ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်သော ဥကရစ်ထစခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပါပြီ။ဥကရစ်ထ တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ရာခန့် မနေ့က နေ့လည်ကတည်းက စခန်းစွန့်ခွာပြီးထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်။
ထိုစခန်းကို ၂၀၂၂ က တော်လှန်ရေးတပ်များက စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့သေးတယ်။ စစ်ကောင်စီက လေကြောင်းအပြင်းအထန်ခုခံခဲ့၍ စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ခဲ့ပေ။ ထို အခြေအနေကို စစ်ကောင်စီက သက်ရှိစည်းရိုးဆိုပြီး ဝါဒဖြန့် ဇာတ်ကား ရိုက်ကူးခဲ့သေးတယ်။ လက်တွေ့မြေပြင်မှာတော့ စခန်းကိုစွန့်ပြီး ထိုင်းဘက်ကိုထွက်ပြေးသွားကြတယ်။ ဥကရစ်ထ တပ်စခန်းသိမ်းပိုက်နိုင်သောကြောင့် ထိုဒေသမှာ ဝေါ်လေဗျူဟာတစ်ခုသာ ကျန်တော့တယ်။ ကျန်နေသေးတဲ့ ဝေါလေဗျူဟာကိုလဲ အနှေးနဲ့အမြန်ရမှာပါပဲ။