LATEST STORIES

မေ ၃၀၊ ၂၀၂၃။ (အင်္ဂါ)

အာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီးစစ်တပ်ဖက်ကလူမျိုးရေးဘာသာရေးမှိုင်းတွေကိုဖြန့်ဝေပေးနေသူအဆိုတော်လီလီနိုင်ကျော်ဟာဒီနေ့သူမရဲ့ကားပေါ်မှာပဲပစ်ခတ်လုပ်ကြံခံရပြီးသေဆုံးသွားတယ်။သူမဟာတော်လှန်ရေးဘက်တော်သားတွေရဲ့သတင်းတွေကိုစစ်ကောင်စီကိုပေးနေလို့လုပ်ကြံလိုက်ရတာလို့တော်လှန်ရေးအဖွဲ့တွေဖက်ကပြောတယ်။အဆိုတော်လီလီနိုင်ကျော်ဟာစစ်ကောင်စီထိပ်ပိုင်းကလူတွေနဲ့ရင်းနှီးသူတစ်ယောက်ဖြစ်ပြီးအာဏာသိမ်းခါစစစ်ကောင်စီရဲ့စီစဉ်မှုနဲ့ဘီဘီစီသတင်းဌာနနဲ့တွေ့ဆုံခွင့်ရတဲ့သူတွေထဲမှာပါဝင်လိုက်သေးတယ်။အဲ့တုန်းကတည်းကပြည်သူတွေကသူမကိုအမြင်မကြည်ခဲ့ဘူး။သူကိုယ်တိုင်ကလဲထိမ်းထိမ်းသိမ်းသိမ်းမနေထိုင်ခဲ့တဲ့အတွက်ဒီလိုအခြေနေမျိုးကြုံရတာပဲ။

Read moreDetails

မေ ၂၉၊ ၂၀၂၃။ (တနင်္လာ)

NUGကဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလက်နက်တပ်ဆင်မှုတွေသိသိသာသာတွေ့မြင်လာရတယ်။အရင်ကEAOနယ်မြေတွေကကော်ဘရာစစ်ကြောင်းလိုအဖွဲ့တွေကိုသာတပ်ဆင်ပေးခဲ့ပေမယ့်အခုဆိုပြည်မနယ်မြေတွေဖြစ်တဲ့စစ်ကိုင်း၊မကွေးနဲ့ပဲခူးကဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုအပြည့်အဝမဟုတ်ပေမယ့်တစိတ်တပိုင်းတော့လက်နက်တပ်ဆင်ပေးလာနိုင်တယ်။အခုနောက်ဆုံးသိရတာကစစ်ကိုင်းတိုင်းယင်းမာပင်နယ်မြေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၃၀ကျော်ကိုတဖွဲ့ငါးလက်နှုန်းနဲ့လက်နက်ငယ်တွေပေးအပ်လိုက်တယ်။ငါးလက်ဆိုတာအဖွဲ့တစ်ခုအတွက်ဘာမှမပြောပလောက်ပေမယ့်ချို့တဲ့တဲ့အဖွဲ့တွေအတွက်ဆိုရင်တော့အားတစ်ခုပဲ။NUGကဒီလိုလုပ်ပေးတာအချိန်အားဖြင့်နောက်ကျနေပေမယ့်ဘာမှမလုပ်ပေးနိုင်တာထပ်စာရင်တော့ပိုကောင်းတာပေါ့လေ။

Read moreDetails

မေ ၂၈၊ ၂၀၂၃။ (တနင်္ဂနွေ)

ချင်းပြည်နယ်ဟားခါးနဲ့ထန်တလန်ကြားသီးမစ်လွင်ပြင်ဒေသမှာစစ်ကောင်စီတပ်တွေနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်။စစ်သူပုန်တွေဖက်ကအင်အား၂၀၀ခန့်နဲ့ချီတက်လာပြီးသူတို့ထိန်းချုပ်လို့မရတော့တဲ့ထန်တလန်မြို့ကိုအင်အားဖြည့်ကိုအဓိကရည်ရွယ်တာဖြစ်တယ်။တိုက်ပွဲတွေမှာလေကြောင်းပစ်ကူနဲ့လက်ကြီးဒဏ်တွေကြောင့်ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖက်မှာအကျအဆုံးများနေတယ်။အနည်ဆုံး၁၀ဦးကျော်ကျဆုံးသွားပြီးအရေအတွက်ဟာဒီထပ်ပိုတိုးလာနိုင်တယ်။ဒါပေမယ့်လဲချင်းကာကွယ်ရေးအဖွဲ့တွေဖက်ကတော့အစွမ်းကုန်ခုခံလျက်ရှိတယ်။ ချင်းပြည်နယ်ကိုပြီးခဲ့တဲ့လကစစ်ယာဉ်တန်းနှစ်ခုနဲ့စစ်တပ်ဖက်အင်အားဖြည့်တင်းလာလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုတခေါက်ထိတွေ့မှုကြီးကြီးမားမားပြန်လည်ဖြစ်ပေါ်လာတာပဲ။စစ်ကောင်စီဖဖက်ကထန်တလန်မြို့ကိုအင်အားဖြည့်ဖို့ကြိုးစားပေမယ့်မကြာမီချင်းတောင်တန်းဒေသမှာမိုးကျတော့မှာဖြစ်တာကြောင့်အောင်မြင်မယ်မထင်ဘူး။

Read moreDetails

မေ ၂၇၊ ၂၀၂၃။ (စနေ)

အဆိုတော်ဗျူဟာပြောတဲ့လျှပ်စစ်မီးအကြောင်းပြောရရင်ရန်ကုန်မှာတော့မုန်တိုင်းအပြီးမှာမီးရချိန်အနည်းငယ်တိုးလာတယ်။ဒါပေမယ့်တချို့နေရာတွေမှာတော့ဆိုးရွားစွာပျက်တောက်နေဆဲပဲ။မန္တလေးမှာဆိုရင်ဆင်ခြေဖုန်းမြို့နယ်တွေမှာနေ့တိုင်းတနေကုန်မီးမလာပဲညလူအိပ်ချိန်ရောက်မှမီးပေးတဲ့အထိဆိုးရွားလျက်ရှိတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ကလျှပ်စစ်မီးပြသာနာဟာသူ့အတွက်အကြီးမားဆုံးအခက်အခဲတစ်ခုပဲလို့ဝင်ခံထားတယ်။ဒါပေမယ့်ဒီပြသာနာကိုဖြေရှင်းဖို့ဘာမှကြိုးစားအားထုတ်မှုမတွေ့ရဘူး။နိုင်ငံတကာကလဲပိတ်ဆို့မှုကိုကျော်လွားပြီးဖြေရှင်းနိုင်စွမ်းလဲစစ်ကောင်စီမှာမရှိဘူး။ ဒီလိုသာနိုင်ငံတဝန်းနွေရာသီရောက်တိုင်းလျှပ်စစ်မီးပျက်တောက်နေရင်ကုန်ဈေးနှုန်းတွေဆက်တက်နေဦးမှာပဲ။ကုန်ထုတ်လုပ်တဲ့စက်ရုံတွေဟာမီးစက်မောင်းနေရတဲ့အတွက်သူတို့ကုန်ပစ္စည်းတွေအပေါ်ဈေးတင်မှာပဲ။ဒီသံသရာဟာနောက်ဆုံးသုံးစွဲသူပြည်သူတွေပေါ်ရောက်ပြီးငွေကြေးဖောင်းပွမှုကဆက်လက်မြင့်တက်လာဦးမှာပဲ။အခုမိုးရာသီရောက်တော့မှာမို့ပြေလည်သယောင်ရှိသွားပေမယ့်နောက်နှစ်နွေအတွက်ဆိုရင်မတွေးရဲစရာပဲ။

Read moreDetails

မေ ၂၆၊ ၂၀၂၃။ (သောကြာ)

ဟစ်ဟော့အဆိုတော်ဗျူဟာဟာလူမှုကွန်ယက်ကနေစစ်ကောင်စီကိုဝေဖန်မိလို့ဖမ်းဆီးခြင်းခံလိုက်ရတယ်။အဆိုတော်ဗျုဟာဟာသူ့ဖေ့ဘုတ်ပေ့ကနေပြီးရန်ကုန်မှာဆိုးရွားစွာပြတ်တောက်နေတဲ့လျှပ်စစ်မီးအကြောင်းကိုဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကအခြေအနေနဲ့နှိုင်းယှဉ်ဝေဖန်မိရာကနေအိမ်မှာအင်အားအများအပြားသုံးပြီးလာရောက်ဖမ်းဆီးခြင်းခံလိုက်ရတယ်။ဖမ်းဆီးခံရပြီးနောက်စစ်ကောင်စီဘက်တော်သားလူမှုကွန်ယက်စာမျက်နှာတွေမှာထိုးကြိတ်ခံထားရတဲ့မျက်နှာနဲ့ပုံတွေတက်လာတယ်။သူ့ကိုဘယ်ပုဒ်မတပ်မယ်သေချာမသိသေးပေမယ့်နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ၅၀၅ပဲတပ်ဖို့များတယ်။စစ်ကောင်စီလက်အောက်မှာပြည်သူတွေဟာလွတ်လပ်စွာပြောဆိုခွင့်လုံးဝဆုံးရှုံးလျက်ရှိတယ်။ကအကြည်ညိုပျက်ရအောင်ကြည်ညိုစရာတစက်မှမရှိတဲ့စစ်ကောင်စီပဲ။

Read moreDetails

မေ ၂၅၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ် ရဲစခန်းထဲက စစ်အုပ်စု တိုက်ခိုက်ခံရကာ အထိနာ အသေများ ပြီးနောက် စစ်အုပ်စုက ပဒူရွာကို မီးတင်ရှို့ဖျက်ဆီးရာ အိမ်ခြေ (၅၀၀)ကျော် မီးလောင် ဆုံးရှုံးသွားတယ်။ မေ(၁၉)ရက်ကစတင်ပြီးစစ်ကိုင်းမြို့ရဲ့မြောက်ဘက်ပဒူတိုက်နယ်ထဲရွာစဉ်ပတ်မွှေလုယက်အကြမ်းဖက်နေပြီး ပဒူရဲစခန်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က...

Read moreDetails

မေ ၂၄၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

မွန်ပြည်နယ်၊ကျိုက်ထိုမြို့ကရွာပေါင်း၂၅ရွာအသုံးပြုနေတဲ့ရွာချင်းဆက်အကြမ်းဖက်စစ်တပ်ကဖျက်စီးသွားတယ်။ဒီတခေါက်ဖျက်စီးတာငါးခေါက်မြောက်ဖြစ်ပြီးညပိုင်းမှာအင်အား၆၀ခန့်နဲ့လာရောက်ဖျက်စီးသွားတာဖြစ်တယ်။မြို့ကိုနှစ်ခြမ်းခွဲချင်တဲ့ရည်ရွယ်ချက်နဲ့ဖျက်စီးသွားတာလို့ဒေသခံတွေကပြောကြတယ်။ဟိုအရင်ရက်ကလဲကော့ကရိတ်မြို့အဝင်လမ်းတွေကိုဖျက်စီးသွားသေးတယ်။ ဒါကိုကြည့်မယ်ဆိုရင်စစ်တပ်ဟာသူတို့ဆီလာမယ့်လမ်းတွေကိုပါဖျက်စီးပြီးခံစစ်ပြင်နေရပြီ။ဒါမျိုးကိုအရင်ကအင်အားနည်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာစစ်တပ်လာတိုက်မှာကြောက်လို့လုပ်ခဲ့ကြပေမယ့်အခုစစ်တပ်ကိုယ်တိုင်ကဒီလိုပုံစံမျိုးပြန်လုပ်နေရပြီဆိုတော့သူတို့အင်အားနည်းတာပိုမိုပေါ်လွင်လာပြီဖြစ်တယ်။

Read moreDetails

မေ ၂၃၊ ၂၀၂၃။ (အင်္ဂါ)

‌မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို မနေ့က ညနေပိုင်း ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်တပ်က သီးခြားခေါ်ထုတ်ပြီးသွားပြီးနောက် အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မေလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းကစလို့ အစာငတ်ခံ...

Read moreDetails

မေ ၂၂၊ ၂၀၂၃။ (တနင်္လာ)

ပြီးခဲ့တဲ့ မေ(၁၄)နဲ့(၁၅)ရက်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ကျော်မှာ ထောင်သောင်းချီတဲ့ စိုက်ပျိုးသီးနှံတွေ ရေနစ်မြုပ် ပျက်စီးခဲ့ပြီး နေအိမ်တွေထဲ ရေဝင်လို့ ရိတ်သိမ်း သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာတွေပါ ပျက်စီးဆုံးရှုံးမှု ကြုံခဲ့ရတယ်။ မုန်တိုင်းတိုက်ခတ်ပြီး...

Read moreDetails

မေ ၂၁၊ ၂၀၂၃။ (တနင်္ဂနွေ)

မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနဲ့ ကံကော်ဆေးရုံတွေကို စစ်အုပ်စုက အာဏာပြပြီး လေးလကြာ ယာယီ ပိတ်သိမ်း ခိုင်းထားရာက လက်ရှိမှာ ဆေးရုံ လုပ်ငန်းလိုင်စင်ပါ ပယ်ဖျက်လိုက်ပါပြီ။စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ CDM...

Read moreDetails
Page 104 of 235 1 103 104 105 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist