LATEST STORIES

မေ ၂၆၊ ၂၀၂၅။ (တနင်္လာ)

ကရင်ပြည်နယ်ထဲမှာတော့ KNUနဲ့ပူးပေါင်းတပ်တွေအတော်လေး လက်သံပြောင်နေပါတယ်။စစ်ကောင်စီတပ်စခန်းတွေကို တစ်နေ့တစ်ခုနှုန်းလောက်သိမ်းနေတယ်။အဓိကသိမ်းနေတာကတော့ ထိုင်းနယ်စပ်ကစခန်းတွေပါ။ထိုစခန်းတွေအားလုံးကို စစ်ကူပို့လို့မရအောင်လဲKNUက ပိတ်ဆို့ထားတယ်။ဒီနေ့လဲထိုင်းနယ်စပ်က အတိုက်ခံနေရတဲ့စခန်းတစ်ခုကို စစ်ကောင်စီကထိုင်းဘက်ကနေပတ်ပြီး စစ်ကူပို့တယ်။ထိုစစ်ကူတွေဟာလဲKNUက ကြားဖြတ်တိုက်ခိုက်လိုက်လို့ စစ်ကြောင်းပျက်ပြီးထိုင်းဘက်ကို ပြန်ပြေးသွားတယ်။နယ်စပ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ထိုင်းနိုင်ငံအနေနဲ့စစ်ကောင်စီတပ်တွေကို သူ့နယ်မြေကိုဖြတ်ပြီးစစ်ကူပို့ခွင့်ပြုတယ်။ထွက်ပြေးလာတဲ့ စစ်သူပုန်တွေကိုလက်ခံပြီး မြဝတီမြို့ကတဆင့်အသာတကြည်ပြန်လွှဲပေးခြင်းဖြင့် စစ်ကောင်စီကို မသိမသာကူညီနေတယ်။

Read moreDetails

မေ ၂၅၊ ၂၀၂၅။ (တနင်္ဂနွေ)

NUGထိန်းချုပ်ဒေသတွေမှာရှိတဲ့ ကြားကာလပညာရေးကျောင်းတွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ရပါတယ်။စစ်ကောင်စီက ​ထိုဒေသ​တွေကကျောင်းတွေကို ပစ်မှတ်ထားပြီးနေ့စဥ်နှင့်အမျှဗုံးကြဲနေလို့ အခုလိုပိတ်လိုက်ရတာပါ။စစ်ကောင်စီဟာ စစ်ကိုစစ်နဲ့တူအောင်မတိုက်ရဲပဲ သူရဲဘော​ကြောင်စွာကလေးသူငယ်ကျောင်းသားလေးတွေကို ပစ်မှတ်ထားနေတာပါ။ထိုသို့ကျောင်းတွေပိတ်လိုက်ရ​တာကြောင့် ထိုဒေသမှာရှိတဲ့ကလေးသူငယ်လေးတွေရဲ့ ပညာရေးအတွက် အရမ်းကိုနစ်နာပါတယ်။​တော်လှန်ရေးဟာ အဖြေတစ်ခုမထွက်မချင်းစာသင်ကြားခွင့်မရတော့တဲ့ အခြေအနေပါ။တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ ဘယ်လိုတည်ငြိမ်မှုမရှိအောင်ဖျက်စီးနေတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်တွေတစိတ်တပိုင်း အထမြောက်သွားတာပေါ့။

Read moreDetails

မေ ၂၄၊ ၂၀၂၅။ (စနေ)

စစ်ရေးကျွမ်းကျင်သူတွေခန့်မှန်းထားခဲ့သလို ဧပြီလနောက်ပိုင်းကစပြီးစစ်ကောင်စီဟာအဓ္ဓမစုဆောင်းထားတဲ့ တပ်သားသစ်တွေကိုစုစည်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေကိုတန်ပြန်ထိုးစစ်တွေ ဆင်နွှဲလာနိုင်နေပါပြီ။ချင်းပြည်နယ်ဘက်ကိုတက်လာတဲ့ စစ်ကြောင်းတွေ၊ကချင်ပြည်နယ်ဖားကန့်မြို့ဘက်တက်လာတဲ့ စစ်ကြောင်းတွေ၊ကရင်နီပြည်နယ်ကမိုး​ဗြဲတိုက်ပွဲနဲ့ရှမ်းပြည်နယ် မြောက်ပိုင်းတောင်ခမ်းကနေ နောင်ချိုမြို့ကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီရဲ့ ထိုးစစ်တွေဟာအမြင်သာဆုံးတွေပါပဲ။လက်ရှိအချိန်အထိတော့ ထိုတန်ပြန်ထိုးစစ်တွေက​တဆင့် အောင်မြင်မှုကြီးကြီးမားမားမရရှိသေးပါဘူး။ဒါပေမယ့်လဲ စစ်ကောင်စီရဲ့ထိုးစစ်တွေဟာတော်လှန်ရေးအင်အားစုတွေကို ဖိအားကျရောက်စေတယ်။ကိုယ်တွေဘက်မှာအကန့်အသတ်နဲ့သာရှိနေတဲ့ လက်နက်ခဲယမ်းအရင်းအမြစ်တွေကို စစ်ကောင်စီကိုအမြစ်ပြတ်အောင်တိုက်ရမယ့်အစား ခုခံစစ်အတွက်သုံးနေရတယ်။ဒါ့ကြောင့်စစ်ကောင်စီကိုအနိုင်တိုက်ဖို့အားလုံး ပါဝင်တဲ့မဟာဗျူဟာတစ်ခုမရှိသေးရင်တော့ ရေရှည်မှာတော်လှန်ရေးအင်အားစုတွေ လုံးပါးပါးလာနိုင်ပါတယ်။

Read moreDetails

မေ ၂၃၊ ၂၀၂၅။ (သောကြာ)

စစ်ကောင်စီဟာချင်းပြည်နယ်ကို စစ်ကြောင်းထိုးနေသလိုပဲ ကချင်ပြည်နယ်ဖားကန့်မြို့မှာပိတ်မိနေတဲ့စစ်သူပုန်တွေကို အင်အားဖြည့်တင်းနိုင်ရေးအပြင်းအထန်စစ်ကြောင်း ထိုးနေပါတယ်။ထိုစစ်ကြောင်းဟာလဲ အင်အားခြောက်ရာခန့်ရှိတယ်လို့ သိရတယ်။KIAကပိတ်ဆို့ဖြတ်တောက်နေ​ပေမယ့်လဲ အသေခံပြီးတိုးနေကြတယ်။အလားတူ ကရင်နီပြည်နယ်မိုး​​ဗြဲမြို့မှာလဲအခုချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ မိုးဗြဲမြို့ကိုလက်မလွှတ်ရရေးအတွက် ခုခံနေဆဲပါပဲ။

Read moreDetails

မေ ၂၂၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊ကလေးမြို့ကနေချင်းပြည်နယ်ဘက်ကို စစ်ကောင်စီယာဥ်တန်းတစ်ခု စစ်ကြောင်းထိုး ထွက်ခွာလာတယ်လို့သိရတယ်။ထိုယာဥ်တန်းမှာအင်အားငါးရာခန့် ပါဝင်ပြီးရိက္ခါတင်ယာဥ်တွေလဲ ပါဝင်လာတယ်။ချင်းပြည်နယ်ကစစ်ကောင်စီလက်ထဲမှာ ရှိနေသေးတဲ့ တီးတိန်မြို့ကိုဦးတည်လာနေလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက လမ်းမှာတားဆီးတိုက်ခိုက်နေတယ်။စစ်ကောင်စီဟာ ချင်းပြည်နယ်ဘက်ကိုစစ်ယာဥ်တန်းနဲ့ တက်မလာနိုင်တာ အတော်ကြာနေပါပြီ။ထိုယာဥ်တန်းဟာ တီးတိန်မြို့ကိုရောက်သွားရင် တော်လှန်ရေးတပ်ဖွဲ့တွေမြို့ကို သိမ်းဖို့ခက်ခဲသွားနိုင်ပြီးမကြာသေးမီက သိမ်းထားတဲ့ဖလမ်းမြို့ကိုပါ ခြိမ်းခြောက်လာနိုင်တယ်။ဒါ့ကြောင့်အရင်ကအစီးမကပ်ကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခုပေါင်းပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို...

Read moreDetails

မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ ရဟတ်ယာဥ်ဆင်းသက်ခါနီးမှာ အဓိကပန်ကာဒလက်တွေကို ထမှန်ပြီးပေါက်ကွဲသွားတယ်။လေပေါ်မှာရှိနေသေးတဲ့ စစ်ကောင်စီရဟတ်ယာဥ်တစ်စီးကို ဒရုန်းနဲ့ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်လိုက်တာဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ဒါပထမဆုံးပါပဲ။ဒီလိုနည်းဗျူဟာမျိုး ယူကရိန်းရုရှားစစ်ပွဲတွေမှာ တွေ့နေရပေမယ့် အခုမြန်မာပြည်တွင်းစစ်မှာတော်လှန်ရေးအင်အားစုတွေ စတင်အသုံးပြုလာနိုင်တာကြောင့်စစ်ကောင်စီရဲ့ လေယာဥ်ရဟတ်ယာဥ်တွေအတွက် အိမ်မက်ဆိုးတစ်ခုပါပဲ။ ထိုရဟတ်ယာဥ်ကိုKIAက ဒရုန်းတွေနဲ့အပြင်လက်နက်ကြီးတွေနဲ့ပါ...

Read moreDetails

မေ ၂၀၊ ၂၀၂၅။ (အင်္ဂါ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်မျက်နှာမှာ KIAကစစ်တပ်ရဲ့ရဟတ်ယာဥ်နှစ်စီးကို ပစ်ချနိုင်လိုက်ပါတယ်။​တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ကိုစစ်ကူလာပို့တဲ့စစ်သူပုန်တွေရဲ့ MI17ရဟတ်ယာဥ်သုံးစီးမှာတစ်စီးကို KIAကပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့ပြီး ထိုရဟတ်ယာဥ်ဟာ တောတွင်းတစ်နေရာမှာ ပျက်ကျသွားတယ်။ပျက်ကျသွားတဲ့နေရာကို KIAကရှာဖွေနိုင်ခဲ့ပြီး ရဟတ်ပေါ်ပါလာတဲ့ စစ်သူပုန်အားလုံးသေဆုံးသွားတယ်လို့ ဓာတ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ထားတယ်။နောက်ရဟတ်ယာဥ်တစ်စီးကတော့ ဗန်းမော်မြို့အနောက်ဘက် ရွှေကူမြို့အနီးထိပျံသန်းသွားနိုင်ခဲ့ပေမယ့် ကြုံတဲ့နေရာမှာအရေးပေါ်ဆင်းသက်ခဲ့ရတာကြောင့် အတော်လေးပျက်စီးသွားတယ်လို့ သိရတယ်။နောက်တစ်စီးကတော့ မြစ်ကြီးနားမြို့ကို...

Read moreDetails

မေ ၁၉၊ ၂၀၂၅။ (တနင်္လာ)

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊မြန်မာအိန္ဒိယနယ်စပ်မှာ အိန္ဒိယစစ်သားတွေက တမူးပကဖ တပ်သားမြန်မာPDFအဖွဲ့ဝင် ၁၀ဦးခန့်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ထိုနယ်စပ်မှာ အိန္ဒိယဘက်က ခြံစည်းရိုးခပ်နေတယ်။ဒါကိုမြန်မာဘက်ကနှောက်ယှက်တယ်ဆိုပြီး ဖမ်းဆီးသွားတာပါ။တကယ်မြန်မာဘက်က နှောက်ယှက်တာမျိုးမရှိပဲ PDFတွေရဲ့စခန်းကိုအင်အားသုံးစီးနင်းပြီး ဖမ်းဆီးသွားခြင်းဖြစ်တယ်။အလောင်းတွေပြန်ရခဲ့ပေမယ့် မသတ်ခင်နှိပ်စက်ထားတဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ဒီဖြစ်ရပ်မှာအိန္ဒိယဟာ မြန်မာပိုင်နက်ထဲကိုကျူးကျော်ပြီးမြန်မာစစ်သားတွေကို ဖမ်းဆီးသတ်ဖြတ်သွားတဲ့ သဘောပါပဲ။ဒါဟာတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို စော်ကားလိုက်ခြင်းပဲ။NUGကတော့ ဒီကိစ္စကို တရားဝင်ကန့်ကွက်ထားပြီးကျူးလွန်သူတွေကို အရေးယူပေးဖို့တောင်းဆိုထားတယ်။အခုလိုတိုင်းပြည်အင်အားနည်းပါနေချိန်မှာ...

Read moreDetails

မေ ၁၈၊ ၂၀၂၅။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ရွာတစ်ရွာကနေ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်၂၀ ကျော်ကိုစစ်သားစု ဆောင်း ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ(မုံရွာမြို့)ကို ပို့လိုက်ပြီလို့ နောက်ဆုံးသတင်းရပြီး ဒီနေ့အထိအဆက်အသွယ်ပျက်တောက်နေပါတယ်။ မေလ၁၂ရက် နေ့ည၊၉နာရီ လောက်မှာ ထိုရွာက Starlink အင်တာနက်ဆိုင်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမျိုးသား၊အမျိုးသမီး...

Read moreDetails

မေ ၁၇၊ ၂၀၂၅။ (စနေ)

တကယ်တော့ ၁၀၂၇စစ်ဆင်ရေးတွေနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုအားလုံးပါဝင်တဲ့ ထိုးစစ်ကြီးတစ်ခုလိုအပ်နေတယ်လို့ အရင်ကတည်းကပြောခဲ့ပါတယ်။မဟုတ်ရင် စစ်အုပ်စုကို အမြစ်မဖြတ်နိုင်လဲအီလည်လည်နဲ့ တော်လှန်ရေးဟာနှစ်နဲ့ချီပြီး ထပ်ကြာသွားနိုင်တယ်။အခုတောင် အီလည်လည်ဖြစ်နေပါပြီ။ဒီသဘောတရားကို သက်ဆိုင်ရာတော်လှန်ရေးခေါင်းဆောင်တွေလဲ နားလည်ကြမယ်ထင်ပါတယ်။ဒါပေမယ့် ခက်တာကအခုချိန်ထိ လက်တွဲလုပ်ကြမယ့်အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။သူ့ဒေသနဲ့သူ တသီးတသန့်တော်လှန်နေကြတယ်။တော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်မှုဟာ အရေးတကြီးလိုအပ်နေပါပြီ။

Read moreDetails
Page 17 of 235 1 16 17 18 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist