LATEST STORIES

ဧပြီ ၂၆၊ ၂၀၂၅။ (စနေ)

ကချင်ပြည်နယ်ဗန်းမော်မြို့ကို KIAက တကျော့ပြန်ထိုးစစ် ဆင်လာပါတယ်။ဗန်းမော်မြို့ရဲ့နေရာအတော်များများကို KIAကသိမ်းပိုက်ထားပြီး လက်ကျန်စစ်ကောင်စီစခန်းတွေနဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်။စစ်ကောင်စီဘက်ကလဲ KIAရဲ့ဗန်းမော်ထိုးစစ်ကိုအာရုံပြောင်းတဲ့အနေနဲ့ ကျောက်စိမ်းတွေထွက်ရှိရာ ဖားကန့်ကိုအင်အားအများအပြားနဲ့ စစ်ကောင်းသုံးခုခွဲကာ ပြန်လည်ထိုးစစ်ဆင်လာပါတယ်။ဒါပေမယ့် အောင်မြင်မှုမရှိပဲအကျအဆုံးတွေသာ များနေတယ်။ဗန်းမော်မြို့ဟာ လက်ရှိအချိန်မှာတော်လှန်ရေးအဖွဲ့တွေဘက်က ဆင်နွဲနေတဲ့တစ်ခုတည်းသော မြို့သိမ်းတိုက်ပွဲဖြစ်ပြီး တိုက်ပွဲကာလငါးလကျော်ရှိနေပါပြီ။

Read moreDetails

ဧပြီ ၂၅၊ ၂၀၂၅။ (သောကြာ)

နေပြည်တော်ကNON CDM ဝန်ထမ်းတွေရဲ့ဘဝတွေဟာလဲ သနားစရာကောင်းပါတယ်။ဒီလောက်အခြေအနေဆိုးနေတဲ့ကြားက စစ်​ကောင်စီက ရုံးအတင်းတက်ခိုင်းနေတယ်။ရုံးအဆောက်အအုံတွေ ပျက်စီးနေတဲ့အတွက်ပူပြင်းထဲရာသီဥတုအောက်မှာ ယာယီပြုလုပ်ထားတဲ့ရွက်ဖျင်တဲတွေနဲ့ ရုံးတက်ကြရတယ်။ရုံးကပြန်တော့လဲနေစရာအိမ်မရှိတော့ပါဘူး။ပြိုကနေတဲ့ ဝန်ထမ်းအိမ်ရာဝန်းထဲက နေရာလွတ်တွေမှာဖြစ်သလို နေထိုင်နေရတယ်။ဒါ့အပြင်ညဘက်တွေမှာ သူခိုးတွေသောင်းကျန်းလို့ ကင်းစောင့်ရသေးတယ်။စစ်ကောင်စီဟာဒုက္ခရောက်နေတဲ့ ကိုယ့်ဝန်ထမ်းတွေအဆင်ပြေအောင်တောင် မလုပ်ပေးနိုင်ပါဘူး။ဒါ့ကြောင့် ရန်ကုန်မှာမိသားစုရှိ​တဲ့ဝန်ထမ်းတချို့ကတော့ အလုပ်ထွက်ပြီးရန်ကုန်ပြန်ဖို့ပြင်နေကြပြီ။ရွေးချယ်စရာမရှိတဲ့ဝန်ထမ်းတွေကတော့ ဒုက္ခတွေကြားနေပြည်တော်မှာပဲ ဆက်လက်နေထိုင်ကြရတယ်။တက်စရာရုံးမရှိနေစရာအိမ်မရှိတဲ့...

Read moreDetails

ဧပြီ ၂၄၊ ၂၀၂၅။ (ကြာသပတေး)

ငလျင်ဘေးကြောင့်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာလဲ ပျက်စီးဆုံးရှုံးမှုကြီးမားပါတယ်။သမ္မတအိမ်တော်၊ လွတ်တော်၊စစ်ရုံးချုပ်၊ဝန်ကြီးဌာနအဆောက်အအုံတွေပါ ထိခိုက်ပျက်စီးသွားတယ်။​နိုင်ငံခြားရေး၊ပြည်ထဲရေးစတဲ့ဝန်ကြီးဌာနတွေဆိုရင် ရန်ကုန်ကိုတောင်ရွေ့ပြောင်း လုပ်ကိုင်နေရတယ်။အဆိုးဆုံးကတော့ ဝန်ထမ်းအိမ်ရာတွေပါပဲ။နေပြည်တော်က ဝန်ထမ်းအိမ်ရာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းခန့်ဟာ လူနေထိုင်လို့မရလောက်အောင်ကို ပျက်စီးပြိုကျသွားတယ်။ဝန်ကြီးဌာနအဆောက်အအုံတွေ ပျက်စီးမှု၊ဝန်ထမ်းအိမ်ရာတွေပြိုကျမှုကြောင့် စစ်ကောင်စီလက်အောက်ခံအစိုးရဌာနတွေဟာ အခုချိန်ထိကောင်းကောင်း မလည်ပတ်သေးပါဘူး။  

Read moreDetails

ဧပြီ ၂၃၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

၁၀၂၇စစ်ဆင်ရေးတွေငြိမ်သက်သွားချိန်ပြီးချိန်မှာစစ်ကောင်စီက အင်အားပြန်လည်စုစည်းပြီး ဒီနှစ်ဧပြီလလောက်ကျရင်ထိုးစစ်တွေ ပြန်စလိမ့်မယ်လို့စစ်ရေးကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြတယ်။အခုလဲစစ်ကောင်စီဟာ တောင်ခမ်းနဲ့မိုးဗြဲမှာထိုးစစ်တွေပြန်လည်စတင်နိုင်လာတာတွေ့ရတယ်။MNDAAရဲ့ လုံးဝအပစ်ရပ်လိုက်နိုင်ပြီးနောက်စစ်ကောင်စီဟာ TLNAထိန်းချုပ်နယ်မြေတွေကို အနှောက်ယှက်ကင်းကင်းနဲ့ပြန်လည်တိုက်ခိုက်လာတယ်။ဒါ့အပြင် လားရှိုးကိုပြန်ရပြီးနောက် အငြိမ်နေမှာမဟုတ်ပဲ တရုတ်အားကိုးပြီးနိုင်ငံရေးနည်းလမ်းနဲ့ ရှမ်းမြောက်ကနယ်မြေတွေကို ရလောက်ယူဖို့ကြိုးစားပါလိမ့်မယ်။တရုတ်ကလဲမန္တလေးမူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ချင်တဲ့အတွက်စစ်ကောင်စီကို ကူညီမှာပါ။ဒါ့ကြောင့်MNDAAပြီးရင် TLNAအနေနဲ့နိုင်ငံရေးစစ်ရေးဖိအားတွေ ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။

Read moreDetails

ဧပြီ ၂၂၊ ၂၀၂၅။ (အင်္ဂါ)

MNDAAသိမ်းပိုက်ခဲ့တဲလားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရချိန်မှာပဲ TLNAထိန်းချုပ်နယ်မြေက တောင်ခမ်းစစ်မျက်နှာမှာလဲစစ်ကောင်စီက အသာစီးရလာနေပါတယ်။ထိုဒေသကစစ်ကောင်စီအမြောက်တပ်လေးခုကို အပြီးသတ်မသိမ်းနိုင်ခဲ့တာ​ကြောင့် စစ်ကောင်စီကအင်အားဖြည့်တင်းပြီးခံစစ်ကနေ တိုက်စစ်ကိုကူးပြောင်းလာခဲ့တယ်။စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအဆမတန်အသုံးပြု ထိုးစစ်ဆင်လာတာကြောင့်မတ်လကုန်လောက်ကစပြီး ထိုစစ်မျက်နှာမှာTLNAတပ်တွေတဖြည်းဖြည်းနဲ့ အရေးနိမ့်လာတယ်။အခုဆိုရင်နောင်ချိုမြို့နဲ့မိုင်နှစ်ဆယ်အကွာအထိ စစ်ကောင်စီတပ်တွေရောက်လာပါပြီ။ ကရင်နီပြည်နယ်မှာလဲ မိုးဗြဲမြို့ကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေတုန်းပါပဲ။အခုချိန်ထိတော့ ကရင်နီတော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ထိုးစစ်ကို ထိန်းချုပ်ထားနိုင်သေးတယ်။မိုး​​​ဗြဲမြို့ဟာ...

Read moreDetails

ဧပြီ ၂၁၊ ၂၀၂၅။ (တနင်္လာ)

လားရှိုးမြို့ထဲကိုစစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။စစ်ယာဥ်တန်းတွေနဲ့ အင်အားများစွာပါလာတယ်။လားရှိုးမြို့အလွဲအပြောင်းကိစ္စအတွက် တရုတ်အထူးကိုယ်စားလှယ် ကိုယ်တိုင်လာရောက်စောင့်ကြည့်နေတာပါ။ဒါပေမယ့် အခုချိန်ထိစစ်ကောင်စီရော MNDAAရောဘာသတင်းမှ မထုတ်ပြန်သေးပါဘူး။ဒါပေမယ့်ကျိန်းသေတာတစ်ခုကတော့ မြန်မာပြည်မတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် အသက်ပေါင်းများစွာ ရင်းနှီးပြီးတိုက်ယူထားတဲ့လားရှိုးမြို့ကြီးကို တရုတ်ရဲ့ဝင်ရောက်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် စစ်ကောင်စီထံ ပြန်​ပေးလိုက်ရပီဖြစ်ပါတယ်။

Read moreDetails

ဧပြီ ၂၀၊ ၂၀၂၅။ (တနင်္ဂ​နွေ)

သင်္ကြန်တွင်းပြည်သူတွေကို ဆက်တိုက်ဗုံးကြဲနေတဲ့စစ်ကောင်စီဟာ သင်္ကြန်အပြီးမှာလဲ ဆက်လက်ဗုံးကြဲနေပါတယ်။ ဧပြီလ ၁၈ ရက်က မန္တလေး - မိုးကုတ် ကားလမ်းပေါ်က လိပ်ကျကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၁၃...

Read moreDetails

ဧပြီ ၁၉၊ ၂၀၂၅။ (စနေ)

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ် ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ ဆက်တိုက် ပေးပို့နေပါတယ်။ ရန်ကုန်လေဆိပ်ကို  ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်လာတဲ့...

Read moreDetails

ဘယ်သူ့​ကြောင့်လဲ

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက် တချို့တွေ အသက်ရှင်လျက်ကယ်တင်ပေးနိုင်ခဲ့တာကျေးဇူးတင်စရာပါပဲ။ ငလျင်လှုပ်ပြီး ပြီးချင်းအကူအညီတွေချက်ခြင်းပေးခဲ့တာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။Emergency Respond Team ကို လွှတ်ပေးခဲ့ရုံသာမက ကူငွေအနေနှင့်ယွင်သန်း၁၀၀ ကျော် ကူညီပေးတာမို့ဒေါ်လာအားဖြင့်၁၃ သန်းရှိပြီး အကူအညီပေးတဲ့နိုင်ငံတွေထဲအများဆုံးဖြစ်ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂ၊...

Read moreDetails

ဧပြီ ၁၈၊ ၂၀၂၅။ (သောကြာ)

အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်ဟာ မနေ့ကမင်းအောင်လှိုင်နဲ့ဘန်ကောက်မှာ တွေ့ဆုံးပြီး ဒီနေ့မှာတော့ NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။NUGကတော့လူသားချင်းစာနာမှုအကူအညီတွေ ပေးရေးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့ နှစ်ဖက်လုံးကိုတွေ့ဆုံမှုမှာ အပစ်ရပ်သက်တမ်းတိုးရေးလဲ ပါဝင်မယ်လို့ယူဆကြတယ်။ အရင်ကအာဆီယံအနေနဲ့ NUGကိုတိုးတိုးတိတ်တိတ်တွေ့ဆုံံခဲ့တာတွေရှိခဲ့​​မယ့် ဒီတကြိမ်မှာတော့ငလျင်ကိုအကြောင်းပြုပြီး ပထမဆုံးအကြိမ်နိုင်ငံတော်အဆင့်တရားဝင်တွေ့ဆုံ​ခဲ့တာကြောင့် တိုးတက်မှုတွေရှိလာတယ်လို့ပြောရမလားပဲ။

Read moreDetails
Page 20 of 235 1 19 20 21 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist