Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သုံးသပ်ချက်များး

တရုတ်ရဲ့ဖိအားကို ဘယ်လိုကျော်လွားကြမလဲ

November 2, 2024
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

သုံးသပ်ချက်များး

 

တရုတ်ရဲ့ဖိအားကို ဘယ်လိုကျော်လွားကြမလဲ

 

တရုတ်ရဲ့ ဖိအားဟာ အခု အစပျိုးလာရုံပဲရှိနေအုံးမယ်လို့ EROs တွေ သဘောပေါက်နေတဲ့ပုံ ဖြစ်ပါလိမ့် မယ်။နောက်ထပ်လာနိုင်ချေတွေ အများကြီး ရှိအုံးမယ်လို့ သုံးသပ်ထားပုံ ရပါတယ်။ရင်ဆိုင်ဖို့လည်း ပြင်ဆင်နေပြီ ထင်ရပါတယ်။တရုတ် ရဲ့ အကွက် ကြောင့် ” ဤ ခရီး နီး ပြီ လား ” လို့တောင် ဆန်းစစ်ချက် ထုတ်ရမှာ ဖြစ်ပါတယ် ။

တိုင်းရင်းသား လူမျိုးစု အသီးသီးဟာ မိမိလူမျိုးစု နဲ့ ဒေသလွတ်မြောက်ရေး ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာဏာရှင်ကို နှစ်ပေါင်း ၇၀ တိုင်တိုင် တော်လှန်နေခဲ့တာ ဖြစ်တယ် ။ သူတို့တွေမှာ မိမိလူမျိုး ဒေသအတွက် ဆိုပြီး ခိုင် မာတဲ့ သန္ဓိဌာန် အမြုတေ ရှိပြီးသား ဖြစ်နေတယ် ။ ကျွန်တော်တို့ ပြည်မအဖွဲ့ တွေက ကြောင်တောင်တောင် မလုပ်မိဖို့ အရေးကြီးလှတယ်။

မဟာမိတ် ဖြစ်နေတဲ့ EROs များ မဟာမိတ်မဟုတ်သော်လည်း ဘုံရန်သူ စစ်အာဏာရှင် ကို တိုက်နေသူ အားလုံးနဲ့ အများကြီး ပူးပေါင်းဆောင်ရွက်ဖို့ ယခုထက် in line ဖြစ်ဖို့ လိုအပ်လှပါတယ်။ကျောချင်းကပ် ရင်ချင်းအပ် ထားရမယ့် အချိန်ဖြစ်ပါတယ်။အကျင့်မကောင်းတဲ့ တရုတ် ရဲ့ မအလ ကို ရွေးလိုက်တဲ့ ခြေလှမ်းကို ခပ်စောစောတည်းက သုံးသပ်မိတယ်။

 

တရုတ်ဆိုတာ ကမ္ဘာမှာ ဒုတိယအဆင့် သူ၊ သူ Back up လုပ်ထားတဲ့ စကစ ကို ဒီအတိုင်း ဖြို ဖို့ဆိုရင် ထင်ထားတာထက် ကြာကောင်းကြာသွားပါလိမ့်မယ်။ဒီခြေလှမ်းကို နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိ လာပြီးတည်းက သတိပြုခဲ့မိတယ်။လက်ရှိ ခြေကုပ်တွေ ရထားတဲ့ အခြေအနေကနေ နောက်ပြန်လှည့်ဖို့ ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ဒါကြောင့် တောင်းခမ်းကို မဖြစ်မနေ (မဖြစ်မနေ) ရ အောင် လုပ်ရပါ့မယ်။

တောင်းခမ်းကနေ တဆင့် ဟိုဘက် ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) ရှမ်းတောင်ကို ပါ ဖိအားပေးထားနိုင်ရမယ်။အပေါ်ခြမ်းမှာလည်း KIAနဲ့ ပူးပေါင်း အဖွဲ့တွေက ကသာ နဲ့ ထီးချိုင့် အထိ ရအောင်သိမ်းပြီး အခိုင်အမာ ခြေကုပ်ယူထားနိုင်ရမယ်။အဲလိုဆိုရင် အဲဒီဘက်ခြမ်းဟာ TLNA နဲ့ MNDAA တို့ ဂွင်နဲ့ တစ်ဆက်စပ်တည်း ဖြစ်သွားပါ့ မယ်။

တရုတ်သာ ဒီပုံစံ နဲ့ ဖိအားကြမ်းကြမ်း ထပ်ပေးရင် (ပေးလည်းထပ်ပေးလာမှာပါ) ဒီဘက်ခြမ်း က EROs တွေ ဖြစ်တဲ့ (TNLA , MNDAA ,UWSA, NDAA …) တို့ အတွက် အခက်အခဲကြီးလာမှာ ဖြစ်တယ်။ဒီလို အချိန်မှာ တရုတ် မဖိထားတဲ့ (ဖိထားလို့မရတဲ့) အနောက်ဘက် စစ်မျက်နှာစာက AAက ဒီနှစ်ကုန် နောက်ဆုံးထားပြီး ရခိုင်တစ်ပြည်လုံးကို ရအောင် သိမ်းရမယ်။သိမ်းလို့လည်း ရသွားမှာ ဖြစ်ပါတယ်။

ချင်းဘက်က အနေအထားလည်း မဆိုးလှပါဘူး။ ပြီးရင် UWSA ကို မြောက်ပိုင်း နဲ့ တောင်ပိုင်း ဆက်နိုင်အောင် ဝိုင်းကူပေးကြရမယ်။တောင်ပိုင်း က တော့ အမှန်အတိုင်း တစ်ကိုယ်ရည် အမြင်အရ ပြောရမယ်ဆိုရင် အားလည်းမရသလို အထင်လည်းမကြီးတော့ဘူး။တစ်ကယ် လုပ်ချင်သူတွေ ရှိပေမယ့် စီးပွားရေးဆန်ဆန် သမားတွေက များနေတယ်။

ကိုချေတို့သာ အောင်မြင်မှုရသွားရင် အနောက်ဘက်မှာ ကုန်သွယ်ရေး ထွန်းကားဖွံ့ဖြိုး လာလိမ့်မယ် ။ L of C ရှည်ပေမယ့် မြောက်ပိုင်း နယ်မြေတွေအတွက် အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းပွင့်သွားမယ်။အဲလိုဆိုရင်  တရုတ် ရဲ့ ဂိတ်ပိတ် ( စကစ အတွက် ဖြတ်လေးဖြတ်လုပ်ပေးတာကို ) တာကို သိပ်မှုစရာ မလိုတော့ဘူး။စိန ရဲ့ စစ်တပ် ၀င်လာဖို့ကတော့ ဖြစ်နိုင်ချေ နည်းပါတယ်။

သို့ပေမယ့် တဖြည်းဖြည်း အင်အားကြီးလာနေတဲ့ စွ-တပ်ကို တော့ လက်နက် ခဲယမ်း နဲ့ သတင်းအချက်အလက် နည်းပညာတွေ ပေါ်တင် ထောက်ပံ့တာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ကျွန်တော် တွက်ဆသလို အခြေအနေမျိုး ဖြစ်သွားရင် ကျွဲကူးရေပါ ဆိုသလို အညာမြေလတ်ပါ ပွင့်ထွက်သွားပြီး နေပြည်တော် ခရီးမဝေးတော့ပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။

အညာနဲ့ ဒီဆောင်းနှင်းတွေနဲ့ မကြာခင် ပနံရလာ တော့မှာ မြင်ယောင်မိပါတယ်။

 

 

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English