လာအိုနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြန်ပါပြီ။ဒီတစ်ခေါက်မှာတော့စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ယောက် စေလွတ်ခဲ့ပါတယ်။အာဆီယံဟာ စစ်ကောင်စီအဆင့်မြင့်ကိုယ်စားလှယ်တွေက အာဏာသိမ်းပြီးကတည်းက အစည်းအဝေးတွေပေးမတက်ခဲ့ပါဘူး။ဒီတစ်ခေါက်အစည်းအဝေးမှာလဲဲ မြန်မာအရေးဆွေးနွေးကြပေမယ့် ထုံးစံအတိုင်းဘာမှမထူးခြားပါဘူး။ထိုင်းကတော့ဒီနှစ်ကုန်မှာ မြန်မာအရေးသီးသန့်ဆွေးနွေးပွဲလုပ်မယ်လို့ အဆိုပြုထားတယ်။မင်းအောင်လှိုင်ကို တက်ခွင့်ပြုမယ်မပြုဘူးဆိုတာတော့ မကျိန်းသေသေးဘူး။ထိုဆွေးနွေးပွဲလုပ်ဖြစ်မယ်ဆိုရင် မင်းအောင်လှိုင်ကိုခွေးတိုးပေါက်က အသိအမှတ်ပြုဖို့လဲဖြစ်နိုင်ပါတယ်။အာဆီယံဟာဒီချိန်ဆိုရင် မြန်မာအရေးဆိုပြီးထယောင်နေကြပါ။ပီးတော့လဲဘာမှဖြစ်မလာပါဘူး။
ဧပြီ ၁၂၊ ၂၀၂၅။ (စနေ)
လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့...