မိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင် စစ်ကောင်စီဟာမိုးဗြဲလွိုင်ကော်လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ရင်အခြေအနေတွေဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်အချိန်ထိ ပြန်ရောက်သွားမှာပါ။၁၀၂၇စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာမြို့တော်လွိုင်ကော်ကို သိမ်းပိုက်နိုင်လုနီးပါးအထိ အခြေအနေကောင်းခဲ့တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အထိ ထိုးဖောက်နိုင်ခဲ့တယ်။၁၀၂၇စစ်ဆင်ရေးအရှိန်သာ မလျော့ခဲ့ရင်ဒီအချိန်မှာ ကရင်နီပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်နေလောက်ပြီ။အခုတော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ မညီညွတ်မှုကြောင့် အခြေအနေကောင်းတွေကိုတဖြည်းဖြည်းနဲ့ ပြန်လည်စွန့်လွတ်နေရပါပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...