LATEST STORIES

အောက်တိုဘာ ၃၀၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

နွေဦးတော်လှန်​​ရေးအောင်မြင်ဖို့ဆိုရင်တော့ပြောခဲ့တဲ့အချက်တွေကိုမဖြစ်မနေကျော်လွားနိုင်ဖို့လိုပါတယ်။ တရုတ်ရဲ့ဖိအားကိုကျော်လွှားနိုင်ဖို့ဆိုရင်တော့ အခုလတ်တလောမှာပိတ်ဆို့မှုခံနေရတဲ့ဒေသများက ပြည်သူတွေတောင့်ခံနိုင်ဖို့လိုပါတယ်။တရုတ်ရဲ့ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ဘူးဆိုတာပြသနိုင်ရမယ်။ရေရှည်အတွက်ဆိုရင်တော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ အားလုံးစုစည်းညီညွတ်မှရမှာပါ။တရုတ်လိုနိုင်ငံကြီးတစ်ခုရဲ့ဖိအားကို ရင်ဆိုင်ဖို့တော်လှန်ရေးအင်အားစုတွေအကုန် ကျောချင်းကပ်ထားရမယ်။စစ်ရေးမှာတပ်ပေါင်းစုပုံစံလှုပ်ရှားနိုင်ဖို့လိုသလို နိုင်ငံရေးမှာလဲ တော်လှန်ရေးညွန့်ပေါင်းအစိုးရပုံစံမျိုးအထိသွားဖို့လိုပါတယ်။အခုချိန်ထိလူတွေဟာစစ်ရေးတိုးတက်မှုအကြောင်းတွေကိုသာပြောနေကြပြီးနိုင်ငံရေးပိုင်းမှာတိုးတက်မှုမရှိသလောက် ဖြစ်နေတာမျက်ကွယ်ပြုထားသလိုဖြစ်နေတယ်။တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးရောနိုင်ငံရေးမှာပါ​ပူးပေါင်းနိုင်မှ တရုတ်ကိုရင်ဆိုင်နိုင်မှာပါ။ နောက်တစ်ချက်ဖြစ်တဲ့စစ်ကောင်စီရဲ့ အတင်းအကြပ်စစ်မှုထမ်းဥပဒေကို ကျော်လွားဖို့ကစစ်ရေးအရအဆက်မပြတ်ဖိအားပေးဖို့လိုပါမယ်။စစ်ကောင်စီကိုထိုးစစ်တွေဆက်တိုက်ဖော်ဆောင်နေမှ စစ်တပ်ဟာသူ့တပ်ကိုသေချာမတည်ဆောက်နိုင်မှာပါ။အခုတောင်တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်တွေရပ်တန့်နေပါပြီ။နောက်တလှိုင်းကိုမြန်မြန်ဖော်ဆောင်နိုင်မှ စစ်ကောင်စီကိုဖိအား​ပေးနိုင်မှာပါ။

Read moreDetails

အောက်တိုဘာ ၂၉၊ ၂၀၂၄။ (အင်္ဂါ)

တော်လှန်ရေးရဲ့အရှိန်အဟုန်ကိုတားဆီးနေတဲ့ နောက်အချက်တစ်ခုကတော့စစ်ကောင်စီရဲ့ အဓ္ဓမစစ်မှုထမ်းဥပဒေပါပဲ။စစ်ကောင်စီဟာ ထိုဥပဒေကိုဖေဖော်ဝါရီလကပြဌာန်းပြီး တရားဝင်ပေါ်တာဆွဲခွင့်ဥပေဒအဖြစ် အသုံးချလာခဲ့တယ်။အစပိုင်းလတွေမှာတော့ ဥပဒေအတိုင်းစစ်သားစုဆောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့အတင်းအကျပ်ပေါ်တာဆွဲစုဆောင်းလာခဲ့တာ အခုဆိုရင်အပတ်စဥ်၆အထိ ရောက်လာခဲ့ပါပြီ။အပတ်စဥ်တစ်ခုမှာလူဦးရေ၅၀၀၀နှုန်းနဲ့ဆိုရင်တောင်မှအခုချိန်ထိအင်အားအနည်းဆုံးနှစ်သောင်းကျော်ရရှိခဲ့တယ်။ထိုတပ်သားသစ်တွေကို အသုံးချပြီးစစ်ကောင်စီဟာ ပြုန်းတီးသွားတဲ့အင်အားတွေကိုပြန်လည်ဖြည့်တင်းကာ တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်တွေကို ရင်ဆိုင်လာနေပါပြီ။ထိုဥပဒေရဲ့အကျိုးသက်ရောက်မှုကိုတော်လှန်ရေးအဖွဲ့တွေ စတင်ခံစားနေရပြီ။ ဥပမာပြောရရင်တောင်ခမ်းဒေသကစစ်ကောင်စီရဲ့အမြောက်တပ်တွေကို TLNAအနေနဲ့သုံးလနီးပါးတိုက်ခိုက်နေပေမယ့် မရရှိသေးပါဘူး။ထိုအမြောက်တပ်တွေကို ရှမ်းတောင်ကနေစစ်ကူတွေ အဆက်မပြတ်ပို့ပေးနေလို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့...

Read moreDetails

အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)

တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိ​ုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။  

Read moreDetails

အောက်တိုဘာ ၂၇၊ ၂၀၂၄။ (တနင်္ဂနွေ)

ဒီနေ့ဟာ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တဲ့တစ်နှစ်မြောက်နှစ်ပတ်လည်ပါ။ဒီနေ့မှာတော့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကဘာထူးခြားမှုမှမရှိပေမယ့်စစ်ကောင်စီကတော့လားရှိုးအပါအဝင်ရှမ်းမြောက်ကမြို့ကြီးတွေကိုလေကြောင်းကဗုံးကြဲတိုက်ခိုက်နေပါတယ်။ တကယ်တော့ဒီနေ့ဟာမြန်မာ့သမိုင်းမှာသမိုင်းဝင်မယ့်နေတစ်နေ့ဖြစ်လာမှာပါ။​မနှစ်ကဒီနေ့မတိုင်ခင်ကနွေဦးတော်လှန်ရေးဟာအီလည်လည်ကြီးဖြစ်နေခဲ့တယ်။စစ်ကောင်စီတပ်ကိုဒေသအလိုက်တိုက်ခိုက်မှုတွေရှိနေ​ခဲ့ပေမယ့်မဟာဗျူဟာ​​မြောက်ထိုးစစ်ကြီးတွေမပြုလုပ်နိုင်တာကြောင့်တော်လှန်ရေးရဲ့အခြေအနေဟာ၃နှစ်ခန့်ကြာသည့်တိုင်အောင်ဘာမှန်းမသိခဲ့ဘူး။၁၀၂၇စစ်ဆင်ရေးပေါ်ပေါက်လာပြီးနောက်စစ်တပ်ရဲ့အနေအထားကိုပြည်တွင်းရောပြည်ပကပါကောင်းကောင်းသိရှိသွားကြတယ်။ပြည်ပနိုင်ငံတွေဆိုရင်ဒီပွဲမှာနောက်ဆုံးတော့စစ်တပ်ပဲနိုင်သွားမှာပါလို့မှတ်ချက်ပေးခဲ့ရာကနေစစ်တပ်ပြိုကွဲသွားရင်ဘာတွေဆက်ဖြစ်လာမလဲလို့ပြော​လာကြပြီဖြစ်တယ်။ပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်ဖို့မျှော်လင့်ချက်တွေတောက်ပလာပါတယ်။လက်ရှိအချိန်ထိလဲတော်လှန်ရေးဟာအရှိန်တစ်ခုနဲ့ဆက်သွားနေပါတယ်။ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့​အားလုံးဝိုင်းဝန်းကြိုးစားလုပ်ဆောင်နေကြတယ်။

Read moreDetails

အောက်တိုဘာ ၂၆၊ ၂၀၂၄။ (စနေ)

စက်တင်ဘာလ နောက်ဆုံးပါတ်တွင် စတင်ခဲ့သည့် ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းများကို AAကဆက်တိုက်သိမ်းယူနေပြီး ယခုအခါ တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးအထိရောက်ရှိလာပြီဖြစ်ပါတယ်။ လက်တကမ်းတိုက်ပွဲဖြစ်နေပြီး AAရဲ့ ထိုးစစ်ကို စစ်ကောင်စီဘယ်လိုမှမခံနိုင်တော့ဘူးလို့ သိရတယ်။စစ်တပ်ဘက်ကတော်တော်ကို အထိအခိုက်အကျဆုံးများနေပြီး အရာရှိတွေကို ဟတ်စကီး‌တွေနဲ့ သယ်ထုတ်သွားတဲ့ သတင်းတွေရထားတယ်။...

Read moreDetails

အောက်တိုဘာ ၂၅၊ ၂၀၂၄။ (သောကြာ)

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ ပြီးခဲ့တဲ့ရက်တွေက မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်တာဇော်မြင့်မောင်ရဲ့ဇာပနပွဲကို တက်ရောက်ခဲ့ပြီးနောက် လူမှုကွန်ယက်မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်ထက်မှာ မန္တလေးမြို့ကြီးSmart City ဖြစ်အောင် ကြိုးပမ်းခဲ့တာ ၊ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်တာတွေကိုလေးစားသမှုနဲ့...

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၄။ (ကြာသပတေး)

တရုတ်ကတော့ စစ်ကောင်စီဖက်ရပ်တည်သွားတာကို အပြောမဟုတ်အလုပ်နဲ့ပါ သက်သေပြနေပါပြီ။လာမယ့်လတရုတ်နိုင်ငံမှာပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများဆွေးနွေးပွဲကိုလဲ တရုတ်ကမင်းအောင်လှိုင်ကိုဖိတ်ကြားထားပါသေးတယ်။ထိုသတင်းသာအမှန်ဖြစ်လာရင် တရုတ်ကစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်သလိုဖြစ်သွားမှာပါ။မင်းအောင်လှိုင်အရမ်းလိုချင်နေတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုတစ်ခုကိုလဲ ရသွားမှာပါ။ဒါဆိုရင်စစ်ကောင်စီအတွက်အရေးပါတဲ့ နိုင်ငံရေးတိုးတက်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး တော်လှန်ရေးအတွက်တော့စိုးရိမ်စရာပါပဲ။ အခုရှမ်းမြောက်နဲ့ကချင်မှာစစ်ကောင်စီနဲ့ တရုတ်ပေါင်းလုပ်နေတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအပေါ်ဖြတ်လေးဖြတ်လုပ်နေတာကလဲ စိုးရိမ်ဖို့ကောင်းပါတယ်။တရုတ်ဟာMNDAAသိမ်းထားတဲ့ လားရှိုးမြို့ကိုတောင် စစ်ကောင်စီကိုပြန်ပေးစေချင်နေတာပါ။အခြားသိမ်းပိုက်နယ်မြေတချို့ကလဲ ဆုတ်ခွာပေးရမယ်လို့ ဖိအားပေးထားပါတယ်။ဒါတော့ဘယ်လိုမှ...

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဖက်ကတဖက်သပ်ပိတ်လိုက်ခြင်းမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ဆိုးကျိုးတွေချက်ချင်းခံစားရမှာကတော့ နိုင်ငံမြောက်ပိုင်းက စစ်ကောင်စီကိုအဓိကတိုက်ခိုက်နေတဲ့EAOနယ်မြေတွေပါပဲ။ကချင်နဲ့ရှမ်းမြောက်ဒေသတွေဟာ အရင်ကတည်းက တရုတ်ဘက်ကသွင်းကုန်တွေကအဓိက အားပြုပြီးမှီခိုနေရတာပါ။အခုလိုပိတ်လိုက်တဲ့အတွက် ဒေသခံတွေရဲ့စားဝတ်နေရေးအခြေအနေတွေ အထိပါအကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။ပြီးရင်နောက်တဆင့်ထိမှာကတော့ စစ်ကောင်စီထိန်းချုပ်ဒေသအတွင်းမှာရှိတဲ့ ပြည်မကပြည်သူတွေပါပဲ။မြန်မာပြည်ဟာထိုင်းနဲ့တရုတ်က သွင်းကုန်တွေနဲ့ပဲအဓိကရပ်တည်နေကြရတယ်။အခုတရုတ်က လုံးဝ​ပိတ်ချလိုက်ပြီ။ထိုင်းဘက်ကသွင်းကုန်တွေကလဲ မြဝတီလမ်းကြောင်းမှာတိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက် ချောချောမွေ့မွေ့မရှိပါဘူး။အဲ့ဒီတော့အခြေခံလူသုံးကုန်ပစ္စည်းကအစ စျေးတွေတက်ပြီးပစ္စည်းပျက်တဲ့အထိ ဖြစ်လာပါလိမ့်မယ်။ကုန်စျေးနှုန်းလဲ...

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၄။ (တနင်္လာ)

လာအိုနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြန်ပါပြီ။ဒီတစ်ခေါက်မှာတော့စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ယောက် စေလွတ်ခဲ့ပါတယ်။အာဆီယံဟာ စစ်ကောင်စီအဆင့်မြင့်ကိုယ်စားလှယ်တွေက အာဏာသိမ်းပြီးကတည်းက အစည်းအဝေးတွေပေးမတက်ခဲ့ပါဘူး။ဒီတစ်ခေါက်အစည်းအဝေးမှာလဲဲ မြန်မာအရေးဆွေးနွေးကြပေမယ့် ထုံးစံအတိုင်းဘာမှမထူးခြားပါဘူး။ထိုင်းကတော့ဒီနှစ်ကုန်မှာ မြန်မာအရေးသီးသန့်​​ဆွေးနွေးပွဲလုပ်မယ်လို့ အဆိုပြုထားတယ်။မင်းအောင်လှိုင်ကို တက်ခွင့်ပြုမယ်မပြုဘူးဆိုတာတော့ မကျိန်းသေသေးဘူး။ထိုဆွေးနွေးပွဲလုပ်ဖြစ်မယ်ဆိုရင် မင်းအောင်လှိုင်ကိုခွေးတိုးပေါက်က အသိအမှတ်ပြုဖို့လဲဖြစ်နိုင်ပါတယ်။အာဆီယံဟာဒီချိန်ဆိုရင် မြန်မာအရေးဆိုပြီးထယောင်နေကြပါ။ပီးတော့လဲဘာမှဖြစ်မလာပါဘူး။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၄။ (အင်္ဂါ)

ကချင်လွတ်မြောက်ရေးတပ်မတော်KIAကို ပီးခဲ့တဲ့ရက်ပိုင်းအတွင်းတရုတ်ကစစ်ကောင်စီကို တိုက်နေတဲ့ထိုးစစ်တွေရပ်တန့်ဖို့​ ဖိအားပေးခဲ့တယ်။ဒါပေမယ့်KIAက လက်မခံခဲ့ပါဘူး။ထိုဖြစ်ရပ်အပြီးမှာ ဒီနေ့ကစပြီးတရုတ်ဟာ မြန်မာပြည်နဲ့ထိစပ်နေတဲ့နယ်စပ်ဂိတ်တွေ အကုန်လုံးကို ပိတ်ချလိုက်ပါတယ်။ကချင်ပြည်နယ်KIAထိန်းချုပ်နယ်မြေအတွင်းက ဂိတ်တွေ၊ရှမ်းမြောက်MNDAAထိန်းချုပ်နယ်မြေထဲက ဂိတ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ဂိတ်တွေပါ ပိတ်လိုက်တာပါ။ဘာကုန်ပစ္စည်းမှအဝင်အထွက် ပေးမလုပ်တော့ပါဘူး။ဒါ့ကြောင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးဝရပ်တန့်သွားပါတယ်။ ​ပီးခဲ့တဲ့ရက်တွေကမန္တလေးက တရုတ်စစ်ကောင်စစ်ဝန်ရုံးဗုံးနဲ့အပစ်ခံရသေးတယ်။လူထိခိုက်မှုမရှိပေမယ့်အဆောက်အဦးအနည်းငယ်တော့ ပျက်စီးသွားတယ်။ဘယ်သူ့လက်ချက်မှန်းတော့ မသိသေးပါဘူး။ထိုဖြစ်ရပ်တွေအပြီးမှာ နယ်စပ်ဂိတ်တွေပိတ်ဆို့မှုတွေဖြစ်လာတာပါ။တရုတ်ဟာမြန်မာ့အရေးမှာ...

Read moreDetails
Page 39 of 233 1 38 39 40 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist