အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၁၇၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

၁၀၂၇ စစ်ဆင်ရေးပြန်စချိန်မှာနိုင်ငံအလယ်ပိုင်းမှာလဲနည်းနည်းတော့လှုပ်ရှားလာပါပြီ။အရင်တစ်ခေါက်တုန်းကလိုမြို့သိမ်းတိုက်ပွဲ​တွေမဆင်နွှဲနိုင်သေးပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေဟာပခုက္ကူ၊မြင်းခြံ​၊တောင်သာစတဲ့မြို့တွေကပျူစောထီးအခြေစိုက်ရွာတွေကိုဆက်တိုက်တိုက်ခိုက်နေပါတယ်။တချို့ပျူစောထီးစခန်းတွေကိုသိမ်းပိုက်နိုင်ပြီးတချို့ကိုတော့လက်နက်ခဲယမ်းမလုံလောက်မှုကြောင့်မသိမ်းနိုင်ခဲ့ပါဘူး။ထိုဒေသတွေဟာစစ်ကိုင်းတိုင်းလောက်တော်လှန်ရေးအဖွဲ့တွေအားမကောင်းသေးတဲ့ဒေသတွေပါ။စစ်ကိုင်းတိုင်းထဲမှာတော့စစ်​ရေးလှုပ်ရှားမှုကြီးကြီးမားမား သိပ်မရှိသေးပဲငြိမ်သက်နေဆဲပါပဲ။အရင်ကပြောခဲ့သလိုပဲဒီလိုအချိန်ပြည်မမှာ မြို့တွေမသိမ်းနိုင်သေးရင်တောင်စစ်တပ်ရဲ့နယ်မြေခံထောက်တိုင်တွေဖြစ်တဲ့ ပျူစောထီးရွာတွေစခန်းတွေကိုတော့ အပြတ်ရှင်းသင့်နေပါပြီ။ ကယားခေါ်ကရင်နီပြည်နယ်မှာလဲတော်လှန်ရေးတပ်​ဖွဲ့တွေထိုးစစ်တွေပြန်မစနိုင်သေးပဲစစ်ကောင်စီရဲ့ထိုးစစ်ကိုသာခုခံနေရတယ်။စစ်ကောင်စီဟာလွိုင်ကော်မြို့ကိုအင်အား၂၀၀၀ခန့်နဲ့ပြန်ရဖို့ ထိုးစစ်ဆင်နေပြီးတော်လှန်ရေးအဖွဲ့တွေခုခံနေရတယ်။​အရင်ကခြေကုတ်ယူထားတဲ့မြို့ရဲ့တချို့နေရာတွေကိုတော့ လက်လွတ်ထားရတယ်။ဒါပေမယ့်လဲစစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အားအကောင်းဆုံးလို့ပြောလို့ရတဲ့ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဒီလိုအချိန်မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ယုံကြည်တယ်။

Read moreDetails

ဇူလိုင် ၁၆၊ ၂၀၂၄။ (အင်္ဂါ)

တရုတ်နိုင်ငံမှာကူမြူနစ်ပါတီနှစ်ပတ်လည်ညီလာခံကျင်းပမှာဖြစ်တဲ့အတွက်ဇူလိုင်၁၈ရက်နေ့အထိ တဖက်သတ်အပစ်ရပ်မယ်လို့ရှမ်းမြောက်မှာစစ်တပ်ကိုထိုးစစ်ဆင်‌ေနတဲ့MNDAA နဲ့ TLNA တို့ကကြေညာလိုက်တယ်။တရုတ်ရဲ့တောင်းဆိုမှုကြောင့်အခုလိုတဖက်သတ်အပစ်ရပ်ထားတာ ဖြစ်ပြီးစစ်တပ်ဘက်ကတိုက်ခိုက်လာပါကအပြည့်အဝခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ပြောထားတယ်။ ၁၀၂၇စစ်ဆင်ရေးပြန်စတာတစ်လတောင်မပြည့်သေးတဲ့အချိန်မှာတရုတ်ကကြားဝင်စွက်ဖက်လာပါပြီ။သူ့နိုင်ငံမှာညီလာခံလုပ်တာနဲ့ရှမ်းမြောက်ကတိုက်ပွဲ​တွေကအဝေးကြီးပါ။အရင်လို နယ်စပ်မျဉ်းပေါ်မှာဖြစ်နေတာလဲမဟုတ်ဘူးလေ။အခုလိုအပစ်ရပ်လိုက်ရတာကြောင့်လားရှိုးမြို့ကို သိမ်းဖို့ကြိုးစားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကြီးမားသောအဟန့်အတားတစ်ခုဖြစ်စေတယ်။ဒါပေမယ့်ထိုအပစ်ရပ်ကြေညာချက်ဟာ မန္တလေးတိုင်းထဲက စစ်ဆင်ရေးတွေမှာအကျုံးမဝင်ဘူးလို့ပြောထားတဲ့အတွက် မိုးကုတ်၊စဉ့်ကူး၊မတ္တရာစတဲ့မြို့တွေမှာတော့စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေဦးမှာပဲ။

Read moreDetails

ဇူလိုင် ၁၅၊ ၂၀၂၄။ (တနင်္လာ)

ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှု၏ နောက်ဆက်တွဲ ဘဏ်များတွင်ငွေသားထုတ်ယူမှု အကန့်အသတ်များ ဖြစ်ပေါ်လာချိန် မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုးကျဆင်းလျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ထိ ရောက်ရှိလာပါတယ်။အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်နေ့ ပုဂ္ဂလိကဘဏ်ပိုင်ရှင်များကို နေပြည်တော်သို့ခေါ်တွေ့ခဲ့သေးတယ်။ ပုဂ္ဂလိက ဘဏ်များ၏...

Read moreDetails

ဇူလိုင် ၁၄၊ ၂၀၂၄။ (တနင်္ဂ​နွေ)

မြန်မာပြည်အလယ်ပိုင်းမှာ မြစ်ရေကြီးနေတဲ့မြို့တွေ တဖြည်းဖြည်းနဲ့များပြားလာပါတယ်။အညာဒေသ ချင်းတွင်းနဲ့ဧရာဝတီမြစ်ရေကြီးရေလျှံမှုမြို့နယ် ၂၁ ခုအထိရှိလာပြီး ဒေသခံတွေဘေးလွတ်ရာပြောင်း ရွှေ့နေကြရသလို စိုက်ပျိုးသီးနှံ ဆုံးရှုံးမှုတွေလည်း ဆက်တိုက်ကြုံတွေ့လာနေရတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးခေါင်နေပြီး ပုံမှန်အားဖြင့် မိုးဖွဲဖွဲသာ ရွာလေ့ရှိပေမယ့် ချင်းတွင်းနဲ့ ဧရာ ဝတီမြစ်ဖျားပိုင်းတွေမှာ...

Read moreDetails

ဇူလိုင် ၁၃၊ ၂၀၂၄။ (စနေ)

ပြီးခဲ့တဲ့ရက်ပိုင်းကသမ္မတဟောင်းဦးသိန်းစိန်ကိုတရုတ်ကအခမ်းအနားတစ်ခုအတွက်ဖိတ်ကြားခဲ့ပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ပဲဦးသိန်းစိန်ကိုသာဖိတ်ကြားခဲ့တာပါ။ထိုအခမ်းအနားမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ဦးသိန်းစိန်ကိုတွေ့ဆုံပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်အာဏာစွန့်ပေးရန်ဖြောင်းဖြပေးဖို့ပြောဆိုခဲ့တယ်။ ထိုသတင်းတွေအရတရုတ်ဟာမင်းအောင်လှိုင်ကိုအတော်စိတ်ကုန်နေပါပြီ။မင်းအောင်လှိုင်လက်ထက်မှာ မြန်မာပြည်ထဲကတရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဘာမှဆက်လုပ်လို့မရတော့ဘူး။တရုတ်အနေနဲ့မင်းအောင်လှိုင်ကိုဖြုတ်ချပြီးအရင်တုန်းက ပုံရိပ်ကောင်းခဲ့တဲ့ဦးသိန်းစိန်ကိုတင်ဖို့ကြံစည်နေတာကိုတွေ့ရတယ်။ဒါပေမယ့်ဒီအချိန်ဦးသိန်းစိန်မှာဘာအာဏာပါဝါမှမရှိတော့တာကြောင့် ထိုအကြံအစည်ဟာဖြစ်လာနိုင်မယ်မထင်ဘူး။တဖက်မှာလဲမင်းအောင်လှိုင်ကိုစစ်ရေးအရဖိအားပေးဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုလွတ်ပေးထားတယ်။ဘာပဲဖြစ်ဖြစ်မင်းအောင်လှိုင်အတွက်တော့ အတော်ဖိအားများနေပါပြီ။

Read moreDetails

ဇူလိုင် ၁၂၊ ၂၀၂၄။ (သောကြာ)

ရှမ်းပြည်မြောက်ပိုင်းကနောင်ချိုမြို့ကိုTLNAနဲ့ပူးပေါင်းတပ်တွေအပီးသတ်သိမ်းပိုက်လိုက်ပါပြီ။မြို့မှာနောက်ဆုံးခုခံနေတဲ့စစ်ကောင်စီရဲ့ဒုံးတပ်ရင်းဟာမြို့တောင်ဘက်၁၅မိုင်ခန့်အကွာမှာရှိတဲ့ အမြောက်တပ်တစ်ခုဆီကိုဆုတ်ခွာထွက်ပြေးသွားခဲ့တယ်။ဒါ့ကြောင့်နောင်ချိုမြို့ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂မှာ ပထမဆုံးသိမ်းပိုက်လိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။ထိုမြို့ဟာစစ်တက္ကသိုလ် တွေတည်ရှိရာပြင်ဦးလွင်မြို့နဲ့မိုင်၃၀ခန့်သာဝေးတာကြောင့်ပြင်ဦးလွင်မြို့ကိုကောင်းကောင်းခြိမ်းခြောက်ထားနိုင်နေပါပြီ။ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာတော့ဧရာဝတီမြစ်ရေကျဆင်းသွားပါပြီ။မြစ်ရေကြီးမှုကြောင့်  သေဆုံးသူ၁၀ယောက်တော့ရှိခဲ့တယ်။ဧရာဝတီမြစ်ရေဟာမြ​​စ်ကြီးနားမြို့ပေါ်ကနေကျဆင်းသွားပေမယ့်လဲ အောက်ဖက်ရှိမြစ်ရိုးတလျောက်ကမြို့တွေကိုခြိမ်းခြောက်လာနေပါတယ်။ကချင်ပြည်နယ်အောက်ပိုင်းနဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကဗန်းမော်၊ရွှေကူ၊ကသာ၊ထီးချိုင့်စတဲ့မြို့တွေမှာ ဆက်လက်ရေကြီးလာနိုင်ပါတယ်။

Read moreDetails

ဇူလိုင် ၁၁၊ ၂၀၂၄။ (ကြာသပတေး)

ဇူလိုင်လ ၁ ရက်​နေ့ ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ကြေညာပြီးနောက် ထင်ထားတဲ့အတိုင်း လူတွေဘဏ်တွေမှာစုပြုံ​ငွေထုတ်နေကြပြီ။ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူများသာ...

Read moreDetails

ဇူလိုင် ၁၀၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ဒီရက်ပိုင်းထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရခိုင်ပြည် အမ်းမြို့ အရင်ကျမလား၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရှမ်းမြောက် လားရှိုးမြို့ အရင်ကျမလား ရင်ခုန်စရာပဲ။ AA က မောင်တောမြို့ရဲ့ တခုတည်းသော လက်ကျန်စခန်းကို ထိုးစစ်ဆင်နေသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ရဲ့ အရေးအပါဆုံး ရှေ့ကာစခန်းဖြစ်တဲ့...

Read moreDetails

ဇူလိုင် ၀၉၊ ၂၀၂၄။ (အင်္ဂါ)

အေအေတပ်တော်အနေနဲ့ ရခိုင်တောင်ပိုင်းမှာ သံတွဲမြို့ကိုရရှိနိုင်ဖို့ ကြိုးစားနေသလို ရခိုင်မြောက်ပိုင်းဘင်္ဂလားရှေဒ်နယ်စပ်က မောင်တောမြို့ကိုထိုးစစ်ဆင်နေပြီး မောင်တောဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ဇူလိုင်လ ၆ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်။ ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရရှိပြီး...

Read moreDetails

ဇူလိုင် ၀၈၊ ၂၀၂၄။ (တနင်္လါ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာလဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သံတွဲဒေသ တိုက်ပွဲများအတွင်းစစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိပြီးလေဆိပ်ကို ထိန်းချုပ်ထားကြောင်း ရခိုင်တပ်တော်က ထုတ်ပြန်လိုက်တယ်။ငပလီကမ်းခြေနားမှာ စစ်ကောင်စီတပ်ရင်းနှစ်ရင်းရှိပြီး ကမ်းခြေရဲ့မြောက်ဘက်က တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့...

Read moreDetails
Page 42 of 173 1 41 42 43 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist