နာမည်ကျော်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက လူမှုကွန်ယက်ကနေတဆင့် NUGကိုပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အဓိကကတော့ NUGကိုပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေလိုနေပြီဆိုတဲ့ အကြောင်းပါ။အချိန်မနှောင်းမှီ လူရောမူရော ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ပြောထားတယ်။ပီးတော့အခုချိန်အထိ NUGဟာစစ်ရေးမှာ တစ်ခုတည်းသောအမိန့်ပေးကွပ်ကဲမှုစနစ်တစ်ရပ် မတည်ဆောက်နိုင်သေးတဲ့အကြောင်း ပြောထားတယ်။NUGလက်အောက်က တပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး နှစ်ဖွဲ့ကွဲနေတယ်။ဒါ့အပြင် ငွေကြေးဘဏ္ဏာရေးစီမံခန့်ခွဲမှုအပိုင်းမှာလဲ အတော်အားနည်းနေပါတယ်။ဒီအတိုင်းဆက်သွားရင် NUGရဲ့အခန်းကဏ္ဏဟာ တစ်ဖြည်းဖြည်းနဲ့ကျဆင်းသွားလိမ့်မယ်လို့ ဝေဖန်ထားတယ်။
ဇူလိုင် ၁၁၊ ၂၀၂၅။ (ကြာသပတေး)
မိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင်...