နောင်ချိုမြို့ကိုစစ်ကောင်စီ ပြန်ရသွားတာဟာ တော်လှန်ရေးဘက်မှာဆုံးရှူံးမှုကြီးမားသလို စစ်ကောင်စီအတွက်တော့ ချိုမြိန်တဲ့ အောင်ပွဲတစ်ဖြစ်ခဲ့တယ်။နောင်ချိုမြို့ဟာမန္တလေးတိုင်းနဲ့ရှမ်းမြောက်အစပ်မှာ ရှိတာကြောင့်ရှမ်းမြောက်စစ်ကောင်စီကဆက်လက်ပြီး တိုက်စစ်ဆင်ဖို့အခွင့်အရေးရသွားပါပြီ။တော်လှန်ရေးတပ်တွေအနေနဲ့တော့ ပြင်ဦးလွင်နဲ့မန္တလေးကို သိမ်းယူဖို့အစီအစဥ်ကတော့အတော် အလှမ်းဝေးကွာသွားပြီဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်နောင်ချိုအပေါ်က မြို့နှစ်ခုဖြစ်တဲ့ကျောက်မဲနဲ့ သီပေါမြို့တွေကိုစစ်ကောင်စီကလားရှိုးကနေတဆင့် နှစ်ဘက်ညှပ်ပြီးပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ပါတယ်။ အခုလောလောဆယ်မှာလဲ မန္တလေးတိုင်းထဲကတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့သပိတ်ကျင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


