မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ၊တိုက်ခိုက်ရေး ရေယာဥ်တွေပါတဲ့ ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပါတယ်။ ထိုရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေပါဝင်တယ်လို့ သိရတယ်။ စစ်သင်္ဘောတွေပေါ်မှာတော့ သင်တန်းဆင်းစစ်သားသစ်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ တင်ဆောင်သွားတယ်။ သူတို့အဆင်ပြေပြေသွားနိုင်ဖို့ မြစ်ကမ်းနဘေးဒေသတွေကို ဗုံးကြဲပြီးလမ်းကြောင်းရှင်းဦးမှာပါ။ လတ်တလောမှာ မြစ်ကမ်းတလျှောက်က မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေသလို ဧရာဝတီမြစ်အထက်ပိုင်းက ဗန်းမော်မှာလည်းစစ်တပ်က KIA နဲ့မဟာမိတ်တပ်တွေရဲ့ ပိတ်ဆို့ဝိုင်းရံမှုကိုခံနေရတာပါ။ဒါကြောင့်ရေယာဥ်အုပ်စုဟာ ဗန်းမော်ကို စစ်ကူနဲ့ရိက္ခာတွေ ပို့ဖို့လို့ ခန့်မှန်းပြောနေကြသလို၊ မတ္တရာ ၊သပိတ်ကျင်းနယ်တွေကိုစစ်ကူပို့တာလို့ ခန့်မှန်းကြတယ်။ စစ်ကောင်စီဟာ မိုးရာသီမှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေကြီးချိန်မှာမြစ်အထက်ပိုင်းကစစ်တပ်စခန်းတွေကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေပို့ဖို့ ကြံစည်နေတာဖြစ်တယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...