အဆိုတော်ဗျူဟာပြောတဲ့လျှပ်စစ်မီးအကြောင်းပြောရရင်ရန်ကုန်မှာတော့မုန်တိုင်းအပြီးမှာမီးရချိန်အနည်းငယ်တိုးလာတယ်။ဒါပေမယ့်တချို့နေရာတွေမှာတော့ဆိုးရွားစွာပျက်တောက်နေဆဲပဲ။မန္တလေးမှာဆိုရင်ဆင်ခြေဖုန်းမြို့နယ်တွေမှာနေ့တိုင်းတနေကုန်မီးမလာပဲညလူအိပ်ချိန်ရောက်မှမီးပေးတဲ့အထိဆိုးရွားလျက်ရှိတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ကလျှပ်စစ်မီးပြသာနာဟာသူ့အတွက်အကြီးမားဆုံးအခက်အခဲတစ်ခုပဲလို့ဝင်ခံထားတယ်။ဒါပေမယ့်ဒီပြသာနာကိုဖြေရှင်းဖို့ဘာမှကြိုးစားအားထုတ်မှုမတွေ့ရဘူး။နိုင်ငံတကာကလဲပိတ်ဆို့မှုကိုကျော်လွားပြီးဖြေရှင်းနိုင်စွမ်းလဲစစ်ကောင်စီမှာမရှိဘူး။
ဒီလိုသာနိုင်ငံတဝန်းနွေရာသီရောက်တိုင်းလျှပ်စစ်မီးပျက်တောက်နေရင်ကုန်ဈေးနှုန်းတွေဆက်တက်နေဦးမှာပဲ။ကုန်ထုတ်လုပ်တဲ့စက်ရုံတွေဟာမီးစက်မောင်းနေရတဲ့အတွက်သူတို့ကုန်ပစ္စည်းတွေအပေါ်ဈေးတင်မှာပဲ။ဒီသံသရာဟာနောက်ဆုံးသုံးစွဲသူပြည်သူတွေပေါ်ရောက်ပြီးငွေကြေးဖောင်းပွမှုကဆက်လက်မြင့်တက်လာဦးမှာပဲ။အခုမိုးရာသီရောက်တော့မှာမို့ပြေလည်သယောင်ရှိသွားပေမယ့်နောက်နှစ်နွေအတွက်ဆိုရင်မတွေးရဲစရာပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...