Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄ နှစ် ကျော်လာပြီး ၅ နှစ်ထဲ ဖြတ်သန်းနေတဲ့အချိန်မှာ သီပေါမင်း ပါတော်မှုပြီး အစောပိုင်းကာလကလို သူ့ကျွန် မခံလိုဘူးဆိုပြီး သူတလူ ငါတမင်း စိတ်ဓါတ်တွေ ခံယူချက်တွေနဲ့တော့ နွေဦးတော်လှန်ရေးကို ဆက်သွားလို့ မရတော့ပါဘူး။တော်လှန်ရေးဟာ သူတလူ ငါတမင်း ဆက်သွားနေအုံးမယ်ဆိုရင် တော်လှန်ရေးဟာ ​ဝန်ပိလာပြီး စစ်ဘုရင်ငယ်တွေ ပေါ်ပေါက်လာစေကာ စစ်အာဏာရှင်တွေကို သက်ဆိုးရှည်ဖို့ ဖြစ်လာစေမှာပါ။  ၄ နှစ် ကျော်လာပြီဖြစ်တဲ့ တော်လှန်ရေးကို ဆက်ပြောရမယ်ဆိုရင် တော်လှန်ရေးဟာ အခုချိန်ထိတောင်မှ နေရှင်းဝှိုက်စစ်ရေး ပြည်နယ်အလိုက်စစ်ရေး တိုင်းဒေသကြီးအလိုက်စစ်ရေး နောက်ဆုံး မြို့နယ်တခုခြင်းအလိုက် တပြိုင်တည်းစစ်ရေး မဟာဗျူဟာကျစစ်ရေး မစတင်နိုင်သေးရင်တော့ တော်လှန်ရေးဟာ ဝန်ပိုပိလာပြီး စစ်တပ်ဟာ ပြိုလဲဖို့ခက်ပြီး စစ်အာဏာရှင်စနစ်ဟာ အဓွန့်ရှည်နေအုံးမှာသာဖြစ်တယ်။ ဒီချိန် ဒီကာလကျမှ ဟိုစခန်းလေး ဝင်ပစ်လိုက် ဒီစခန်းလေး ဝင်တိုက်လိုက် ပျောက်ကျားတိုက်နေတဲ့စစ်ရေးတွေအားလုံးဟာ တော်လှန်ရေးကို ဝန်ပိစေမှာသာဖြစ်တဲ့ စစ်ရေးတွေသာဖြစ်တယ်။ ဒီချိန်ထိတောင်မှ EROs အောက်မှာလည်းမရှိ NUG အောက်မှာလည်းမရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ မိမိတို့ဒေသ မိမိတို့နယ်မြေတွေကို ကိုယ်ထူကိုယ်ထဖြစ်စေ မဟာမိတ်အင်အားတွေနဲ့ဖြစ်စေ ပူးပေါင်း တိုက်နိုင်တဲ့အင်အားမရှိနေပဲ ပူးပေါင်းမတိုက်ပဲ တကိုယ်တည်း ကိုယ့်နယ်မြေကိုယ် ထိန်းထားယုံနဲ့ ကျေနပ်နေကြတာဟာ တော်လှန်ရေးနဲ့ပတ်သက် ဘာဆက်လုပ်ချင်တာလဲဆိုတာ မေးခွန်းထုတ်ရမယ့်အချိန်လည်းဖြစ်တယ်။

အလားတူ ၄ နှစ်ကျော်လာတဲ့ တော်လှန်ရေးမှာ NUG MOD အနေနဲ့လည်း လက်ရှိသိမ်းပိုက်ထားတဲ့ဒေသတွေမဟုတ်ပဲ ပြည်မထဲမှာ EROs တွေနဲ့ မဟာမိတ်စစ်ရေးဖြစ်စေ ကိုယ်ထူကိုယ်ထစစ်ရေးဖြစ်စေ မြို့နယ်တခုခြင်းအလိုက်ဖြစ်ဖြစ် တိုင်းဒေသကြီးအလိုက်ဖြစ်ဖြစ် တပြိုင်တည်းစစ်ရေး မစတင်နိုင်သေးတာ ဘာကြောင့်လဲ။ ယခင်အချိန်တွေမှာ ငွေကြေးကြောင့် လက်နက်လိုအပ်ချက်ကြောင့် ဖြည့်ဆည်းနေရတယ်ဆိုတာကို လက်ခံပေမယ့် သိမ်းပိုက်ထားတဲ့နယ်မြေတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ အခွန်အခနဲ့ သံယဇာတရင်းမြစ်တွေကနေ ရရှိငွေတွေ မဟာမိတ် EROs တချို့ကနေ လက်နက်တချို့ ရလာတဲ့ဒီလိုအချိန်မှာ ပြည်မထဲမှာ တိုင်းဒေသကြီးအလိုက်ဖြစ်ဖြစ် မြို့နယ်အလိုက်ဖြစ်ဖြစ် တပြိူင်တည်းစစ်ရေးတွေ မစတင်နိုင်သေးတာ ဘာလို့လဲ သိလိုမိတယ်။

အလားတူပဲ တော်လှန်ရေးလုပ်လာတဲ့ နှစ်ပေါင်း ၇၀ ကျော်လာပြီဆိုတဲ့ KNU အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်မယ်လို့သာ ပြောနေပေမယ့် တချို့သောခေါင်းဆောင်တွေ တချို့သောတပ်မဟာတွေ ကိုယ်ကျိုးစီးပွား များပြားနေတာ ဝေ့လည်လည် လုပ်နေတာ ကရင့်တော်လှန်ရေးကိုသာမက နွေဦးတော်လှန်ရေးကိုပါ အရှိန်လျော့စေပါတယ်။

တော်လှန်ရေးဟာ စစ်တပ်ကို အချိန်ပေးလို့မရနေပဲ အချိန်ကြာလာလေ တော်လှန်ရေးရင်းမြစ်တွေက ဝန်ပိလာပြီး စစ်တပ်က စစ်အင်အားအရေအတွက် ပိုရလာနေတယ်။ လက်နက်တွေ ပြန်လည်ဖြည့်ဆည်းလာနိုင်ပြီး အိမ်နီးခြင်းနိုင်ငံတွေရဲ့ အကူအညီတွေ ပံ့ပိုးမှုတွေ ရလာနေတာကိုလည်း လျှော့မတွက်ဖို့ လိုပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ၄ နှစ်ကျော်လာပြီး ၅ နှစ်ထဲ ဝင်လာတဲ့ နွေဦးတော်လှန်ရေးက သေချာကြည့်ရင် သူတလူ ငါတမင်း သွားနေလို့ကတော့ ဘာမှဆက်ဖြစ်မှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ စစ်တပ် ပြိုလဲဖို့ဆိုရင် မဟာမိတ်စစ်ရေး ပြည်နယ် ပြည်မ တပြိုင်တည်း စစ်ရေးကသာ ဖြစ်နိုင်မှာပါ။

Related Posts

မေ ၁၃၊ ၂၀၂၅။ (အင်္ဂါ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၁၃၊ ၂၀၂၅။ (အင်္ဂါ)

May 13, 2025

ဒီပဲယင်းမြို့နယ်တွင်းရှိ ကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး...

မေ ၁၂၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၁၂၊ ၂၀၂၅။ (တနင်္လာ)

May 12, 2025

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာစာသင်ကျောင်းတစ်ခုကို စစ်​​ကောင်စီကဗုံးကြဲခဲ့လို့ကျောင်းသူကျောင်းသားလေးတွေနဲ့ ဆရာမ စုစုပေါင်း၂၀...

မေ ၁၁၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၁၁၊ ၂၀၂၅။ (တနင်္ဂနွေ)

May 11, 2025

ငလျင်ဒဏ်ခံ မန္တလေး၌ နေအိမ်တိုက်တာ ပြိုပျက်မှုများကြောင့် အိမ်ခြံမြေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English