နောင်ချိုမြို့ကိုစစ်ကောင်စီ ပြန်ရသွားတာဟာ တော်လှန်ရေးဘက်မှာဆုံးရှူံးမှုကြီးမားသလို စစ်ကောင်စီအတွက်တော့ ချိုမြိန်တဲ့ အောင်ပွဲတစ်ဖြစ်ခဲ့တယ်။နောင်ချိုမြို့ဟာမန္တလေးတိုင်းနဲ့ရှမ်းမြောက်အစပ်မှာ ရှိတာကြောင့်ရှမ်းမြောက်စစ်ကောင်စီကဆက်လက်ပြီး တိုက်စစ်ဆင်ဖို့အခွင့်အရေးရသွားပါပြီ။တော်လှန်ရေးတပ်တွေအနေနဲ့တော့ ပြင်ဦးလွင်နဲ့မန္တလေးကို သိမ်းယူဖို့အစီအစဥ်ကတော့အတော် အလှမ်းဝေးကွာသွားပြီဖြစ်ပါတယ်။ဒီအတိုင်းဆိုရင်နောင်ချိုအပေါ်က မြို့နှစ်ခုဖြစ်တဲ့ကျောက်မဲနဲ့ သီပေါမြို့တွေကိုစစ်ကောင်စီကလားရှိုးကနေတဆင့် နှစ်ဘက်ညှပ်ပြီးပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ပါတယ်။ အခုလောလောဆယ်မှာလဲ မန္တလေးတိုင်းထဲကတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့သပိတ်ကျင်းမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


