စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စီးဖြစ်တဲ့ စစ်ကိုင်းတံတားပေါ်ကို ဖြတ်သန်းလာတဲ့ ခရီးသွားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။ မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကိုင်းမြို့ဘက်ခြမ်း တံတားကြေးကောက်ခံတဲ့ဂိတ်မှာ လက်နက်ကိုင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဟာ ခရီးသွားကားတွေကိုတားဆီးပြီး ကားတွေပေါ်မှာလိုက်ပါလာတဲ့ လူငယ်အမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မှတ်ပုံတင်၊ ပိုက်ဆံအိတ်နဲ့ အင်္ကျီအဝတ်အစားထုပ်တွေ ယူခိုင်းပြီး သူတို့လိုက်ထရပ်ကားပေါ် တက်ခိုင်းတာ။ ဘာမှပြောချိန်မရဘူး။ သေနတ်တွေနဲ့ချိန်ပြီး ကိုယ်နဲ့မဆိုင်ရင် ဝင်မပါကြနဲ့ လို့ အော်ဟစ်ပြောဆိုနေကြသေးတယ်။ အိမ်စီးကားတွေလည်း မလွတ်ဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်ကိုစစ်ပြီး အသက် ၂၀ နဲ့ ၃၀ ကျော်အကြားအရွယ် အမျိုးသား ၃၀ ကျော်ကို ရွေးချယ်ဖမ်ဆီးသွားတာဖြစ်ကာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတွေကိုတော့ ဖမ်းဆီးမသွားတာကြောင့် စစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်ခံရတာပဲဖြစ်နိုင်တယ်။
အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့မှာလဲ မြို့ အထွက် လမ်းများကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ပြီး လူငယ် ၁၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ပေါ်တာဆွဲခံရသော လူငယ်များ အားလုံးကို မလှိုင်မြို့နယ် ထွေ/အုပ် ရုံးကို ခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးပါဘူး။
နယ်မြို့တွေမှာတော့ထိုကဲ့သို့ ပေါ်တာဆွဲခံရတဲ့သတင်းတွေကမကြားချင်မှအဆုံးပါပဲ။ ဘာတုန့်ပြန်မှုမှမလုပ်နိုင်ကြတဲ့အတွက် ခြင်းထဲကြက်တွေလို ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲ ထိုင်စောင့်နေရမှာပဲ။