Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြိုင်တွင် စစ်ရှောင်စခန်းအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

မဇ္ဈိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ကျေးရွာအနီးရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် က Mi 35 ရဟတ်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားငါးဦးနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

November 2, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မဇ္ဈိမ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ကျေးရွာအနီးရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် က Mi 35 ရဟတ်ယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားငါးဦးနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့(နိုဝင်ဘာလ ၂ ရက်)နံနက် ၉ နာရီဝန်းကျင်တွင် မန်ကျည်းလေးပင်ကျေးရွာ၏မြောက်ဘက်ရှိ စစ် ရှောင်စခန်းအား လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူက ပြောသည်။

“မန်ကျည်းလေးပင်ရွာက ကန်နီပျူရွာနဲ့နီးတော့ လက်နက်ကြီးရန်ကိုကြောက်ပြီး ရွာထဲမှာမနေကြပဲ လမ်းဘေးမှာ တဲလေးတွေဆောက်ပြီးနေကြတာ။ အဲဒီနေရာကို လာပစ်သွားတာ။ ဒုံးတွေ၊ စက်လတ်တွေ နဲ့ပစ်သွားတာ” ဟု ၎င်းကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသပေးနေပြီး တဦးမှာ စိုးရိမ်ရသည့် အခြေ အနေတွင်ရှိကြောင်း နွေဦးတော်လှန်ရေး(မြိုင်)အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“လေယာဉ်နဲ့ကြဲနေတုန်း ကယ်ထုတ်ပြီး ကားနဲ့ဆေးရုံပို့ချိန်မှာ ကားကို လေယာဉ်နဲ့လိုက်ပစ်နေလို့ အပင် အောက်ထိုးရပ်ပြီး ပြန်ထုတ်ရတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

မြိုင်နှင့်ရေစကြိုမြို့နယ်အစပ်ကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှပြန်လည်ခုခံနေခြင်းကြောင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင် လေကြောင်းမှပါလာရောက်တိုက်ခိုက် ခြင်းဖြစ်ကြောင်း မြိုင် ပကဖ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း မြိုင်မြို့မြောက်ဘက်ရှိ ကန်ကြီးတောကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English