မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ၊တိုက်ခိုက်ရေး ရေယာဥ်တွေပါတဲ့ ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပါတယ်။ ထိုရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေပါဝင်တယ်လို့ သိရတယ်။ စစ်သင်္ဘောတွေပေါ်မှာတော့ သင်တန်းဆင်းစစ်သားသစ်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ တင်ဆောင်သွားတယ်။ သူတို့အဆင်ပြေပြေသွားနိုင်ဖို့ မြစ်ကမ်းနဘေးဒေသတွေကို ဗုံးကြဲပြီးလမ်းကြောင်းရှင်းဦးမှာပါ။ လတ်တလောမှာ မြစ်ကမ်းတလျှောက်က မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေသလို ဧရာဝတီမြစ်အထက်ပိုင်းက ဗန်းမော်မှာလည်းစစ်တပ်က KIA နဲ့မဟာမိတ်တပ်တွေရဲ့ ပိတ်ဆို့ဝိုင်းရံမှုကိုခံနေရတာပါ။ဒါကြောင့်ရေယာဥ်အုပ်စုဟာ ဗန်းမော်ကို စစ်ကူနဲ့ရိက္ခာတွေ ပို့ဖို့လို့ ခန့်မှန်းပြောနေကြသလို၊ မတ္တရာ ၊သပိတ်ကျင်းနယ်တွေကိုစစ်ကူပို့တာလို့ ခန့်မှန်းကြတယ်။ စစ်ကောင်စီဟာ မိုးရာသီမှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေကြီးချိန်မှာမြစ်အထက်ပိုင်းကစစ်တပ်စခန်းတွေကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေပို့ဖို့ ကြံစည်နေတာဖြစ်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


