သပိတ်ကျင်းမြို့မှာ ရပ်နားပြီးပြင်ဆင်နေတဲ့စစ်ရေယာဥ်အုပ်စုဟာ ဆက်လက်ဆန်တက်လာခဲ့ရာမှာ ထီးချိုင့်နဲ့ကသာမြို့တွေကို ကျော်လွန်လာခဲ့ပါပြီ။ ထိုစစ်သင်္ဘောများဟာ ထီးချိုင့်နှင့်ကသာမြို့နယ်များသို့ရောက်ရှိစဉ် သင်္ဘောများပေါ်မှ လက်နက်ခဲယမ်း ရိက္ခာများချခဲ့တယ်လို့ သိရတယ်။ ဆန်တက်လာတဲ့စစ်သင်္ဘောအုပ်စုကို ကသာမြို့နယ်အထက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်နေကြတယ်။ အတိုက်ခံနေရလို့ ထိုနေရာ ဝန်းကျင် ရှေ့နောက် ဝဲယာ ကို မန္တလေးနဲ့မြစ်ကြီးနားကနေ လေယာဉ် ၄စီးနဲ့ မနားတမ်း လာပစ်နေတယ်။ စစ်သင်္ဘောအုပ်စုများအနေဖြင့် မြစ်ကျဉ်းနေရာများရှိသည့် အထက်ပိုင်းရောက်လေ တိုက်ခိုက်မှု ပိုခံရနိုင်ခြေရှိနေတယ်။
ဇူလိုင် ၂၈၊ ၂၀၂၅။ (တနင်္လာ)
စစ်ကောင်စီသာဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေပိုဆိုးလာနိုင်ပါတယ်။...