LATEST STORIES

ဒီဇင်ဘာ ၁၅၊ ၂၀၂၄။ (တနင်္ဂနွေ)

မြန်မာပြည်ရဲ့ လျပ်စစ်ဓာတ်အားပြတ်တောက်မှု အခြေအနေက ဆောင်းရာသီအဝင်ဒီဇင်ဘာလမှာပဲ အတော်အခြေအနေဆိုးနေပါပြီ။ ရန်ကုန်က မြို့နယ်အတော်များများမှာ ညကိုးနာရီမှ ၁၁နာရီအထိမီးပျက်ချိန် တစ်ချိန်ထပ်တိုးသွားပြီ။ မနှစ်ကထိုအချိန်ကို နွေရာသီအပူဆုံးအချိန်ဖြစ်တဲ့ ဧပြီလနောက်ပိုင်းမှသာ မီးဖျက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စောစောစီးစီးမီးတွေဖျက်နေပြီ။ လျှပ်စစ်မီးက လာချိန်တွေမှာလဲ ပုံမှန်မလာပါဘူး။  လာချိန်လည်း...

Read moreDetails

ဒီဇင်ဘာ ၁၄၊ ၂၀၂၄။ (စနေ)

စစ်ကောင်စီဟာ မေလကတည်းက အတင်းအဓ္ဓမစစ်သားစုဆောင်းလာတာ အခုဆိုရင်အပတ်စဥ်၈ကို ရောက်ရှိလာပါပြီ။ စစ်မှုထမ်း  အပတ်စဉ် ၈ ရောက်လာတော့ လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးဘူးလို့ သိရှိတယ်။...

Read moreDetails

ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)

ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက ငြိမ်သက်သွားခဲ့တယ်။ဒါ့ပေမယ့်အခုဒီဇင်ဘာလလယ်ထိတိုင်အောင် ကချင်၊ကယား၊ကရင်၊ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာတော်လှန်စစ်တွေ ဆက်တိုက်ရှိနေတာကိုတွေ့ရတယ်။ဒါကိုကြည့်ချင်းအားဖြင့် စစ်ကောင်စီတပ်တွေဟာတနိုင်ငံလုံးမှာစစ်မျက်နှာအနည်းဆုံး ငါးခုခန့်တပြိုင်နက်ရင်ဆိုင်နေရဆဲလို့ပြောနိုင်ပါတယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ကို နလန်ပြန်မထူနိုင်အောင်အလုပ်ပေးထားနိုင်ဆဲပါ။ ဒါ့ပေမယ့်ဒီအခင်းအကျင်းမှာ တစ်ခုသတိထားမိတာကတိုက်ပွဲတွေဟာ ပြည်နယ်တွေမှာသာပြင်းထန်နေပြီးပြည်မဒေသတွေဖြစ်တဲ့တိုင်းတွေမှာ ငြိမ်သက်နေတုန်းပါပဲ။တော်လှန်ရေးအောင်မြင်ဖို့မြန်မာပြည်အလယ်ပိုင်းနဲ့စစ်ကိုင်း၊မကွေး၊ပဲခူးစတဲ့တိုင်းတွေမှာ စစ်ဆင်ရေးကြီးတွေဖော်ဆောင်နိုင်ဖို့လိုပါတယ်။ထိုဒေသတွေမှာEAOတွေမရှိပဲ NUGလက်အောက်ခံတပ်တွေအခြေစိုက်ထားတယ်။တော်လှန်ရေးဟာပြည်နယ်တွေအားလုံး သိမ်းနိုင်ရင်တောင် အောင်မြင်ဦးမှာမဟုတ်သေးပဲတိုင်းဒေသကြီးတွေကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်မှ...

Read moreDetails

ဒီဇင်ဘာ ၁၂၊ ၂၀၂၄။ (ကြာသပတေး)

စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်ငြိမ်သက်သွားတဲ့ ကရင်ပြည်နယ်မှာလဲဒီလထဲမှာတော်လှန်စစ်တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာပါတယ်။မြို့သိမ်းတိုက်ပွဲတွေတော့ မရှိသေးပေမယ့်KNUကစခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေတယ်။ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီစခန်းသုံးထပ်မနည်းကိုဆက်တိုက်ဆိုသလို သိမ်းပိုက်ထားတယ်။အောင်​ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်းမကြီးနဲ့ဒေါနတောင်ပေါ်မှာလဲ နှစ်ဘက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပါတယ်။အောင်ဇေယျစစ်ကြောင်းဟာ ရှေ့မတိုးနိုင်သေးပေမယ့်သူတို့ပြန်လည်သိမ်းပိုက်ထားတဲ့ ကော့ကရိတ်မြို့ကနေစစ်ကူတွေဆက်တိုက်ပို့နေပါတယ်။ ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာမိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ကျော်စစ်ကြောင်းထိုးနေတာ တစ်လခန့်ရှိနေပါပြီ။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ အသည်းအသန်ခုခံနေရပါတယ်။ကရင်နီကနေရာအများစုကို စစ်ကောင်စီပြန်လည်မထိန်းချုပ်သွားနိုင်ရေးမှာ တော်လှန်ရေးအဖွဲ့တွေအဓိကလိုအပ်နေတာ​က ခဲယမ်းဖြစ်ပါတယ်။အရင်လိုရှမ်းမြောက်EAOတွေဆီကလမ်းကြောင်းအခြေအနေအရ သိပ်မရတော့လို့ရှိတာလေးနဲ့...

Read moreDetails

ဒီဇင်ဘာ ၁၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။KIAတပ်တွေဟာမြို့တွင်းအထိဝင်ရောက် ထိန်းချုပ်လာနိုင်နေပါပြီ။စစ်ကောင်စီဘက်ကတော့လေကြောင်းကိုအားပြုခုခံနေပါတယ်။ တချိန်ထဲမှာပဲKIAခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ဖိတ်ခေါ်မှုအရဆွေးနွေးပွဲတွေ တက်ရောက်ဖို့ထွက်ခွာသွားတယ်။ဘယ်ကိစ္စတွေဆွေးနွေးကြမလဲတော့ မသိရသေးပါဘူး။ဖြစ်နိုင်တာကတော့ကချင်ပြည်နယ်ထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပါအဝင်တိုက်ပွဲတွေရပ်ရန်၊နယ်စပ်ဂိတ်တွေပြန်ဖွင့်ရန်နဲ့ မြေရှားသတ္ထုတွင်းကိစ္စတွေ အဓိကဆွေးနွေးနိုင်ပါတယ်။KIAအပေါ်တရုတ်ရဲ့ သြဇာသက်ရောက်မှုဟာအကန့်အသတ်ရှိနေတဲ့အတွက် သိပ်တော့စိတ်ပူစရာမလိုဘူးလို့ထင်မိတယ်။

Read moreDetails

ဒီဇင်ဘာ ၁၀၊ ၂၀၂၄။ (အင်္ဂါ)

ရာဇဝတ်ကောင်သူရိန်ထွန်းရဲ့ဖြစ်စဥ်ကိုကြည့်ရင် အကြမ်းဖက်စစ်တပ်မှာရာထူးကြီးပိုင်းကို​ရလာသူတွေဟာ နိုင်ငံနဲ့ပြည်သူတွေအပေါ်တစ်ခုမဟုတ်တစ်ခု ကျူးလွန်ထားကြသူတွေချည်းပါပဲ။ထိုသူတွေဟာခိုးမှု၊လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေကို​ပျော်ပျော်ကြီးကျူးလွန်ပြီး ပြစ်ဒဏ်ကကင်းလွတ်ခွင့်ရနေတာ အစဥ်အလာလိုတောင်ဖြစ်နေပြီ။၁၉၆၂ခုနှစ်ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်စစ်တပ်ကပဲတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တော့ စစ်ဗိုလ်ချုပ်တွေကျူးလွန်ခဲ့တဲ့အမှုပေါင်းစုံကို သူတို့အချင်းချင်းမသိချင်ယောင်ဆောင်ထားခဲ့ကြတယ်လေ။ဘယ်သူမှပြစ်ဒဏ်မခံခဲ့ရတော့ ပြည်သူအပေါ်အနိုင်ကျင့်စော်ကားနှိပ်စက်တာဟာ သူတို့အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုလိုတောင်ဖြစ်လာတယ်။ အခုနွေဦးတော်လှန်ရေးမှာတော့ ဒီအစဥ်အလာကနေသွေဖယ်လာပါပြီ။စစ်ရာဇဝတ်ကောင်ဗိုလ်ချုပ်တွေ၊​ဗိုလ်မှုးချုပ်တွေကိုတော်လှန်ရေးတပ်တွေက တိုက်ပွဲတွေမှာလက်ရဖမ်းဆီးမိလာကြတယ်။ဥပမာအားဖြင့်မောင်တောမှာ သူရိန်ထွန်းနဲ့လားရှိုးတုန်းကလဲအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်ချုပ်တစ်ဦးက အရှင်ဖမ်းမိခဲ့သေးတယ်။တိုက်ပွဲတွေအတွင်းသေဆုံးသွားကြတဲ့ စစ်တပ်ဘက်ကရာထူးကြီးပိုင်းတွေလဲမနည်းမနောပါပဲ။နွေဦးတော်လှန်ရေးကြီးအောင်မြင်သွားရင်တော့ ထိပ်ဆုံးကမင်းအောင်လှိုင်နဲ့တကွ...

Read moreDetails

ဒီဇင်ဘာ ၀၉၊ ၂၀၂၄။ (တနင်္လာ)

မောင်တောနယ်ခြားစောင့်စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့ ဗိုလ်မှုးချုပ်သူရိန်ထွန်းနဲ့အပေါင်းအပါတွေကို အေအေတပ်တော်က မောင်တောမြို့နားမှာပဲအရှင်ဖမ်းဆီးလိုက်ပါတယ်။ထိုသူကိုဖမ်းဆီးမိလိုက်တာဟာ အေအေအတွက်မောင်တောတိုက်ပွဲမှာ ကြီးမားတဲ့အပိုဆုပါ။ဘာလို့လဲဆိုတော့အဆိုပါပုဂ္ဂိုလ်ဟာစစ်ရာဇဝတ်မှုများစွာကို ထင်တိုင်းကြဲကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲ။ ဗိုလ်မှုးချုပ်သူရိန်ထွန်းဟာသူဦးဆောင်တဲ့နယ်ခြားစောင့်စခန်းကို အဖက်ဖက်ကပိတ်ဆို့ခံထားရတာတောင် လက်အောက်ငယ်သားတွေကိုလက်နက်မချခိုင်းပဲ ဆက်တိုက်ခိုင်းတယ်။လက်နက်ချဖို့စီစဥ်သူတွေကိုလဲ ပစ်သတ်ခဲ့တယ်လို့သိရတယ်။သူရဲ့ခေါင်းမာမှုကြောင့်အေအေဟာမလိုအပ်ပဲ အသက်သွေးတွေထပ်ရင်းခဲ့ရတယ်။ဒါ့အပြင်တိုက်ပွဲကာလအတွင်း မောင်တောမှာရိုဟင်ဂျာတွေနဲ့ရခိုင်တွေကြားလူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဖန်တီးခဲ့တယ်။မောင်တောမြို့ကိုမီးရှို့ခဲ့တဲ့ အဓိကတရားခံလဲဖြစ်တယ်။ရခိုင်ပြည်နယ်မှာတာဝန်မကျခင်ကလဲ မန္တလေးမြို့မှာဆန္ဒပြပြည်သူတွေကိုပစ်ခတ်နှိမ်နင်းမှုတွေကို ဦးဆောင်ပြုလုပ်ခဲ့သေးတယ်။မန္တလေးနန်းတွင်းစစ်ကြောရေးမှာလဲ...

Read moreDetails

တရုတ်ဖိအားကြောင့် ဖြစ်ပေါ်လာမည့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သံသယများရှိနေ

တရုတ်ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် မြန်မာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့၏ ကမ်းလှမ်းမှုများက တရုတ်၏ ဖိအားပေးမှုများကြောင့်ဖြစ်နိုင်ပြီး ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားနေသော တော်လှန်မှုများကို အဆုံးသတ်နိုင်ဖွယ်မရှိကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေကျင်းသို့ သွားရောက်ပြီး မကြာမီ...

Read moreDetails

မြန်မာ့အရေး တရုတ်ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ ကမ္ဘာတဝန်း၌ပြုလုပ်

မဇ္ဈိမ။ ။ မြန််မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုများကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ စသည့်နိုင်ငံများတွင် ပြုလုပ်ခဲ့ကြကြောင်း Global Actions Against China’s Meddling in Myanmar အဖွဲ့၏...

Read moreDetails

မြန်မာပြည်သူ ၁၃ သန်းကျော် စားနပ်ရိက္ခာ အခက်ကြုံနေရ၊ ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်

မြန်မာနိုင်ငံအတွင်း လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်းလူဦးရေ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး အဲဒီထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ...

Read moreDetails
Page 33 of 233 1 32 33 34 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist