LATEST STORIES

ဇွန် ၁၆၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းတိုင်းမှာဒီလထဲစစ်ကိုင်းမြို့နယ်ပဒူကျေးရွာအုပ်စု၊ဆားတောင်းမြို့နားကကျေးရွာတွေနဲ့မုံရွာမြို့တဖက်ကမ်းကညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေစစ်အုပ်စုရဲ့လူသတ်၊လုယက်၊မီးရှို့တဲ့ဒဏ်တွေကိုအလူးအလဲခံနေရတယ်။ထိုနေရာတွေမှာတော်လှန်ရေးအဖွဲ့တွေကစစ်အုပ်စုရဲ့အခြေစိုက်စခန်းတွေကိုလက်ဦးမှုရယူပြီးအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်စစ်အုပ်စုကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာသောင်းကျန်းနေတာပဲ။ ပဒူတိုက်နယ်မှာဆိုရင်တိုက်နယ်ရဲစခန်းကိုတော်လှန်ရေးတပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့တယ်။လက်နက်တွေလဲရလိုက်တယ်။ထိုတိုက်ပွဲပြီးတဲ့နောက်စစ်အုပ်စုကပဒူနယ်ကကျေးရွာတွေကိုတရွာမကျန်လိုက်လံမီးရှို့တော့တာပဲ။ရွာသားတွေလဲစစ်ကိုင်းမြို့ကဘုန်းကြီးကျောင်းတွေအထိသွားရောက်ခိုလှုံနေရတယ်။ဒါတောင်မှဘုန်းကြီးကျောင်းတွေအထိလိုက်ဖမ်းသေးတယ်လေ။

Read moreDetails

ဇွန် ၁၅၊ ၂၀၂၃။ (ကြာသပတေး)

ပီးခဲ့တဲ့ရက်တွေကစစ်ကိုင်းမြို့နယ် စစ်ကိုင်း - မုံရွာကားလမ်းပေါ်က ဆားတောင်မြို့ပေါ်ကို တော်လှန်ရေး ရဲဘော်တွေတက်ရောက်လာပြီးအင်အားပြခဲ့တယ်။အဲ့ဒီတုန်းမြို့ထဲမှာရှိနေတဲ့စစ်ခွေးတွေအကုန်အမြှီးလေးကုတ်ပြီးမလှုပ်ရဲကြဘူး။တော်လှန်ရေးရဲဘော်တွေပေါ်ပေါ်ထင်ထင်သေနတ်ကိုင်ပြီးတမြို့လုံးပတ်ခဲ့ကြတယ်။ဒါပေမယ့်နောက်ရက်တွေကစပြီးစစ်ခွေးတွေကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာဆားတောင်မြို့အနီးဝန်းကျင်ရွာစဉ်ပတ်မွှေအကြမ်းဖက်သောင်းကျန်းနေတယ်။စစ်ခွေးတွေဟာစစ်ကိုင်းမြို့နဲ့၁၀မိုင်ခန့်သာဝေးကွာတဲ့ ဆားတောင်မြို့နဲ့ အနီးဝန်းကျင် ရွာတွေကို အင်အား၁၀၀လောက်နဲ့ စီးနင်းကာ ပြည်သူတွေကို ရန်ပြုဖမ်းဆီးပြီး ရွာမီးရှို့၊ လုယက် သောင်းကျန်းနေတာပါ။ပြည်သူတွေကိုလည်း ဓားစာခံ ဖမ်းထားတယ်။အကြမ်းဖက် စစ်ခွေးများရဲ့...

Read moreDetails

ဇွန် ၁၄၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကရင်နီပြည်နယ်မှာပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးနောက်တစ်ရက်မှာပဲပြည်နယ်အရှေ့ပိုင်းထိုင်းနိုင်ငံနဲ့ကပ်လျက်မယ်စဲ့မြို့နယ်ထဲကမြို့နယ်ရဲစခန်းနဲ့စစ်တပ်အခြေစိုက်စခန်းကုန်းသုံးခုကိုတော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။မယ်စဲ့မြို့နယ်ဘက်မှာအရင်ကတိုက်ပွဲတွေဖြစ်လေ့မရှိပဲအခုမှတော်လှန်ရေးအဖွဲ့တွေကအလစ်အငိုက်တိုက်ခိုက်ခဲ့တာဖြစ်တယ်။တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကစခန်းမှုးအပါအဝင်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိပြီးပြန်လည်ဆုတ်ခွာသွားပြီးနောက်စစ်တပ်လေကြောင်းကရောလက်နက်ကြီးတွေနဲ့ပါရမ်းသမ်းပစ်ခတ်နေတယ်။အခုတော့မယ်စဲ့မြို့နယ်အနီးဖားဆောင်မြို့ပေါ်မှာစစ်တပ်ကအင်အားအများအပြားဖြည့်တင်းထားတယ်။ကရင်နီပြည်နယ်ထဲမှာတော်လှန်ရေးအဖွဲ့တွေကစစ်တပ်ကိုအရူးမီးဝိုင်းအောင်နေရာစုံမှာစစ်မျက်နှာဖွင့်တိုက်ခိုက်လျက်ရှိတယ်။

Read moreDetails

စစ်အုပ်စုကို နားရွက် တံတွေးစွတ်လိုက်တဲ့ ညောင်ပင်ကြီး စခန်းသိမ်းတိုက်ပွဲနဲ့ အညာစစ်ရေး ချိန်ခွင်လျှာ

တရုတ်တွေ သိမ်းပိုက်ထားတဲ့ လက်ပံတောင်းတောင်အနီးက စစ်အုပ်စုရဲ့အခိုင်အမာခြေကုပ်စခန်းဖြစ်တဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်ကာ မီးရို့ဖျက်ဆီးသွားပြီးနောက် စစ်အုပ်စုက နွားမူးရူးထိုးနဲ့ ပြည်သူတွေကို ရန်ပြုသောင်းကျန်းမီးရှို့ကာ ညောင်ပင်ကြီးစခန်းကို အသည်းအသန် ပြန်လည်တည်ဆောက်နေပါတယ်။ ညောင်ပင်ကြီးရဲစခန်းဟာ လက်ပံတောင်းတောင်ဒေသမှာ ကြေးနီတူးနေတဲ့ တရုတ်တွေရဲ့ အကျိုးစီးပွားကို...

Read moreDetails

ဇွန် ၁၃၊ ၂၀၂၃။ (အင်္ဂါ)

ကရင်နီပြည်နယ်မှာပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီ။ဒီနှစ်ဆန်းကတည်းကပြည်နယ်တစ်ခုလုံးနီးပါးမှာစစ်ရေးပြင်းထန်နေတဲ့ကြားကအခုလိုအုပ်ချုပ်ရေးကောင်စီဆိုတာဖြစ်ပေါ်လာတာပဲ။ကရင်နီပြည်နယ်မှာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေများပေမယ့်ပြန့်ကျဲမနေပဲစုစုစည်းစည်းစစ်ကောင်စီကိုတိုက်ပွဲဝင်နေတဲ့အတွက်အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့တခြားဒေသတွေထပ်ပိုမိုလွယ်ကူသွားတယ်။အုပ်ချုပ်ရေးမှတဆင့်ဥပဒေပြုရေး၊တရားစီရင်ရေးစတာတွေကိုဆက်လက်ဖော်ဆောင်သွားဖို့ရည်ရွယ်တယ်။ကရင်နီပြည်နယ်မှာစစ်ကောင်စီရဲ့ယန္တရားဟာလွိုင်ကော်မြို့ပေါ်လောက်မှာသာကျန်တော့ပြီးတပြည်နယ်လုံးနီးပါးကိုတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားနိုင်ပြီ။ခုလောလောဆယ်တော့မိုးဗြဲမြို့ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်။ ကရင်နီပြည်နယ်ကတော့နိုင်ငံရေးအရတဆင့်တက်သွားပြီပေါ့။

Read moreDetails

ဇွန် ၁၂၊ ၂၀၂၃။ (တနင်္လာ)

ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်TLNAနယ်မြေထဲကတအောင်းကျေးရွာအဝင်စိုက်ထူထားတဲ့တအောင်းစာနဲ့အလံတွေကိုစစ်ကောင်စီတပ်တွေကဘူဒိုဇာနဲ့ဖျက်စီးသွားတယ်။ထပ်မံဆောက်လုပ်ပါကအရေးယူမယ်လို့လဲပြောသွားသေးတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းMNDAAနယ်မြေထဲမှာလဲစစ်တပ်ကနယ်ကျော်လာလို့တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ဒီအဖြစ်အပျက်တွေဟာလဆန်းပိုင်းကမြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့ပျက်သွားပြီးနောက်ဖြစ်လာတာပဲ။စစ်ကောင်စီဟာသူတို့စကားနားမထောင်တဲ့အတွက်ထိုအဖွဲ့တွေကိုဖိအားပေးတဲ့သဘောပဲ။AAအဖွဲ့ရှိရာရခိုင်မှာပြီးခဲ့တဲ့ရက်တွေကမုန်တိုင်းပြန်လည်ထူထောင်ရေးလုပ်နေတဲ့ပြည်တွင်းပြည်ပအဖွဲ့တွေကိုခရီးသွားလာခွင့်ပိတ်ပင်လိုက်တာလဲဒီအကြောင်းကြောင့်ပဲ။ဒါကိုလဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကဂရုစိုက်နေမှာမဟုတ်ပါဘူး။စစ်ကောင်စီဟာအရင်လိုလုပ်ချင်တိုင်းလုပ်နိုင်တဲ့အခြေအနေမှာမရှိတော့ဘူးလေ။ဒါတောင်မှပဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအပေါ်စီးကအနိုင်ကျင့်ချင်သေးတယ်။

Read moreDetails

ဇွန် ၁၁၊ ၂၀၂၃။ (တနင်္ဂနွေ)

ရန်ကုန်မှာလီလီနိုင်ကျော်ကိုလုပ်ကြံနိုင်ခဲ့တဲ့မြို့ပြပျောက်ကျားအဖွဲ့နဲ့ဟိုတလောကရန်ကုန်မြို့လယ်ပန်းဆိုးတန်းအခွန်ရုံးကိုဖောက်ခွဲနိုင်ခဲ့တဲ့အဖွဲ့ကကလေးတွေရှေ့ဆင့်နောက်ဆင့်ဆိုသလိုအဖမ်းခံလိုက်ရတယ်။စစ်ကောင်စီကရန်ကုန်မှာUGအဖွဲ့တွေပြုလုပ်ခဲ့တဲ့မစ်ရှင်တွေကိုအဓိကအားဖြင့်CCTVအသုံးပြုပြီးနောက်ကြောင်းလိုက်နေတယ်။အခုအဖွဲ့တွေလဲCCTVကတဆင့်နောက်ယောင်ခံလိုက်ပြီးဖမ်းမိသွားတာပဲ။ အခုနောက်ပိုင်းUGအဖွဲ့တွေရန်ကုန်၊မန္တလေးလိုမြို့ကြီးတွေမှာမစ်ရှင်တွေလုပ်ရတာပိုပြီးခက်ခဲလာတယ်။လုပ်ခဲ့တဲ့မစ်ရှင်တွေအောင်မြင်မှုရှိပေမယ့်အဖွဲ့ဝင်တွေဟာအရင်လိုမလွတ်တော့ပဲဖမ်းဆီးခံရမှုတွေပိုမိုများပြားလာတယ်။အရင်ကပြောခဲ့သလိုပဲမြို့ကြီးတွေကိုစစ်ကောင်စီကထိန်းချုပ်သွားနိုင်တဲ့အတွက်သူတို့ရဲ့ထောက်လှမ်းရေးစနစ်ကိုလဲစိတ်ကြိုက်တည်ဆောက်သွားနိုင်တယ်။ဒါကြောင့်UGအဖွဲ့တွေအတွက်အရင်ကထပ်ပိုမိုခက်ခဲလာတယ်။ဒီလိုအခြေအနေတွေကြားကပဲမစ်ရှင်တွေကိုမရရအောင်ဆက်လက်အကောင်အထည်ဖော်နေတာချီးကျူးလေးစားဖို့ကောင်းတယ်။ဒါပေမယ့်ဒီလိုသာတစ်ခုလုပ်တိုင်းတစ်ခါအဖမ်းခံနေရမယ်ဆိုရင်ကိုယ်တွေကလေးတွေအတွက်မတန်တော့သလိုပဲ။အဖမ်းဆီးခံလိုက်တဲ့ကလေးတွေအတွက်စိတ်မကောင်းဖြစ်ရသလိုသူတို့တွေအဆင်ပြေပါစေလို့ဆုတောင်းယုံမှတပါးဘာမှမတတ်နိုင်ခဲ့ပါ။

Read moreDetails

ဇွန် ၁၀၊ ၂၀၂၃။ (စနေ)

စစ်ဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့နဲ့ကပ်နေတဲ့ဧရာဝတီမြစ်ဟိုဘက်ကမ်းစစ်ကိုင်းမြို့နားထိရောက်လာပြီ။စစ်ကိုင်းဆိုတာအရင်ကစစ်ကိုင်းတိုင်းရဲ့မြို့တော်ပဲ။အခုထိုစစ်ကိုင်းမြို့ရဲ့အနောက်ဖက်နဲ့မြောက်ဖက်ကကျေးရွာတွေကိုစစ်သူပုန်တွေစစ်ကြောင်းထိုးမီးရှို့နေပြီ။မြောက်ဖက်မှာဆိုရင်မင်းကွန်းတောင်ရိုးဘက်ကကျေးရွာတွေအရင်လတွေကမီးရှို့ခံခဲ့ရပြီးအခုရက်ပိုင်းစစ်ကိုင်းမြို့အနောက်ဖက်ကပဒူကျေးရွာအုပ်စုကရွာတွေမီးရှို့ခံနေရတယ်။ဒါကြောင့်ထိုရွာတွေကပြည်သူတွေဟာစစ်ကိုင်းမြို့ပေါ်ကဘုန်းကြီးကျောင်းတွေမှာလာရောက်ခိုလှုံနေရတယ်။စစ်တပ်ဟာထိုသူတွေကိုလဲအလွတ်မပေးပဲစစ်ကိုင်းတောင်ရိုးပေါ်ကဘုန်းကြီးကျောင်းတွေကိုစီးနင်းရှာဖွေကပြည်သူတချို့ကိုဖမ်းဆီးသွားသေးတယ်။ရွာကိုမီးရှို့နေအိမ်တွေကပစ္စည်းတွေခိုးယူတပ်ထဲသယ်ယူနေကြတာတောင်အားမရပဲစစ်ဘေးရှောင်ပြည်သူတွေကိုပါစစ်ကောင်စီကဖမ်းဆီးမှုတွေပြုလုပ်နေတယ်။

