LATEST STORIES

မတ် ၂၇၊ ၂၀၂၅။ (ကြာသပတေး)

ဧရာဝတီတိုင်းထဲမှာ စစ်ပွဲဧရိယာဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်က မြို့နယ်တွေဖြစ်တဲ့သာပေါင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူမြို့နယ်တွေထိတပြိုင်နက်ထဲ တိုက်ပွဲတွေဖော်ဆောင်နေပါတယ်။တိုက်ပွဲတွေဟာ မထင်မှတ်တဲ့နေရာတွေအထိ ရောက်လာတဲ့အတွက်ဒေသခံတွေ ချက်ချင်းစစ်ဘေးရှောင်နေရတယ်။ဧရာဝတီတိုင်းထဲမှာ     အေအေရဲ့ဦးတည်ချက်ဟာ ဘယ်နေရာမှန်းမသိသေးတဲ့အတွက် စစ်ကောင်စီဘက်မှာလဲ အရူးမီးဝိုင်းနေတယ်။ပဲခူးတိုင်းအနောက်ခြမ်း ကပစ စက်ရုံတွေနားကိုလဲ အေအေရဲ့ထိုးစစ်တွေရောက်ရှိနေပါတယ်။စစ်ကောင်စီဘက်ကစစ်ကူတွေ လွတ်နေပေမယ့်အကျအဆုံးများနေတာကြောင့်နောက်ဆုံးစစ်ကူမလွတ်တော့ပဲ ထိုစက်ရုံတွေနားမှာပဲခံစစ်ပြင်နေတယ်။အေအေရဲ့ထိုးစစ်တွေကတော့ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းဘက်မှာ...

Read moreDetails

မတ် ၂၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မနေ့ကမဲနှိုက်ဖို့​ဆော်သြပြီးနောက် ဒီနေ့မဟာအောင်မြေမြို့နယ်ရပ်ကွက်ရုံးတွေမှာ လူတွေစုရုံးနေကြတယ်။ဒါပေမယ့်တပ်သားသစ်စုဆောင်းခံရမယ့် လူငယ်တွေကိုသိပ်မတွေ့ရပဲ အသက်ကြီးကြီးအမျိုးသမီးကြီးတွေသာလာရောက် မဲနှိုက်ကြတယ်။မလာလို့လဲ အဆင်မပြေပါဘူး။ပျက်ကွက်ရင်မျက်ကွယ်မဲနှိုက်ပြီး အိမ်လာခေါ်မယ်၊အိမ်မှာမတွေ့ရင် အိမ်ကိုချိတ်ပိတ်တဲ့အထိ အရေးယူမယ်ဆိုတော့လာကြရတာပါပဲ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း မန္တလေးမြို့သစ်ပိုင်းက ရပ်ကွက်တချို့မှာ စစ်အုပ်စုက အထက်ပါအတိုင်း ရပ်ကွက်လုံးကျွတ် မဲနှိုက်ခိုင်းတာတွေ ရှိခဲ့ပြီး ရပ်ကွက်သူ၊...

Read moreDetails

မတ် ၂၅၊ ၂၀၂၅။ (အင်္ဂါ)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တမြို့နယ်လုံးက လူငယ်လူရွယ်တွေကို မဲနှိုက်ရွေးချယ်ကာ အပါတ်စဉ် ၁၂ အတွက် စစ်သားသစ် စုဆောင်းမှာဖို့ဓမ္မာရုံနဲ့ သတ်မှတ် နေရာတွေမှာ မပျက်မကွက် မဲလာနှိုက်ကြဖို့ စစ်အုပ်စုက မြို့နှံ့ လော်စပီကာနဲ့ လိုက်အော်နေပါတယ်။ စစ်သားသစ် စုဆောင်းခံရမယ့်...

Read moreDetails

မတ် ၂၄၊ ၂၀၂၅။ (တနင်္လာ)

မကွေးတိုင်း၊ရေလယ်ကျွန်းဒေသ ကျေးရွာတွေကိုစစ်သူပုန်တွေ ဆက်လက်မီးရှို့ဖျက်စီးနေဆဲပါပဲ။ပြီးခဲ့တဲ့ရက်တွေက ထိုဒေသကပြည်သူ၅၀ခန့်ကိုလဲ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိပြန်မလွတ်ပေးသေးပါဘူး။ကျေးရွာ၁၁ရွာက အိမ်ခြေတစ်ထောင်ခန့်မီးရှို့ခံထားရလို့ ဒေသခံတွေအတော်ဒုက္ခရောက်နေပြီး အကူအညီတွေလိုအပ်နေတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းကစပြီး ရေစကြိုနယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စု တွေဟာ နှစ်စဉ်လိုလို အကြိမ်ကြိမ်...

Read moreDetails

မတ် ၂၃၊ ၂၀၂၅။ (တနင်္ဂနွေ)

TLNAကသူတို့ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းနေသလိုပဲAAကလဲရခိုင်ပြည်နယ်မှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းဖို့စီစဥ်နေတယ်။အမျိုးသားဆိုရင် အသက်၁၈နှစ်မှ၄၅နှစ်အတွင်း၊အမျိုးသမီးဆိုရင်အသက်၁၈နှစ်မှ၃၅နှစ်အတွင်းလို့သိရတယ်။အခုလောလောဆယ်ကျောက်တော်မြို့နဲ့မြောက်ဦးမြို့တွေမှာ စတင်စီစဥ်နေတယ်။အလားတူပဲKIAကလဲ ကချင်ပြည်နယ်ထဲမှာတပ်သားသစ်တွေ စုဆောင်းနေတယ်လို့သတင်းတွေတက်နေတယ်။ စစ်ကောင်စီက ပြည်မမှာအတင်းအဓ္ဓမပေါ်တာဆွဲနေချိန်မှာ တိုင်းရင်းသားနယ်မြေတွေမှာလဲစစ်တိုက်ဖို့ လူစုနေတာသိပ်တော့မဆန်းပါဘူး။စစ်ပွဲကြီးတွေဖြစ်လာရင် နှစ်ဖက်လုံးမှာသေကြေပျက်ဆီးကြတာပဲလေ။လျော့ပါးသွားတဲ့ စစ်အင်အားတွေကိုပြန်ဖြည့်ဖို့ ကြိုးစားနေကြတယ်။ကြားထဲကတိုင်းပြည်ကလူငယ်တွေပဲ မြေဇာပင်ဖြစ်ကြရတယ်။စစ်ပွဲဆိုတာမဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ဒါပေမယ့်ဒီစစ်အာဏာရှင်ဖက်ဆစ်လက်အောက်က လွတ်မြောက်ဖို့တော့ဒီစစ်ပွဲကို နိုင်အောင်တိုက်ကြရမှာပဲ။

Read moreDetails

မတ် ၂၂၊ ၂၀၂၅။ (စနေ)

စစ်ကောင်စီကပြည်ပအလုပ်သမားစေလွတ်မှုကို အကန့်အသတ်နဲ့ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ဒါပေမယ့် တလကို တစ်ရာခန့်သာခွင့်ပြုမယ်ဆိုတော့ အတော်ကန့်သတ်လိုက်တဲ့သဘောပါပဲ။ပြည်ပကိုအခြေခံလုပ်သားတွေလုံးဝသွားခွင့်မရှိတော့ပဲ သူတို့ခွင့်ပြုသလောက်သာ သွားခွင့်ရှိတော့မှာပါ။လက်ရှိပြည်ပရောက်နေတဲ့ အလုပ်သမားတွေဆီကလဲ အခွန်ငွေလိုချင်သလောက်မရတဲ့အတွက် အခုလိုကန့်သတ်လိုက်တာဖြစ်တယ်။လေ​​ဆိပ်တွေကနေသွားခွင့်မရတော့သလို နယ်စပ်ဂိတ်တွေမှာလဲပိတ်ပင်ထားတာကြောင့် တရားဝင်နည်းလမ်းနဲ့လူငယ်တွေပြည်ပထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။ပျက်စီးနေတဲ့နိုင်ငံအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့စစ်တပ်ထဲမရောက်သွားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားရှောင်တိမ်းကြရတော့မယ်။

Read moreDetails

မတ် ၂၁၊ ၂၀၂၅။ (သောကြာ)

စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက အဝေးပြေးလမ်းတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေဟာ တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်တွေမှာ တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းသိရတယ်။အာဏာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်သည့်စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူနေပြီးနေ့စဉ်သိန်းထောင်ချီရရှိနေ​တယ်။ ထိုလမ်းတွေမှာကားအစီးရေ သောင်းချီဖြတ်နေပြီး တစ်စီးကို ၁၀၀၀ ကနေ...

Read moreDetails

မတ် ၂၀၊ ၂၀၂၅။ (ကြာသပတေး)

TLNA သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က ကွတ်ခိုင်မြို့တွေမှာ မြို့တွင်းလုံခြုံရေး တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စာရင်း ကောက်ယူနေပါတယ်။ ဒါ့အပြင် သူတို့သိမ်းထားတဲ့ ကျန်တဲ့မြို့တွေအားလုံးမှာ စာရင်းကောက်ဖို့ရှိနေတယ် လို့သိရတယ်။ TNLA အုပ်ချုပ်တဲ့မြို့တွေမှာ တပ်သားသစ် စုဆောင်းမှုကိုတော့...

Read moreDetails

မတ် ၁၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို စစ်သူပုန်တွေက နေ့စဉ် စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေပါတယ်။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာဒေသဖြစ်တဲ့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို စစ်အုပ်စုနဲ့ ပျူ စောထီးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၆ ရက်က စပြီး...

Read moreDetails

မတ် ၁၈၊ ၂၀၂၅။ (အင်္ဂါ)

VOA နဲ့ RFA ကိုပေးနေတဲ့ဘက်ဂျက်တွေကို ထရန့်အစိုးရလျော့ချဖြတ်တောက် လိုက်ပြန်ပါတယ်။ထိုသတင်းဌာနတွေရဲ့အသုံးစားရိတ်တွေ ဖြတ်တောက်ခံရတာကြောင့် ဝန်ထမ်းတွေထောင်ချီပြီးအလုပ်ပြုတ်ကုန်ပါပြီ။VOAဟာ အမေရိကန်အစိုးရပိုင်ဖြစ်ပြီး ထိုသတင်းဌာနနှစ်ခုလုံးဟာ တစ်ခါတလေမှာစစ်ကောင်စီဘက်ရပ်တဲ့ အရေးအသားမျိုးတင်ဆက်လေ့ရှိပေမယ့် တော်လှန်ရေးအတွက် အားထားရတဲ့သတင်းဌာနတွေပါ။အမေရိကန်အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲတွေကြောင့် အခြားပြည်ပအခြေစိုက်သတင်းဌာနတွေလဲ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနိုင်ပါတယ်။

Read moreDetails
Page 18 of 230 1 17 18 19 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist