ကရင်နီပြည်နယ်မှာလဲ မိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီး နောက်စစ်ကောင်စီဟာ မိုးဗြဲလွိုင်ကော်လမ်းမကြီးကိုအလွယ်တကူပဲ ထိန်းချုပ်သွားနိုင်ခဲ့တယ်။ဆက်တိုက်ဆိုသလိုပဲတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒီမော့ဆိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာပါတယ်။အခုဆိုရင် စစ်ကြောင်းဟာဒီမော့ဆိုမြောက်ဘက်က နန်းမယ်ခုံအထိ ရောက်လာနေပါတယ်။စစ်ကောင်စီဟာ နိုင်နေတုန်းမှာအင်အားအလုံး အရင်းသုံးပြီးရသမျှနယ်မြေတွေ ပြန်ယူသွားဖို့ကြံစည်နေတယ်။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကလဲ အစွမ်းကုန်ခုခံနေပေ မယ့်လက်နက်အင်အားမမျှလို့ နောက်ဆုတ်ပေးနေရတယ်။ကရင်နီပြည်နယ်မှာလဲ စစ်ရေးအခြေအနေကတော့ သိပ်မကောင်းလှပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


