LATEST STORIES

ဇွန် ၀၇၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ နေရာ ငါးခုကိုမနေ့ က KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဓိကရည်ရွယ်ချက်ကတော့နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားအားဖြိုချဖျက်ဆီးနိုင်ဖို့ပဲ။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ လေကြောင်းနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်။စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦးနဲ့ဗိုလ်ကြီးတစ်ဦးအပါအဝင်ကနဦးသိရတာကကို ၃၀ကျော်သေတယ်။ ဖြူးမြို့နယ်ဆေးရုံ အရေးပေါ်ခန်းမှာဒဏ်ရာရသူတွေအပြည့်ပဲလို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေဖက်ကတော့သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်။တိုက်ပွဲကြောင့်ဒေသခံ၁၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတယ်။...

Read moreDetails

တောင်ငူထောင်မှ အကျဉ်းသားများထွက်ပြေးမှုနှင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီး စစ်ကြောရေးတွင် သေဆုံး

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီးကျော်ထွေးသည် ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား...

Read moreDetails

ဇွန် ၀၆၊ ၂၀၂၃။ (အင်္ဂါ)

ရန်ကုန်အပါအဝင်တနိုင်ငံလုံးကမြို့ကြီးတွေမှာစစ်ကောင်စီကည၁၀နာရီနောက်ပိုင်းအပြင်ထွက်နေတဲ့လူတွေကိုဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်။လူငယ်ပိုင်းတွေကိုပစ်မှတ်ထားပြီးဖမ်းဆီးနေတာဖြစ်ပြီးဘာအပစ်မှမလုပ်ပဲနဲ့ရပ်ကွက်ထဲအပြင်ထွက်လမ်းလျှောက်နေသူတွေပါဖမ်းဆီးခံနေရတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကအခုလိုဖမ်းဆီးပြီးPလို့စွပ်စွဲငွေညစ်မယ်။တောင်းတဲ့ငွေအတိုင်းမပေးနိုင်ရင်တပ်ထဲပို့ပစ်တာတို့လုပ်နေတယ်။ငွေရရင်ရ၊မရရင်တပ်သားအသစ်ရဆိုတဲ့တချက်ခုတ်နှစ်ချက်ပြတ်အကြံနဲ့ပေါ့။ဒါကြောင့်ဒီကာလကြီးမှာမနူးမနပ်လူငယ်လေးတွေသတိထားဖို့လိုလိမ့်မယ်။စစ်တပ်ရဲ့အခုလုပ်ရပ်ကပြည်သူတွေကိုပြန်ပေးဆွဲသလိုဖြစ်နေတယ်။ပြည်သူကိုကာကွယ်ရမယ့်စစ်တပ်ကတော့သူခိုးဓားမြအကြီးစားလုံးလုံးဖြစ်နေပြီ။

Read moreDetails

ဇွန် ၀၅၊ ၂၀၂၃။ (တနင်္လာ)

‌ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲ မြို့တွင် စစ်ရေးပြင်းထန်နေပြီးစစ်ကောင်စီတပ်က လက်နက်ကြီး အများအပြားဖြင့် မြို့တွင်းသို့ ပစ်ခတ်ခဲ့ရာ မဟာဓာတ်အားလိုင်းပြတ်​တောက်မှု အပါအဝင် အရပ်သားထိခိုက်မှုများ နှင့် နေအိမ်ပျက်စီးမှုများရှိနေတယ်။ စစ်​ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းတွေဖြတ်​တောက်ထားတယ်။ ကယားပြည်နယ်မှာဗျုဟာကျတဲ့မိုးဗြဲ မြို့ကိုစစ်ကောင်စီက အလုံးစုံထိန်းချုပ်နိုင်ရေး အတွက်...

Read moreDetails

ဇွန် ၀၄၊ ၂၀၂၃။ (တနင်္ဂနွေ)

ဒီလ၁ရက်နဲ့၂ရက်မှာပြုလုပ်တဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့ကြားငြိမ်းချမ်းရေးဆွေးနွေးပွဲဟာဘာသဘောတူညီမှုမှမရပဲပြီးဆုံးသွားတယ်။တကယ်ကသုံးရက်လုပ်ဖို့စီစဉ်ထားတာဖြစ်ပြီးနှစ်ရက်နဲ့ပြီးဆုံးသွားတယ်ဆိုတော့ပွဲပျက်သွားတဲ့သဘောပဲ။ထိုဆွေးနွေးပွဲကိုလဲတရုတ်ကကြီးမှုးကျင်းပတာဖြစ်ပြီးနှစ်ဘက်စလုံးကစိတ်သိပ်မပါလှပဲဟန်ပြပုံစံသာလုပ်သွားတာပါ။တကယ်လဲဆွေးနွေးပွဲကျင်းပနေချိန်မှာစစ်ကောင်စီနဲ့MNDAAအဖွဲ့မြေပြင်မှာတိုက်ပွဲတွေဖြစ်နေခဲ့တယ်။စစ်တပ်ကအရင်စတိုက်တာဖြစ်လို့ဆွေးနွေးတာကသပ်သပ်၊စစ်တိုက်တာကသပ်သပ်လို့စစ်ကောင်စီကသဘောထားပုံရတယ်။ဒီပုံစံနဲ့တော့မြောက်ပိုင်းအဖွဲ့တွေနဲ့စစ်ကောင်စီတို့ငြိမ်းချမ်းရေးရဖို့မပြောနဲ့၊သဘောတူညီချက်အဆင့်တောင်ရဖို့မလွယ်ပါဘူး။သူတို့တွေအဆင်ပြေလေတော်လှန်ရေးအတွက်ပိုကောင်းလေပဲပေါ့။

Read moreDetails

ဇွန် ၀၃၊ ၂၀၂၃။ (စနေ)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ပြီး စစ်ရေးမစ်ရှင်တွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မုံရွာ Area 71 PDF တပ်ဖွဲ့စခန်း ဒီမနက်ပိုင်း စစ်အုပ်စုရဲ့ စီးနင်းမီးရှို့ ဖျက်ဆီးတာ ခံခဲ့ရပြီး ရဲဘော်တွေ လွတ်မြောက်ပေမယ့်...

Read moreDetails

ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ ကျောင်းနိမ့် ကျေးရွာကို ယနေ့ ဇွန်လ ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်မှာ ပုလောမြို့နယ်အခြေစိုက် ခလရ(၂၈၅)တပ်ရင်းမှဖြစ်ပြီး...

Read moreDetails

ဇွန် ၀၂၊ ၂၀၂၃။ (သောကြာ)

ကြာအင်းဆိပ်ကြီးမြို့ထဲမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင့်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ကြာအင်းဆိပ်ကြီးမှာအခြေစိုက်တဲ့ခြေလျင်တပ်ရင်းဌာနချုပ်ကိုမနေ့ညသန်းခေါင်ယံကစတင်ပြီး မနက်ပိုင်းအထိ ကရင့်ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးချကာ ကနဦး တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်မှာတော့ မြို့ပေါ်က ခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ဌာနဆိုင်ရာ ရုံးတွေကို ကရင့်ပူးပေါင်းတပ်တွေ ဝင်တိုက်တယ်။ တိုက်ပွဲမှာ...

Read moreDetails

ဇွန် ၀၁၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းတိုင်းအခြေပြုတော်လှန်ရေးအင်အားစု၂၀၀ကျော်တက်ရောက်နေတဲ့စစ်ကိုင်းဖိုရမ်ကိုဒီရက်တွေထဲကျင်းပနေပြီးနိုင်ငံရေး၊စစ်ရေး၊အုပ်ချုပ်ရေးနဲ့အထွေထွေကိစ္စရပ်များကိုဆွေးနွေးနေတယ်။တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်းစစ်ကိုင်းမှာဒီလိုဖိုရမ်မျိုးပထမဆုံးအကြိမ်ကျင်းပတာဖြစ်တယ်။ဒီပွဲကျင်းပဖို့အဖွဲ့အစည်းအားလုံးအတော်အားစိုက်လုပ်ဆောင်ထားရတာဖြစ်တယ်။တော်လှန်ရေးအဖွဲ့တွေပြန့်ကျဲနေတဲ့စစ်ကိုင်းတိုင်းလိုဒေသမျိုးမှာစုပေါင်းတိုင်ပင်ဖို့လိုအပ်နေတဲ့အချိန်အခုလိုစုဝေးဆွေးနွေးကြတာအပေါင်းလက္ခဏာဆောင်တဲ့လုပ်ဆောင်ချက်ပဲ။ဒါပေမယ့်လဲဒီတစ်ခေါက်နဲ့အရာအားလုံးအဆင်ပြေသွားမှာတော့မဟုတ်ဘူး။နောက်ထပ်လဲဒီလိုပွဲမျိုးထပ်လုပ်နိုင်ဖို့ကြိုးစားရဦးမယ်။

Read moreDetails

မေ ၃၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

လီလီနိုင်ကျော်ပစ်ခတ်လုပ်ကြံခံရပြီးနောက်စစ်တပ်ကိုထောက်ခံသူတွေအသိုင်းအဝိုင်းမှာဂယက်တွေထနေတယ်။လေးရက်အတွင်းစစ်တပ်ထောက်ခံသူအမျိုးသားရေးအစွန်းရောက်နှစ်ဦးသေဆုံးသွားတာကိုး။လီလီနိုင်ကျော်မတိုင်ခင်ကလဲစစ်တပ်အစွန်းရောက်ထောက်ခံတဲ့တင့်လွင်ဆိုသူတစ်ဦးလက်ဖက်ရည်ဆိုင်ထိုင်နေတုန်းပစ်ခတ်ခံရလို့သေဆုံးသွားသေးတယ်။သူဆိုရင်ပထမအကြိမ်လုပ်ကြံခံရပြီးမသေပဲအခုမှငရဲရောက်သွားတာပဲ။ ဒါကြောင့်စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်းမှာကိုယ့်အလှည့်ဘယ်တော့လာမလဲကြောက်ရွံ့နေကြပြီ။တချို့တွေကနေပြည်တော်ကိုပြောင်းပြေးကြတယ်။တချို့တွေကတော့လက်နက်ပေးဖို့၊အစောင့်အရှောက်ပေးဖို့တောင်းဆိုကြတယ်။သူတို့တွေကိုလက်နက်ပေးလဲဘာမှထူးမယ်မထင်ဘူး။UGတွေကသေချာစောင့်ကြည့်ပြီးမှအလစ်အငိုက်ကိုလုပ်ကြံတာလေ။သေနတ်တောင်ထုတ်ချိန်ရမှာမဟုတ်ဘူး။ဆောင်ထားတဲ့လက်နက်တောင်ပါသွားဦးမယ်။အစောင့်အရှောက်ပေးဖို့ကလဲစစ်တပ်ကသူ့ဘာသာသူတောင်လူအင်အားမလောက်ဖြစ်နေတဲ့အတွက်သူတို့လိုလူမျိုးကိုပေးမှာဟုတ်ဘူး။ဒီအချက်တွေကိုသူတို့ကိုယ်တိုင်လဲသိတယ်။အဲ့ဒီတော့အရူးမီးဝိုင်းနေကြပြီလေ။

Read moreDetails
Page 103 of 235 1 102 103 104 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist