မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ၊တိုက်ခိုက်ရေး ရေယာဥ်တွေပါတဲ့ ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပါတယ်။ ထိုရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေပါဝင်တယ်လို့ သိရတယ်။ စစ်သင်္ဘောတွေပေါ်မှာတော့ သင်တန်းဆင်းစစ်သားသစ်တွေ၊...
Read moreDetailsအမေရိကန်က ကုန်သွယ်ခွန်တိုးကောက်တဲ့နိုင်ငံတွေ စာရင်းမှာမြန်မာနိုင်လဲပါဝင်လာပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတွေမှ ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်မယ့် အကြောင်းကြားစာ ပေးထားခဲ့ပါတယ်။မြန်မာနိုင်ငံကိုတော့စုစုပေါင်း၄၀ရါခိုင်နှုန်းတိုးကောက်မယ်လို့သတ်မှတ်လိုက်တယ်။အခုလို အခွန်တိုးကောက်မယ့်အကြောင်းကို အမေရိကန်သမ္မတလက်မှတ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ စာပို့အကြောင်းကြားထားလို့ မင်းအောင်လှိုင်ကသူတို့ကို အသိအမှတ်ပြုတယ်ဆိုပြီး ဂုဏ်ယူနေတယ်။အခွန်တိုးကောက်လို့...
Read moreDetailsနောင်ချိုမြို့ကိုစစ်ကောင်စီ ပြန်ရသွားတာဟာ တော်လှန်ရေးဘက်မှာဆုံးရှူံးမှုကြီးမားသလို စစ်ကောင်စီအတွက်တော့ ချိုမြိန်တဲ့ အောင်ပွဲတစ်ဖြစ်ခဲ့တယ်။နောင်ချိုမြို့ဟာမန္တလေးတိုင်းနဲ့ရှမ်းမြောက်အစပ်မှာ ရှိတာကြောင့်ရှမ်းမြောက်စစ်ကောင်စီကဆက်လက်ပြီး တိုက်စစ်ဆင်ဖို့အခွင့်အရေးရသွားပါပြီ။တော်လှန်ရေးတပ်တွေအနေနဲ့တော့ ပြင်ဦးလွင်နဲ့မန္တလေးကို သိမ်းယူဖို့အစီအစဥ်ကတော့အတော် အလှမ်းဝေးကွာသွားပြီဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်နောင်ချိုအပေါ်က မြို့နှစ်ခုဖြစ်တဲ့ကျောက်မဲနဲ့ သီပေါမြို့တွေကိုစစ်ကောင်စီကလားရှိုးကနေတဆင့် နှစ်ဘက်ညှပ်ပြီးပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ပါတယ်။ အခုလောလောဆယ်မှာလဲ မန္တလေးတိုင်းထဲကတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့သပိတ်ကျင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပါပြီ။နောင်ချိုမြို့ကိုစစ်ကောင်စီက ပြန်လည်ရရှိသွားတဲ့ သဘောပါပဲ။TNLAကတော့ အခုချိန်ထိ နောင်ချိုမြို့မကျအောင် ကာကွယ်နေတယ်လို့ပဲပြောနေတယ်။ဒါပေမယ့်သူ့တပ်ဖွဲ့တွေက မြို့ထဲမှာမရှိတော့ပါဘူး။ဒီလအစထဲကပြောခဲ့သလိုပဲ စစ်ကောင်စီရဲ့ထိုးစစ်ကိုထိထိရောက်ရောက် မခုခံနိုင်တဲ့အတွက် ဒီလမကုန်ခင်မှာပဲနောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပါပြီ။
Read moreDetailsကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်သော ဥကရစ်ထစခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပါပြီ။ဥကရစ်ထ တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ရာခန့် မနေ့က နေ့လည်ကတည်းက စခန်းစွန့်ခွာပြီးထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်။ ထိုစခန်းကို ၂၀၂၂ က တော်လှန်ရေးတပ်များက စခန်းသိမ်း...
Read moreDetailsမန္တလေးတိုင်း၊ မြင်းခြံမြို့၊ စစ်ကောင်စီ ဂိတ်များသို့ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးထားပြီးနောက် သတ်ပစ်လိုက်ကြောင်း သိရတယ်။ အမျိုးသမီးများ အပါအဝင် အယောက် ၃၀ ခန့် အသတ်ခံလိုက်ရခြင်းဖြစ်တယ်။ ဖမ်းဆီးခံထားသူများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်...
Read moreDetailsNUGကိုပြုပြင်ပြောင်းလဲဖို့ဝေဖန်သံတွေညံနေချိန်မှာပဲ PDF တွေရဲ့ သတင်းတချို့ထွက်ပေါ်လာပါတယ်။MDY PDF ဟာ သူတို့သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက ရွှေတွင်းတွေမှ ဝင်ငွေတွေအများကြီးဝင်နေတယ်။တလကို ရွှေ၇ပိသာခန့် ရှိနေတယ်လို့ဆိုတယ်။ဒါ့အပြင်ရွှေလုပ်ကွက်တွေက အခွန်ငွေအများအပြားလဲရရှိနေတယ်။ထိုငွေတွေဟာတော်လှန်ရေးအတွက် လိုအပ်နေတဲ့နေရာတွေမှာ သုံးဖို့ကောင်းကောင်းလုံလောက်ပါတယ်။ဒါပေမယ့်လဲအခုချိန်ထိ သပိတ်ကျင်းမြို့နယ်ထဲကစစ်ကောင်စီရဲ့ လက်ကျန်စစ်စခန်းတွေကို အပြီးသတ်မရှင်းလင်းနိုင်သေးဘူး။စစ်ကောင်စီဟာထိုစစ်စခန်းတွေကို အထိုင်ပြုပြီးအခုဆိုရင် တန်ပြန်ထိုးစစ်ဆင်နေပါပြီ။...
Read moreDetailsမိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင် စစ်ကောင်စီဟာမိုးဗြဲလွိုင်ကော်လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ရင်အခြေအနေတွေဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်အချိန်ထိ ပြန်ရောက်သွားမှာပါ။၁၀၂၇စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာမြို့တော်လွိုင်ကော်ကို သိမ်းပိုက်နိုင်လုနီးပါးအထိ အခြေအနေကောင်းခဲ့တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အထိ ထိုးဖောက်နိုင်ခဲ့တယ်။၁၀၂၇စစ်ဆင်ရေးအရှိန်သာ မလျော့ခဲ့ရင်ဒီအချိန်မှာ ကရင်နီပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်နေလောက်ပြီ။အခုတော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ မညီညွတ်မှုကြောင့်...
Read moreDetailsရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူသွားပါပြီ။ထိုမြို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက လက်နက်အင်အား၊လူအင်အားအလုံးအရင်းသုံးပြီး တရစပ်ထိုးစစ်ဆင်နေတာပါ။နေပြည်တော်နဲ့ မိုင်၁၅၀ခန့်သာ ဝေးကွာတာကြောင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိရေး အသဲအသန်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို ၇လ ကျော်ကြာခုခံနိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကတော့ လေးစားဖို့ကောင်းပါတယ်။ပြည်နယ်လေးကသေးပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ကျစ်လစ်စွာစုစည်းနိုင်တာကြောင့် ဒီလောက်ထိခုခံနိုင်ခဲ့တာပါ။
Read moreDetailsမနေ့ကဒေါက်တာတေဇာဆန်းရေးတဲ့ စာဟာ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အတော်ပွဲဆူနေပါတယ်။အများစုကတော့ သူ့ကိုထောက်ခံကြတယ်။တခြားသူတွေ အခုလိုဝေဖန်ရင်ဝိုင်းတိုက်ခိုက်ကြမှာဖြစ်ပေမယ့် ဒေါက်တာတေဇာဆန်းကိုယ်တိုင်က NUGရဲ့အတွင်းလူတစ်ယောက်ဖြစ်နေတယ်။ပြီးတော့သူဝေဖန်တဲ့ အချက်တွေကလဲမှန်နေတယ်လေ။ NUG ဟာဒီနှစ်ဆန်းကတည်းက ပြုပြင်ပြောင်းလဲမယ်ပြောထားတာ အခုနှစ်တဝက်ကျိုးတဲ့အချိန်အထိ ဘာမှဖြစ်မလာသေးပါဘူး။လက်ရှိအချိန်မှာနိုင်ငံရေးအရရော စစ်ရေးအရရော အပြောင်းအလဲတစ်ခုလိုအပ်နေတာ သိနေပေမယ့် မသိချင်ယောက်ဆောင်ပြီး ဘာပြောင်းလဲမှုမှမလုပ်ပါဘူး။အထွေထွေထိုးစစ်ကြီးစမယ်လို့သာ လေကြီးနေပေမယ့်အခုအချိန်ထိ...
Read moreDetailsYou can copy without credits to our site. We Need Freedom.