LATEST STORIES

နိုဝင်ဘာ ၀၅၊ ၂၀၂၄။ (အင်္ဂါ)​

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကူမင်းမြို့ကိုမဲခေါင်မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးတက်ဖို့ထွက်ခွာသွားပါပြီ။အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတောင် တက်ရောက်ခွင့်မရခဲ့တဲ့မင်းအောင်လှိုင်ကိုတရုတ်က သူ့နိုင်ငံမှာအိမ်ရှင်အဖြစ်ပြုလုပ်​တဲ့ပွဲကို တက်ရောက်ခွင့်ပြုပြီးလူရာစသွင်းလာပါတယ်။မင်းအောင်လှိုင်အတွက်တော့ ဒေသတွင်းမှာပထမဆုံးတက်ရောက်ခွင့်ရတဲ့ ပွဲတစ်ခုဖြစ်လာတယ်။ဒါပေမယ့်ဒီပွဲကိုနိုင်ငံတော်အဆင့်အဖြစ် ဖိတ်ကြားတာမဟုတ်ဘူးလို့တရုတ်ကအကြောင်းပြန်ထားကြောင့် NUGကပြောပါတယ်။ဘာပဲဖြစ်ဖြစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လူရာဝင်လာတာဟာတော်လှန်ရေး​အတွက် သိပ်တော့မကောင်းပါဘူး။ဒီလိုတွေဆက်ဖြစ်လာရင် စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုတွေ တဖြည်းဖြည်းနဲ့ရရှိသွားမှာဖြစ်ပါတယ်။

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၄။ (တနင်္လာ)​

စစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့အနီးကအင်းတော်မြို့မှာ မြို့သိမ်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။အင်းတော်မြို့မှာ ပြီးခဲ့တဲ့လတစ်လုံးတိုက်ပွဲတွေငြိမ်သက်နေရာက အခုပြန်လည်ပြင်းထန်လာတာပါ။စစ်အုပ်စုဟာ ထိုမြို့ကနောက်ဆုံးခံစစ်စခန်းဖြစ်တဲ့ ဂျပန်လှိုင်ဂူကနေပြီးဆက်လက်ခုခံနေပါတယ်။အရင်ကထိုစခန်းထဲမှာ ပြည်သူ၃၀၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီး အခုတော့အတော်များများ ထွက်ပြေးလွတ်မြောက်ကုန်ပြီလို့သိရတယ်။ထိုစခန်းကိုရရင် အင်းတော်မြို့ကိုရမှာဖြစ်ပါတယ်။ ပြင်ဦးလွင်နဲ့နောင်ချိုအစပ်မှာလဲ စစ်ကောင်စီကသွေးတိုးစမ်းပြီးTLNAကိုထိုးစစ်တွေပြန်စနေပါတယ်။တောင်ခမ်းဒေသကိုလဲ အင်အားအများအပြားဖြည့်တင်းထားတယ်။ထိုဒေသမှာတော့စစ်ကောင်စီကတန်ပြန်ထိုးစစ်တွေ လုပ်လာနိုင်တဲ့အခြေအနေတွေရှိနေတယ်။  

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၄။ (တနင်္ဂ​နွေ)​

မြေပြန့်ဒေသမှာစစ်ကောင်စီကိုထိုးစစ်တွေစတင်ဖို့အသံတွေကျယ်လောင်လာနေစဥ်မှာပဲစစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှာတော့ပြီးခဲ့တဲ့လကပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့စစ်သူပုန်တွေဟာအင်အားတိုးပြီးရွာတွေကိုစစ်ကြောင်းပြန်ထိုးနေပါတယ်။ထိုစစ်ကြောင်းဟာဘုတလင်မြို့နယ်ထဲကရွာတွေကိုပြီးခဲ့တဲ့လကထင်တိုင်းကြဲသတ်ဖြတ်မီးရှု့သောင်းကျန်းခဲ့အပြီးမှာမုံရွာကနေလေကြောင်းမှအင်အားတိုးပြီးထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ဒါကြောင့်ထိုဒေသကပြည်သူသောင်းကျော်နေရပ်မပြန်ရသေးပဲဘေးလွတ်ရာကိုထွက်ပြေးနေရတယ်။ထိုစစ်ကြောင်းဟာဒေသခံပြည်သူ၅၀ကျော်ကိုဓားစာခံအဖြစ်ဖမ်းဆီးထားပြီးလူသားဒိုင်းလုပ်ထားတာကြောင့်တော်လှန်ရေးအဖွဲ့တွေအနေနဲ့တားဆီးတိုက်ခိုက်ဖို့ခက်ခဲနေပါတယ်။ စစ်​ကိုင်းတိုင်းမှာအခုချိန်ထိတော်လှန်ရေးအင်အားစုတွေပြန့်ကြဲနေပြီးNUGလက်အောက်မဝင်သေးတဲ့အဖွဲ့တွေအများအပြားကျန်နေသေးတယ်။ထိုအဖွဲ့တွေကိုမစုစည်းနိုင်သ၍စစ်ကိုင်းတိုင်းဟာစစ်သူပုန်တွေလုပ်သမျှခံနေရဦးမှာပဲ။

Read moreDetails

မြိုင်တွင် စစ်ရှောင်စခန်းအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

မဇ္ဈိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ကျေးရွာအနီးရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် က Mi 35 ရဟတ်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားငါးဦးနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ယနေ့(နိုဝင်ဘာလ ၂ ရက်)နံနက် ၉ နာရီဝန်းကျင်တွင်...

Read moreDetails

ကန့်ဘလူတွင် စစ်တပ်က ဒေသခံ ၃၇ ဦးကို ဖမ်းပြီး အိမ် ၄၀၀ ခန့်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို  လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး  ယနေ့  (နိုဝင်ဘာ ၁) တွင်လည်း  ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား...

Read moreDetails

မြန်မာပြည်သူ ၁၃ သန်းကျော် စားနပ်ရိက္ခာ အခက်ကြုံနေရ၊ ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်

မြန်မာနိုင်ငံအတွင်း လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်းလူဦးရေ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး အဲဒီထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ...

Read moreDetails

သုံးသပ်ချက်များး

သုံးသပ်ချက်များး   တရုတ်ရဲ့ဖိအားကို ဘယ်လိုကျော်လွားကြမလဲ   တရုတ်ရဲ့ ဖိအားဟာ အခု အစပျိုးလာရုံပဲရှိနေအုံးမယ်လို့ EROs တွေ သဘောပေါက်နေတဲ့ပုံ ဖြစ်ပါလိမ့် မယ်။နောက်ထပ်လာနိုင်ချေတွေ အများကြီး ရှိအုံးမယ်လို့ သုံးသပ်ထားပုံ ရပါတယ်။ရင်ဆိုင်ဖို့လည်း ပြင်ဆင်နေပြီ ထင်ရပါတယ်။တရုတ်...

Read moreDetails

နိုဝင်ဘာ ၀၂၊ ၂၀၂၄။ (စနေ)

BPLAအဖွဲ့အညာဒေသမှာ အခြေချမယ့်ကိစ္စတော်လှန်ရေးအင်အားစုတွေကြား နှစ်ဖွဲ့ကွဲနေပါတယ်။BPLAဟာNUGလက်အောက်မဝင်ပဲ သီးခြားရပ်တည်သွားမယ်လို့ ပြောထားတာနဲ့ပက်သတ်ပြီးပြသာနာဖြစ်နေတယ်။ဗမာပြည်မမှာNUGကလွဲပြီး အခြားတော်လှန်ရေးအင်အားစုတွေမရှိသင့်ဘူးဆိုတဲ့တစ်ဖွဲ့နဲ့၊ဘယ်သူလာလာဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကို တိုက်ဖို့အရေးကြီးတယ်ဆိုတဲ့တဖွဲ့ သဘောထားကွဲလွဲနေတယ်။ဒီကိစ္စနဲ့ပက်သတ်ပြီးNUGဘက်ကတော့ ဘာမှမှတ်ချက်မပေးသေးပါဘူး။NUGကာကွယ်ရေးဝန်ကြီးနဲ့​BPLAခေါင်းဆောင်တို့ နှစ်ဦးကြားရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့လဲသိရတယ်။လက်ရှိအခြေအနေမှာတော့ ဖက်စစ်စစ်တပ်အနားမရရေးသာ အဓိကဖြစ်တယ်လို့ယူဆမိတယ်။

Read moreDetails

နိုဝင်ဘာ ၀၁၊ ၂၀၂၄။ (သောကြာ)

ရှမ်းမြောက်မှာတိုက်ပွဲဝင်နေတဲ့ဗမာတော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့BPLAတပ်ဖွဲ့ဟာမြန်မာပြည်မထဲပြန်ဝင်လာတော့မယ်လို့ကြေညာလိုက်ပါတယ်။ထိုတပ်ဖွဲ့ဟာကဗျာဆရာမောင်ဆောင်းခဦးဆောင်ပြီးအင်အားထောင်ချီရှိတယ်။ရှမ်းမြောက်ကတိုက်ပွဲတွေမှာMNDAAအောက်ကနေပြီးပါဝင်တိုက်ခိုက်ခဲ့ပြီးစစ်ရေးအတွေ့အကြုံအများအပြားရရှိခဲ့တယ်။အခုMNDAAကထိုးစစ်တွေရပ်နားထားတဲ့အတွက်ပြည်မကိုပြန်ဆင်းလာတာပါ။ BPLAတပ်ဖွဲ့ရဲ့အင်အားနဲ့စစ်ရေးအတွေ့အကြုံတွေအရစစ်ကိုင်းအပါအဝင်ပြည်မကတော်လှန်ရေးတပ်ဖွဲ့တွေကိုအထောက်အကူတစ်ခုတော့ဖြစ်စေမှာပါ။လက်ရှိရှမ်းမြောက်မှာတိုက်ပွဲတွေရပ်ထားနေရချိန်စစ်ကောင်စီကိုအနားမပေးဖို့ပြည်မအညာဒေသမှာစစ်ရေးလှုပ်ရှားမှုတွေရှိဖို့လိုလာနေချိန်နဲ့ကွက်တိပါပဲ။

Read moreDetails

အောက်တိုဘာ ၃၁၊ ၂၀၂၄။ (ကြာသပတေး)

နယ်စပ်ဂိတ်တွေပိတ်ဆို့ခံထားရတာကြောင့်ရှမ်းမြောက်ကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့​မြို့အများစုမှာကုန်ပစ္စည်းတွေစတင်ပြတ်လတ်လာပါပြီ။အဓိကကုန်စည်တွေဖြစ်တဲ့လူသုံးကုန်၊စားသောက်ကုန်၊ဆေးဝါးတွေကအစပြတ်လတ်လာတာပါ။အဆိုးရွားဆုံးကတော့စက်သုံးဆီပါပဲ။စက်သုံးဆီပြတ်လတ်မှုကြောင့်လုပ်ငန်းတွေအတော်များများလဲရပ်ဆိုင်းကုန်တယ်။ ထိုဒေသတွေကိုမြောက်ဘက်မှာတရုတ်နှင့်တောင်ဘက်မှာစစ်ကောင်စီတို့ကနှစ်ဘက်ညှပ်ပြီးပိတ်ဆို့ထားတယ်။အရှေ့ဘက်ကဝဒေသနဲ့ကုန်သွယ်မှုကိုလဲတရုတ်ကတင်းကျပ်စွာတား​မြစ်ထားတာကြောင့်ကုန်သွယ်မှုလမ်းကြောင်းတွေအကုန်ပိတ်နေတာပါ။ ထိုကိစ္စကိုဖြေရှင်းဖို့တော်လှန်ရေးအင်အားစုတွေအနေနဲ့အမြန်ဆုံးနည်းလမ်းရှာသင့်တယ်။ပြည်သူတွေကတော့တတ်နိုင်သလောက်တောင့်ခံရမှာပဲ။မဟုတ်ရင်စစ်ကောင်စီနဲ့တရုတ်ကိုဒူးထောက်ရလိမ့်မယ်။

Read moreDetails
Page 38 of 233 1 37 38 39 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist