အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၀၈၊ ၂၀၂၄။ (အင်္ဂါ)

ဒေါက်တာဇော်မြင့်မောင်ကျဆုံးသွားတာဟာ တိုင်းပြည်အတွက်အလွန်နစ်နာတဲ့ ဆုံးရှုံးမှုတစ်ခုပါ။သူဟာNLDပါတီရဲ့ ဒုဥက္ကဌလဲဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ကလဲ နှစ်ပေါင်းများစွာစစ်အုပ်စုရဲ့ ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရတယ်။၁၉၈၈အရေးတော်ပုံကစပြီး ထောင်ကျသွားတာနှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ၂၀၁၂ခုနှစ်လောက်မှ ပြန်လွတ်လာခဲ့တယ်။သူ့ရဲ့ဘဝအချိန်ပေါင်းများစွာဟာ ထောင်ထဲမှာပဲဒီမိုကရေစီအရေးအတွက် ကုန်ဆုံးခဲ့တယ်။ပြန်လွတ်လာပြီးနောက် NLDပါတီဦးဆောင်တဲ့အရပ်သားအစိုးရလက်ထက်မှာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ သူ့လက်ထက်မှာမန္တလေးမြို့ဟာ မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်ပြောင်းလဲခဲ့ပါတယ်။အရင်ကဒုစရိုက်မှုတွေ​ပေါများခဲ့ပြီး ညစ်ပတ်စုတ်ပြတ်နေတဲ့မြို့ကို အရှေ့တောင်အာရှရဲ့စမတ်စီးတီးတစ်ခုဖြစ်တဲ့အထိ...

Read more

အောက်တိုဘာ ၀၇၊ ၂၀၂၄။ (တနင်္လာ)

ယခင်အရပ်သားအစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။သူ့ကိုစစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ မတရားဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။သွေးကင်ဆာရောဂါခံစားနေရပေမယ့် ထောင်ထဲမှာလိုအပ်တဲ့ ဆေးကုသမှုတွေမပေးခဲ့ပါဘူး။ရောဂါဝေဒနာအတော်ဆိုးလာမှ မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်။​မနေ့ကတည်းက သတိလွတ်မေ့မျောနေခဲ့ပြီး ဒီနေ့မှာတော့ဆုံးပါးသွားခဲ့တယ်။သတိလစ်မေ့မျောနေချိန်မှာ စစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ကို လာဖတ်ပြသွားသေးတယ်။စေတနာရှိလို့မဟုတ်ပဲ သေတော့မှာသေချာလို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။အခုတော့တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့အာဇာနည်တစ်ဦးကို စစ်ကောင်စီကအနုနည်းနဲ့...

Read more

အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)

ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။

Read more

အောက်တိုဘာ ၀၅၊ ၂၀၂၄။ (စနေ)

တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေမှာ အဓိကအချက်တစ်ခု ကျန်ပါသေးတယ်။ အဲ့ဒါကတော့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့်...

Read more

အောက်တိုဘာ ၀၄၊ ၂၀၂၄။ (သောကြာ)

မြန်မာနောင်းက ဖော်ပြတဲ့သတင်းထဲက အဓိကအချက်အလက်တွေကတော့ တရုတ်ဟာ ဝ(UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ MNDAA နှင့် ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ အလုံးစုံပိတ်ဆို့အရေးယူမှုတွင် UWSA က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေး ခဲ့တယ်။ တရုတ်အစိုးရဟာ...

Read more

အောက်တိုဘာ ၀၃၊ ၂၀၂၄။ (ကြာသပတေး)

တရုတ်ကိုယ်စားလှယ်နဲ့ရှမ်းမြောက်ကEAOအဖွဲ့ တွေ့ဆုံပွဲကသတင်းအချက်အလက်တွေကို မြန်မာနောင်းသတင်းဌာနက ဖွင့်ချလိုက်ပါတယ်။ထိုတွေ့ဆုံပွဲကို MNDAAက လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ​ ပြုလုပ်ခဲ့တယ်လို့သိရတယ်။စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မတွေ့ဆုံ​ခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုလာရောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီနောက် တရုတ်အထူးကိုယ်စားလှယ်ဟာ တရုတ်မြန်မာနယ်စပ်မျဥ်းပေါ်က EAOတွေဖြစ်တဲ့ ကချင်အဖွဲ့၊ကိုးကန့်အဖွဲ့၊တအောင်းအဖွဲ့၊ဝအဖွဲ့တို့နဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။အဓီကကတော့ထိုEAOတွေအနေနဲ့စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ဖို့ ဖိအားပေးခဲ့တာလို့သိရတယ်။ထိုအဖွဲ့တွေထဲမှာမှ...

Read more

အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုမြို့တွေကို တိုက်ပွဲ ၄ရက်တာအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ ထိုဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေသိပ်မရှိပဲ နယ်မြေခံကချင်ပြည်သူ့စစ်တပ်တွေသာအဓိက ရှိနေတာပါ။ KIA ကတော့ ထိုပြည်သူ့စစ်နယ်မြေထဲက အခြားမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်မယ့် အနေအထားမှာရှိနေတယ်။...

Read more

အောက်တိုဘာ ၀၁၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်မှာAAက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ကို ထိုးစစ်စတင်နေပြီဖြစ်ပါတယ်။(AA) နှင့် စစ်ကောင်စီတို့ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေတယ်။ အမ်းမြို့တိုက်ပွဲကို စက်တင်ဘာလ ၂၆မှာ စတာလို့သိရတယ်။အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်...

Read more

စက်တင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ)

အခုရက်ပိုင်းဒေါ်လာစျေးတွေ တဖြည်းဖြည်းနဲ့ထိုးကျလာတာ တွေ့ရပါတယ်။လဆန်းပိုင်းက ၆၀၀၀ကျပ်အထက်မှာရှိတဲ့ ဒေါ်လာစျေးဟာအခုဆိုရင် ၅၀၀၀ကျပ်အောက်အထိကျဆင်းလာပါပြီ။နှစ်စဉ်စက်တင်ဘာ၊အောက်တိုဘာလတွေရောက်ရင် ဒေါ်လာစျေးတွေကျဆင်းနေကျဆိုပေမယ့် သိရတဲ့အခြားသတင်းတစ်ခုအရတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ စစ်ကောင်စီက ငွေကြေးဈေးကွက်အတွင်း တရုတ်ယွမ်ငွေတွေ ပိုထုတ်ရောင်းလာနေတယ်။ နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် သွင်းကုန်လုပ်ငန်းများနှင့် လေယာဉ်ဆီနှင့်အခြားစက်သုံးဆီများအတွက် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် အမေရိကန်...

Read more

စက်တင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂ​နွေ)

မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝထုတ်လုပ်နိုင်တဲ့ မိုးရာသီမှာတောင်ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစကမိုးရာသီဆိုရင်တစ်နိုင်ငံလုံးကို၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီး ညပိုင်းတွေကိုတော့မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့မိုးရာသီမှာတောင် နေ့ရောညပါအလှည့်ကျစနစ်နဲ့မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီးလျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေ မနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က အခြေအနေပဲရှိပါသေးတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာဆိုတနေ့ရှစ်နာရီတောင် လျှပ်စစ်မီးမရတော့ပါဘူး။အခြားနယ်မြို့တွေကတော့ ဆိုဖွယ်ရာမရှိတော့ဘူး။ တနိုင်ငံလုံးရေတွေကြီးပြီး ရေအားလျှပ်စစ်ထုတ်ပေးနေတဲ့ဆည်တွေ...

Read more
Page 4 of 143 1 3 4 5 143

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist