖို့ပြင်ဆင်နေတဲ့အပြင် ICJမှာလဲအမှုရင်ဆိုင်နေရပါတယ်။ဒါပေမယ့်တစ်ခုရှိတာက ဘယ်တရားရုံးကပဲဝရမ်းထုတ်ထုတ်သူ့ကိုမြန်မာပြည်ထဲအထိ ဝင်ဖမ်းလို့မရပါဘူး။နိုင်ငံတကာကိုအသွားအလာကန့်သတ်လိုက်တဲ့ သဘောလောက်ပဲအကျိုးသက်ရောက်မှုရှိမှာပါ။ဒါကြောင့်တော်လှန်ရေးအပေါ်အကျိုးသက်ရောက်မှုကတော့ သိပ်ရှိမှာမဟုတ်ဘူး။ အာဂျင်တီးနားကဖမ်းဝရမ်းထုတ်တဲ့အထဲမှာ အရပ်သားသမ္မတဟောင်းဦးထင်ကျော်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့လဲပါဝင်နေပါတယ်။ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဝရမ်းထုတ်တာဖြစ်တဲ့အတွက်အမှုတွဲထဲပါဝင်သွားပုံပဲ။လတ်တလောမှာတော့ ထိုကဲ့သို့ပါဝင်သွားတာဟာ သူတို့အပေါ်သက်ရောက်မှုမရှိသလောက်ပါပဲ။သူတို့ကိုယ်တိုင်ဟာလဲ...
Read moreDetailsပြည်ပထွက်ပြီးအလုပ်လုပ်မယ့်အလုပ်သမားတွေအတွက် ထုတ်ပေးနေတဲ့အလုပ်သမားမှတ်ပုံတင်ကတ်OWICကတ် ထုတ်ပေးမှုကိုစစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်ပါပြီ။ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာလဲ မသိရသေးပါဘူး။ဒါဟာပြည်ပကိုအလုပ်သမားစေလွှတ်မှုတွေအားလုံး ရပ်နားလိုက်တဲ့သဘောပါပဲ။အသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို လေကြောင်းလမ်းကနေ ပြည်ပထွက်ခွာခွင့်လုံးဝမပေးတော့ပါဘူး။ ဒါ့အပြင်နယ်စပ်ထွက်ပေါက်တွေကတဆင့် အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာမယ့် လူငယ်တွေကိုပါ လိုက်လံပိတ်ပင်တားဆီးနေပါတယ်။ထိုင်းနိုင်ငံဘက်ထွက်လို့ရတဲ့ နယ်စပ်ဂိတ်အနည်းဆုံးသုံးခုခန့်နှင့်တရုတ်နိုင်ငံဘက်ထွက်လို့ရတဲ့ ရှမ်းမြောက်ကမူဆယ်နယ်စပ်ဂိတ်တွေမှာပါ ထိုအသက်အရွယ်အတွင်းအကျုံးဝင်သူတွေကို တရားဝင်လမ်းကြောင်းမှထွက်ခွာခွင့်မပေးတော့ပါဘူး။စစ်မှုထမ်းအသက်ရွယ်အတွင်းရှိနေတဲ့ လူငယ်တွေအားလုံးပြည်တွင်းမှာပိတ်မိကုန်ကြပါပြီ။
Read moreDetailsစောချစ်သူကိုထိုင်းဘက်က ဖမ်းဝရမ်းထုတ်ဖို့လေသံပစ်ပြီးနောက်ကျားဖြန့်လုပ်ငန်းတွေထဲမှ ဖမ်းဆီးခိုင်းစေခံနေရသူအများအပြားကိုBGFက ပြန်လွတ်ပေးနေပါတယ်။နိုင်ငံခြားသားအများစုပါဝင်နေပြီး ထိုင်းနိုင်ငံဘက်ကိုပြန်ပို့ပေးနေတယ်။စောချစ်သူကလဲ သူ့နယ်မြေထဲကျားဖြန့်လုပ်ငန်းတွေရှိနေတာ သူမသိကြောင်းခပ်ပြောင်ပြောင်ပဲငြင်းထားတယ်။ကျားဖြန့်လုပ်ငန်းတွေထဲမှာ အနိုင်ကျင့်ဖမ်းဆီးခံနေရသူတွေကိုပြန်လွတ်ပေးရုံလောက်နဲ့ ဒီကိစ္စကြီးတစ်ခုလုံးပြေလည်သွားမယ်လို့ ထင်နေကြတယ်။အနိုင်ကျင့်သူတွေ၊ပြစ်မှုကျူးလွန်သူတွေ တကယ်ငွေလိမ်နေတဲ့တရုတ်သူဌေးတွေကို အရေးယူဖို့ကျတော့ဘယ်သူမှစကားမဟပဲအသံတိတ်နေကြတယ်။ထိုသူတွေကို ဖမ်းဆီးအရေးမယူသ၍နိုင်ငံခြားသားတွေလွတ်ပေးလိုက်လဲ မြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့ ကျားဖြန့်ကဆက်လက်လည်ပတ်နေဦးမှာပဲ။ ဒီအရှုပ်တော်ပုံရဲ့အဓိကလက်သည်ကတော့ စစ်ကောင်စီနဲ့စောချစ်သူပါပဲ။သူတို့လက်ခံထားလို့သာ ကျားဖြန့်လုပ်ငန်တွေရှင်သန်နေတာပါ။ဒါပေမယ့်စောချစ်သူကို ထိုင်းကမထိရဲသလို စစ်ကောင်စီကိုလဲတရုတ်ကမထိရဲပါဘူး။ဒါ့ကြောင့်မြန်မာပြည်က...
Read moreDetailsကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားတဲ့ BGFခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ဖို့ စီစဥ်ခဲ့ပေမယ့် အခုထိုအစီအစဥ်ကို ရပ်ဆိုင်းထားလိုက်တယ်။ စောချစ်သူရဲ့အနေအထားက ကိုးကန့်လိုဖြစ်မှပဲ BGF နဲ့ ကျားဖြန့် ကို အမြစ်ပြတ်နိုင်မှာပါ။ထိုင်းအစိုးရဘက်ကနေ ဖမ်းဝရမ်း ထုတ်နိုင်လည်း...
Read moreDetailsစစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ အနီးဝန်းကျင်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို မနေ့က ည၁၀နာရီကနေ ဒီမနက် ၁၀နာရီအထိ စစ်အုပ်စုက ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်လို့ ကလေးသူငယ်တွေ အပါအဝင် ၁၀...
Read moreDetailsစစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေကိုလေကြောင်းမှ တိုက်ခိုက်ရာမှာစက်တပ်လေထီးတွေကိုအသုံးပြုလာပါတယ်။စက်တပ်လေထီးတွေဟာ ထိရောက်မှုအားနည်းတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မသုံးပဲအရပ်သားပြည်သူတွေကို လေကြောင်းကတိုက်ခိုက်တဲ့နေရာမှာသုံးလာတယ်။အထူးသဖြင့်EAOဒေသတွေမှာ မသုံးပဲမြန်မာပြည်အလယ်ပိုင်းက အရပ်သားပစ်မှတ်တွေကိုတိုက်ခိုက်ရာမှာသုံးလာတယ်။ထိုစက်တပ်လေထီးတွေကြောင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲမှာအရပ်သားပြည်သူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလိုရှိလာပါပြီ။လိုကယ်PDFတွေ စိုးမိုးတဲ့နေရာတွေဖြစ်တာကြောင့် ပစ်ချဖို့လဲမတတ်နိုင်သေးပါဘူး။လေယာဥ်၊ရဟတ်ယာဥ်တွေထပ်စာရင် စားရိတ်ကုန်ကျမှုမရှိသလောက်နည်းပါတဲ့ စက်တပ်လေထီးတွေကိုစစ်ကောင်စီဟာ နောက်ပိုင်းမှာကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာကြောင့် ဒါကိုတန်ပြန်နိုင်ဖို့နည်းလမ်းတွေအခုထဲက ရှာထားသင့်ပါပြီ။
Read moreDetailsတော်လှန်ရေးအင်အားစုတွေဘက်မှာ ငြိမ်သက်နေသလိုဖြစ်နေပေမယ့်စစ်ကောင်စီကတော့ သူ့အလုပ်သူ့ဆက်တိုက်လုပ်နေပါတယ်။တနိုင်ငံလုံးမှာ အတင်းအဓ္ဓမပေါ်တာဆွဲပြီးစစ်သားဟု ဆောင်းနေတာအပတ်စဥ်၁၀အထိရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့ကြောင့် အနည်းဆုံးအင်အားလေးသောင်းခန့်စုဆောင်းမိသွားပြီလို့ ခန့်မှန်းလို့ရတယ်။စစ်တပ်ဟာသူ့အင်အားကို ပြန်လည်တည်ဆောက်နေပြီးအချို့ဒေသတွေမှာ တန်ပြန်ထိုးစစ်အသေးစားလေးတွေကိုပြန်လည်စတင်လာနိုင်နေပါပြီ။ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလဲ စစ်ရေးအရှိန်ရပ်တန့်နေရင်စစ်ကောင်စီကပြန်လည်အသာစီးယူသွားနိုင်တယ်။အခုလောလောဆယ်အချိန်မှာ စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံတွေရှိတဲ့ နိုင်ငံအနောက်ပိုင်းဒေသတွေနဲ့စစ်ကိုင်း၊မကွေးစတဲ့မြေလတ်ဒေသတွေကို အားယူပြီးထိုးစစ်ကြီးတစ်ခုစဖို့မျှော်လင့်မိတယ်။ကျန်တဲ့ကရင်နဲ့ရှမ်းမြောက်ဒေသတွေကိုတော့ သိပ်မျှော်လင့်လို့မရတော့ပါဘူး။ဒီနှစ်မိုးရာသီမတိုင်ခင်မှာ နောက်တလှိုင်းမစနိုင်ရင်တော့ ၂၀၂၅အကုန်အဖြေတစ်ခုခုထွက်ဖို့က အလှမ်းဝေးနေဦးမှာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.