Read moreDetails

ဇွန် ၀၉၊ ၂၀၂၃။ (သောကြာ)

လူ့အခွင့်အရေးဝန်ကြီးဌာနအကြံပေးဦးအောင်ကျော်မိုးရဲ့အကိုကိုပျူစောထီးတွေကသတ်ဖြတ်လိုက်တယ်။ရန်ကုန်မြို့ဒေါပုံမြို့နယ်လူစည်ကားရာနေရာမှာပဲရက်ရက်စက်စက်ဓားထိုးသတ်ဖြတ်ခဲ့တာဖြစ်တယ်။ဒါဟာအမျိုးသားရေးအစွန်းရောက်လီလီနိုင်ကျော်နဲ့တင့်လွင်တို့အသတ်ခံရပြီးနောက်စစ်တပ်ဖက်ကလက်စားချေတဲ့သဘောနဲ့တော်လှန်ရေးဘက်တော်သားတွေနဲ့သက်ဆိုင်သူတွေကိုပြန်လည်သတ်ဖြတ်ပစ်တဲ့သဘောပဲ။ဒီလိုမျိုးလက်စားချေဖို့လဲစစ်ကောင်စီဝါဒဖြန့်ဆိုရှယ်မီဒီယာတွေကဆက်တိုက်လှုံ့ဆော်လျက်ရှိတယ်။ထိုချန်နယ်တွေကနေမဆိုင်တဲ့သူတွေကိုပါဖမ်းဆီးခိုင်းတယ်၊သတ်ဖြတ်ခိုင်းနေတယ်။ဦးနှောက်မရှိတဲ့လက်အောက်ခံစစ်ခွေးရဲခွေးတွေကလဲတသွေမတိမ်းလိုက်လုပ်ကြတယ်။သူလူ့သတ်လိုက်၊ကိုယ့်လူသတ်လိုက်နဲ့လူသတ်သံသရာရပ်ဝန်းကြီးတစ်ခုကတော့တဖြည်းဖြည်းနဲ့ဖြစ်ပေါ်လာတော့မယ်။

Read moreDetails

ဇွန် ၀၈၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကောင်စီကမိုခါမုန်တိုင်းသင့်ရခိုင်ပြည်နယ်မှာပြည်တွင်းပြည်ပအဖွဲ့အစည်းတွေခရီးသွားလာခွင့်ရပ်ဆိုင်းလိုက်တာကြောင့်အရေးပေါ်အကူအညီများလိုအပ်နေတဲ့ပြည်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ရခိုင်မှာကုန်ဈေးနှုန်းတွေတအားတက်နေပြီးပြင်ပကအကူအညီတွေလိုအပ်နေချိန်မှာအခုလိုစစ်ကောင်စီကတင်းကျပ်လိုက်တာပဲ။သူတို့ကိုယ်တိုင်လဲနိုင်ငံတချို့ကပေးအပ်တဲ့အကူအညီတွေကိုစနစ်တကျမစီမံနိုင်ပဲလာဘ်စားမှုတွေရှိနေတယ်။ ပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အိမ်ဆောက်ပစ္စည်းတွေဝယ်ယူရာမှာလဲကန့်သတ်ချက်တွေရှိနေတယ်။ရန်ကုန်အပါအဝင်တခြားမြို့တွေကသယ်ယူမယ့်အိမ်ဆောက်ပစ္စည်းတွေကိုစစ်ကောင်စီခန့်နယ်လုံဝန်ကြီးခွင့်ပြုချက်နဲ့တင်သွင်းနေရတယ်။ကိုယ်အိမ်ကိုယ်ပြန်ပြင်ဖို့သွပ်ဝယ်ရန်နယ်လုံဝန်ကြီးလက်မှတ်လိုတယ်တဲ့။မကြားဖူးတာတွေကြားနေရတယ်။

Read moreDetails
Page 102 of 235 1 101 102 103 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist